Tuesday, February 21, 2017

ဖုန်း Bluetooth ဖြင့် ကိုယ်ဝန်ရှိမရှိစစ်ဆေးနိုင်

Image result for Bluetooth-enabled pregnancy kit 
First Response ကနေတီထွင်တာဖြစ်ပါတယ်။ စမတ်ဖုန်းဖြစ်ဖြစ် တက်ဘလက်ဖြစ်ဖြစ်ရှိရင် ကိုယ်ဝန်ရှိ မရှိ စမ်းလို့ရပြီ။ ဆီးစစ်တံလေးကို စမတ်ဖုံးနဲ့ ချိတ်ဆက်လိုက်ရုံပါပဲ။ ၃ မိနစ်သာကြာမယ် ။ Qualcomm technology နည်းပညာကို သုံးထားတယ် ။ Pregnancy PRO Digital Pregnancy Test & App Access လို့ ခေါ်တယ်။

အဖြေစောင့်နေတုံးမှာလည်း Calm Me စိတ်အေးသက်သာရစရာဖြစ်ဖြစ် Educate Me ကိုယ်ဝန်နဲ့ မျိုးပွါး ပညာပေးဖြစ်ဖြစ် ကြည့်နေနိုင်ပါတယ်။ Entertain Me ကိုရွေးပြီး ဗီဒီယိုတခုခုကြည့်နေနိုင်ပါတယ်။ အဖြေက အနုတ်ပြရင် ကိုယ်ဝန်ရစေဘို့ အကြံကောင်းတွေပေးပါမယ်။ အပေါင်းပြရင် ခန့်မှန်မွေးမယ့်ရက် တွက်ပေးမယ် ။

တခုကို ၉ ဒေါ်လာနဲ့ ၁၅ ဒေါ်လာပေးရတဲ့ အမျိုးအစား ၂ ခုရှိတယ်။ ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၆၄% က စမတ်ဖုန်းသုံးနေကြတယ် ။

ဒေါက်တာတင့်ဆွေ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home