သန်လျင်တံတားပေါ်တွင် မော်တော်ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား
ရန်ကုန် ဇန်နဝါရီ ၂၈
သန်လျင်မြို့နယ် သန်လျင် တံတား တိုင်အမှတ် (၈) အနီး တံတားပေါ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်က သန်လျင် ဘက်မှ ရန်ကုန်ဘက်သို့ ရေသန့် ဘူးခွံများသယ်ဆောင်ကာ မောင်း နှင်လာသည့်လိုက်ထရပ်စ်ကိုယ်ပိုင် ယာဉ်တစ်စီးသည် အင်ဂျင်အပူ လွန်ကဲရာမှတစ်ဆင့် ဝိုင်ယာရှော့ခ် ဖြစ်ကာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွား ရာသို့ သာကေတမြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ သန်လျင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးစုစုပေါင်း မီးငြှိမ်းသတ်ယာဉ် လေးစီးထွက် ခွာငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁နာရီ ကျော်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရ သည်။
မီးလောင်မှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်းယာဉ် ၏ ဦးခေါင်းပိုင်းမီးလောင်ပျက်စီး ခဲ့ခြင်းကြောင့် တန်ဖိုးငွေကျပ် ငါး သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းနှင်သူ ဦးမောင်မောင်ဝင်း (၄၂နှစ်)ကို (ပ)၁၆၁ /၂ဝ၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၂၅၈ဖြင့် အမှုဖွင့် အရေးယူထားသည်။
ယူဒီနေ
The Union DailyLabels: မြန်မာ့သတင်း

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home