Monday, January 30, 2017

မြောက်ဦးမြို့ မီးလောင်ရာတွင် အိမ်(၁၄)ဆောင်ခန့် ဆုံးရှုံး


ဇန်နဝါရီလ ၃၀ ရက်နေ့ ၊ ညနေ ၃ နာရီခွဲဝန်းကျင်က မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့မှုကြောင့် နေအိမ်(၁၄)လုံးခန့် ဆုံးရှုံးသွားကြောင်း ကနဦးသတင်းများအရ သိရသည်။
 “မီးတော့ ခုအချိန်ထိ မငြိမ်သေးပါဘူး။ အိမ်တော့ ၁၄ ဆောင်လောက် ကျွမ်းသွားပါပြီ။ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေက ရောက်နေပြီး မီးငြိမ်းသတ်နေပါတယ် ” ဟု မီးလောင်နေရာသို့ သွားရောက်နေသည့် မြောက်ဦးဒေသခံ ကိုခိုင်မင်းရှင် ကပြောသည်။
 
 လတ်ရှိအချိန်ထိ မီးမငြိမ်းနိုင်သေးကြောင်း သိရပြီ မီးလောင်မှုကြောင့် လူတစ်စုံတစ်တစ်ရာ ထိခိုက်မှုမရှိကြောင်းလည်း ကနဦးသတင်းများအရ သိရသည်။

ဓာတ်ပုံ - ခိုင်မင်းရှင်(မြောက်ဦး)
Development Media Group

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home