တရုတ်နှစ်သစ်ကူးကာလအတွင်း ပြည်သူများ ယွမ်ငွေ ဘီလီယံ ၄၆၀ ကျော် သုံးစွဲ

ပြီးခဲ့တဲ့တပတ် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်ပြည်သူတွေ ယွမ်ငွေ ဘီလီယံ ၄၆၀ ကျော်ဖိုး ငွေသုံးစွဲခဲ့ကြတယ်လို့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ငွေသုံးစွဲကတ်ကုမ္ပဏီကြီးက ပြောဆိုပါတယ်။
Online ကနေ ငွေပေးချေမှု သန်း ၃၄၀ ကျော် လုပ်ခဲ့ကြပြီး အရင်နှစ်ကထက် ၁၁ ရာခိုင်နှုန်း ကျော် တိုးတက်ခဲ့တာပါ။
ခရီးသွားလာမှုဝန်ဆောင်မှုအတွက် ငွေပေးချေ မှုတွေမှာ ၃၃ ရာခိုင်နှုန်း ကျော်ကတိုးမြှင့်လာပြီး အပန်းဖြေခရီးသွားဝန်ဆောင်မှုတွေအတွက် ငွေပေးချေမှု ၂၉ ရာခိုင်နှုန်း ကျော် တိုးတက်လာတာ ဖြစ်ပါတယ်။
ငွေပေးချေမှုအများစုဟာ စမတ်ဖုန်းတွေနဲ့ အင်တာနက်ကနေ ငွေပေးချေခဲ့ကြတာပါ။
အဲဒီလို အင်တာနက်ကနေ စမတ်ဖုန်းနဲ့ ငွေပေးချေမှုဟာ အရင်နှစ်ကထက် ၂၁ ဆ မြင့်တက်ခဲ့တယ်လို့ အင်တာနက်ငွေပေးချေမှု ၀န်ဆောင်မှုကုမ္ပဏီ UnionPay ကပြောဆိုပါတယ်။
တရုတ်နိုင်ငံသားတွေ အများအပြားသွားရောက်တဲ့ အာရှပစိဖိတ်ဒေသ၊ ဥရောပနဲ့ မြောက်အမေရိကန် နိုင်ငံတွေကို အင်တာနက်ကနေ ငွေပေးချေမှုလည်း သိသိသာသာ မြင့်တက်ခဲ့တယ်လို့လည်း UnionPay ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကြီးက ပြောဆိုပါတယ်။
ဒီၤဗီြဘီ
Labels: နေ့စဉ် သတင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home