Saturday, February 11, 2017

ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ကညင်မြိုင်ကျေးရွာအုပ်စုကညင်မြိုင်ကျေးရွာမန္တလေးမြစ်ကြီးနားလမ်းပေါ်တွင် ကားနဲ့ဆိုင်ကယ်တိုက်မိ

Image may contain: one or more people, motorcycle and outdoorမိုးကောင်း|ဖေဖေါ်ဝါရီ-၁၁
ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ကညင်မြိုင်ကျေးရွာအုပ်စုကညင်မြိုင်ကျေးရွာမန္တလေးမြစ်ကြီးနားလမ်းပေါ်တွင်ယနေ့နေ့လည်(၂း၃၀)နာရီကမိုးညှင်းဘက်မှယာဉ်မောင်းဦးလှိုင်ဝင်းထက်(ဘ)ဦးခင်မောင်သန်းမောင်းနှင်လာသော(8J2717)ဘိလပ်မြေတင်(၁၂)ဘီးယာဉ်နှင့်ဘီလူးမြို့ကန်တော်ကုန်းရပ်နေဦး
အောင်ညွန့်ဝင်း(ဘ)ဦးဘတင်(၄၀)နှစ်
မောင်းနှင်သောUni Star-125အနက်ေ
ရာင်(W)ဆိုင်ကယ်တို့မျက်နှာခြင်းဆိုင်တိုက်မိရာဦးအောင်ညွန့်ဝင်းဝဲမျက်ခုံးကွဲ|မျက်လုံးဖူးရောင်|ယာလက်ဖျံကျိုး|ဝဲခြေမရိုးကျိုးပေါက်ပြဲပြတ်ထွက်ဒဏ်ရာရရှိသဖြင့်အမှတ်(၁၀၁)ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှူး(မိုးကောင်း)ရဲအုပ်ဇေမျိုးဝင်းသယ်ဆောင်ပြီးမိုးကောင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသ၍ယာဉ်မဆင်မခြင်မောင်းနှင်သူဦးလှိုင်ဝင်းထက်နှင့်ဦးအောင်ညွန့်ဝင်းတို့နှစ်ဦးအားယာဉ်(ပ)၅/၂၀၁၇ရာဇသတ်ကြီးပုဒ်မ၃၃၇/၃၃၈ဖြင့်အမှုဖွင့်အရေးယူရန်ဆောင်ရွက်နေကြောင်းသိရသည်။

Image may contain: outdoor အလားတူ(၃း၃၀)နာရီတွင်လည်းတနိုင်းလမ်းမရမ်းကထောင်ကျေးရွာဘူးဂါးရာဘာခြံအနီး၌တနိုင်းဘက်မှမောင်းနှင်လာသော(YGN-7E/7617)
MISUBISHI PAJEROယာဉ်သည်ဝဲ

Image may contain: shoes ရှေ့ဘီးပေါက်ကာတစ်ဘက်ယာဉ်ကြောရောက်ပြီးလမ်းဘေးမြောင်းဘောင်တိုက်မိ၍ရှေ့ခြမ်းပျက်စီး|ဝဲတံခါးပျက်စီး|လေကာမှန်ကွဲတိမ်း
မှောက်ခဲ့သည်။တိမ်းမှောက်ရာတွင်ယာဉ်မောင်းသူနှင့်ဒါဏ်ရာရရှိသူမတွေ့သဖြင့်ယာဉ်အားမိုးကောင်းမြို့မရဲစခန်း
သို့သယ်ဆောင်ပြီးယာဉ်ပိုင်ရှင်ကိုစုံစမ်းလျှက်ရှိသည်။

Image may contain: 1 person, sitting သတင်းတင်သူ
San Win

မိုးကောင်း သတင်းမီဒီယာ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home