Monday, January 30, 2017

Miss Universe 2016 ပြိုင်ပွဲတွင် Winner ဆုကို ပြင်သစ်အလှမယ် ရရှိခဲ့ပြီး မြန်မာအလှမယ် ထက်ထက်ထွန်း National Costume ပြိုင်ပွဲ၌ Winner ဆု ရရှိ

Miss Universe 2016 ပြိုင်ပွဲတွင် Winner ဆုကို ပြင်သစ်အလှမယ် ရရှိခဲ့ပြီး ရုပ်သေးရုပ်အသွင် ၀တ်ဆင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအလှမယ် ထက်ထက်ထွန်းမှာ National Costume ၌ Winner ဆု ရရှိခဲ့ကြောင်း သိရသည်။

ယခင်က National Costume Winner ရရှိသူအား Miss Universe  ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပွဲစဉ်၌သာ ကြေညာခြင်းဖြစ်သော်လည်း ယခုနှစ်တွင်မူ ပြိုင်ပွဲမတိုင်မီ ကျင်းပသည့် ၀တ်စုံပြည့်လေ့ကျင့်မှု၌ မြန်မာအလှမယ် ထက်ထက်ထွန်းအား ရုပ်သေးရုပ်အသွင် ထပ်မံဝတ်ဆင်၍ တင်ဆက်ရန် ပြောကြားခဲ့ပြီးနောက် Winner အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာအလှမယ် ထက်ထက်ထွန်း၏ ရုပ်သေးမင်းသမီးအသွင် National Costume ကို ဒီဇိုင်နာ Gam Htoi Lazing က ဖန်တီးပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ထက်ထက်က အမြဲတမ်းလည်း ပြုံးနေတတ်တယ်။ မျက်နှာချိုချိုလေးက ရုပ်သေး ရုပ်ဟန်ပန်လေးနဲ့ လိုက်ဖက်တာကြောင့် ရုပ်သေးမင်းသမီး ပုံစံလေးလုပ်မယ်လို့ စဉ်းစားပြီး အတည်ပြုခဲ့တာပါ။ ရုပ်သေးမလေးချည်းပဲဆိုရင် အမြင်မဆန်းမှာ စိုးတဲ့အတွက် အနောက်က စင်ပါထည့်ဖို့ ဒီဇိုင်နာကပြောခဲ့တာပါ။ တကယ်တမ်း ၀တ်စုံပြည့်လေ့ကျင့်တဲ့နေ့မှာ ထက်ထက်ကို ရုပ်သေးရုပ်ပုံစံပြည့် ပြန်ဝတ်စေပြီး Winner is Myanmar လို့ ကြေညာလိုက်တော့ အရမ်းလည်း အံ့အားသင့်ပြီး ၀မ်းသာရပါတယ်။ မြန်မာအတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ရတဲ့ဆုလို့ ယုံကြည်ပါတယ်။ အဲဒီအတွက် ၀တ်စုံဖန်တီးပေးတဲ့ ဒီဇိုင်နာကိုရော၊ ကြိုးစားအားထုတ်ပေးတဲ့ ထက်ထက်ကို ကျေးဇူးတင်ပါတယ်။ ၀ိုင်းဝန်း အားပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”  ဟု Miss Universe Myanmar Organization ၏ National Director ဒေါ်စိုးယုဝေက ရှင်းပြခဲ့သည်။

Miss Universe 2016  ပြိုင်ပွဲတွင် ပြိုင်ပွဲကာလမတိုင်မီ အကြိုကျင်းပသည့် National Costume ပြိုင်ပွဲ၌ မြန်မာအလှမယ် ထက်ထက်ထွန်းက မြန်မာ့ရုပ်သေးမင်းသမီး ပုံစ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း သယ်ဆောင်လာသည့် စင်နောက်ခံ ကန့်လန့်ကာကို ဖွင့်လှစ်ပြသခြင်း၊ ရုပ်သေး အက ကပြခြင်းတို့ ပြုလုပ်ခဲ့ရာ စိတ်ဝင်စားအားပေးမှု များပြားခဲ့သည်။ မြန်မာအလှမယ် ထက်ထက်ထွန်း၏ National Costumeကို Missology အလှမယ် ၀က်ဘ်ဆိုက်ကလည်း အကောင်းဆုံး ၀တ်စုံအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ ပြိုင်ပွဲ နောက်ဆုံးရက်မတိုင်မီ ပြုလုပ်သည့် ၀တ်စုံပြည့် လေ့ကျင့်မှုတွင် မြန်မာအလှမယ်အား National Costume ရုပ်သေးရုပ်ဟန်ပန်အား ပြန်လည်ဝတ်ဆင်စေကာ Winner ဆုအဖြစ် ကြေညာပေးခဲ့ခြင်းဖြစ်သည်။

Miss Universe 2016 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် ထက်ထက်ထွန်းသည် ဆုတစ်ခုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ Miss Universe 2016 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ပြီးဖြစ်ကာ Winner ဆုကို ပြင်သစ်အလှမယ်က ရရှိခဲ့ပြီး 1st Runner Up ဆုကို ဟေတီနိုင်ငံ ကိုယ်စားပြုအလှမယ်က လည်းကောင်း၊ 2nd Runner Up ဆုကို ကိုလံဘီယာ ကိုယ်စားပြုအလှမယ်တို့က ရရှိခဲ့ကြောင်း သိရသည်။ မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ထက်ထက်ထွန်းမှာ ဇန်န၀ါရီ ၃၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
Writer: 
လင်းလင်းခိုင်

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home