
၂၇-၁-၂၀၁၇
(၂၇-၁-၂၀၁၇)ရက်နေ့(၁၄၁၅)အချိန် ပုလောမြို့ ဘက်မှ မြိတ်မြို့ဘက်သို့ ယာဉ်မောင်း ဦးခင်မောင်ငွေ (၄၇)နှစ်(ဘ)ဦးကျော်ရှိန်၊ ၁၂ /လမန(နိုင် )၁၃၁၄၇၀၊ ဗမာ/ဗုဒ္ဓ၊ ရတနာပုံလမ်း ၊ သာကေတမြို့နယ် နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးတင်ထွန်းအောင်(၃၈) နှစ်၊ (ဘ)ဦးကြည် သာကေတမြို့နယ်၊ (၁၀၈) တောင်ဘုရားရှေ့ (၁၀)ရပ်ကွက်နေသူ လိုက်ပါ လာသည့် B/3456 (ဖူဆို )(၈)ဘီးကား၊ အနီရောင်ဆီပါ ဘောက်ဆာယာဉ်သည် တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်၊ ပလကျေးရွာ လမ်းဆုံသို့အရောက် ကားဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးရှိ ဒေါ်ချစ်ကြွယ် (၆၄)နှစ် (ဘ)ဦးကျော်လှိုင်၏ ဓနိမိုး၊ထရံကာ၊ အကြော်ရောင်းသည့်တဲအား ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည် ။ထိုသို့ တိုက်မိမှုကြောင့် ဒေါ်ချစ်ကြွယ်၏ မွေးစား သမီး မလင်းသူဇာ
(၂၃)နှစ်၊ ဦးဝင်းလှိုင်၊ ဈေးရောင်း သူတွင် ဝဲ/ယာဒူးခေါင်း
ပွန်းပဲ့ဒဏ်ရာ ၊ ဝဲပါးညိုမဲဒဏ်ရာ၊ ဦးခေါင်းနှောက်စေ့
ဖူးရောင်ဒဏ်၊ ဝဲချိုစောင်း ဖူးရောင်ဒဏ်ရာ
(မစိုးရိမ်ရ)တို့ရရှိပြီး အကြော်တဲနှင့် အကြော်ရောင်းသည့်
ဒန်အိုးဒန်ခွက်များ ပျက်စီးခဲ့ပြီး အနီးတွင်ရပ်ထားသည့်
ပလကျေးရွာနေ ဦးသန်းဇော်(၄၈)နှစ် ၊ (ဘ)ဦးငွေကြည်၏ Dream
-125(အပြာရောင် )ဆိုင်ကယ်အား တက်ကြိတ်မိခဲ့ရာ
ဆိုင်ကယ်ကြေမွပျက်စီးခဲ့ကြောင်းသိရသည်။

Labels: နေ့စဉ် သတင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home