ဖက်ခုတ်သွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် တိုင်းရင်းသူတစ်ဦး ဒါဏ်ရာရရှိ

ဖက်ခုတ်သွားစဉ်မိုင်းပေါက်ကွဲမှုကြောင့်အပြစ်မဲ့တိုင်းရင်းသူတစ်ဦးဒါဏ်ရာရရှိ
====================================
မိုးကောင်း ၊ ဖေဖော်ဝါရီ - ၈
ကချင်ပြည်နယ်၊မိုးကောင်းမြို့မှကချင်တိုင်းရင်းသူတစ်ဦးဒေသထွက်(တောင်ဇင်ဖက်)ဖက်ခုတ်သွားစဉ်မိုင်းပေါက်ကွဲထိမှန်ဒါဏ်ရာရရှိခဲ့ကြောင်းသိရသည်
ဖြစ်စဉ်မှာ
ဖေဖော်ဝါရီ(၇)ရက်နေ့၊နေ့လည်(၂)နာရီအချိန်ခန့်ကမိုးကောင်းမြို့၊နတ်ကြီးကုန်း(ရုံးဟောင်းအုပ်စု-၂)၊(နကက/၅၂၉)တွင်နေထိုင်သူဒေါ်ထု(၅၀)နှစ်၊(ဘ)ဦးမရမ်ရှောင်(ကချင်၊ခရစ်ယာန်)နှင့်ဒေါ်ဘောက်တောင်(၃၈)နှစ်၊(ဘ)ဦးလဗျလွမ်း(ရုံးဟောင်းအုပ်စု-၂)(ကချင်၊ခရစ်ယာန်)တို့နှစ်ဦးသည်
မိုးကောင်းမြို့၏အနောက်တောင်ဘက်၊လွဲလောကျေးရွာအုပ်စု၊မုန့်တောင်ကျေးရွာနှင့်(၂)မိုင်ခန့်အကွာရှိသိုက်ချောင်းရွာပျက်အနီးတောင်ပေါ်မှဖက်ခုတ်ပြီးလှည်းလမ်းအတိုင်းပြန်လာစဉ်တိုက်မိုင်းတစ်လုံးအားတိုက်မိပေါက်ကွဲသဖြင့်ဒေါ်ထု၏ဝဲဘက်/ယာဘက်ခြေသလုံးနှင့်ပေါင်တို့တွင်မိုင်းစများထိမှန်ခဲ့သည်
အတူပါလာသူဒေါ်ဘောက်တောင်မှတောင်ပေါ်အထိကျောကုန်းပိုးသယ်ဆောင်ကာလွဲလောကျေးရွာသို့လှည်းဖြင့်သယ်ဆောင်ခဲ့သည်
မိုးကောင်းပြည်သူ့ဆေးရုံသို့၎င်းနေ့ည(၁၀)နာရီအချိန်တွင်ရောက်ရှိပြီးဆေးဝါးကုသမှုခံယူကာအတွင်းလူနာအဖြစ်တက်ရောက်နေကြောင်းသိရသည်။ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
Labels: နေ့စဉ် သတင်း

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home