Tuesday, February 7, 2017

Facebook ပဲသုံးနေရင်းနဲ့ ရှိသမျှ ပိုက်ဆံတွေ ဘာလို့ အကုန်ကုန်သွားတာလဲ (Software Auto Update)

 http://www.viralgasp.com/wp-content/uploads/2014/12/cry.gif
သူ့အလိုလိုလို  Download တွေဆွဲပြီး ပိုက်ဆံတွေ ကုန်ကုန်သွားတာ ကြုံဖူးရင်တော့ ဒါလေး ဆက်ဖတ်ပါ။
သင့်ဖုန်းက အသစ်ဆိုရင် အလုံး၁၀၀မှာ ၁၀၀ လုံးဖြစ်တတ်ပါတယ် ..သူငယ်ချင်းလုပ်ပေးလို့ ကောင်းသွားတယ်  ဆိုင်က လုပ်ပေးလို့ ပိုက်ဆံ မကုန်တော့တာ ဆိုင်သွားပြကြ ။ဝယ်လာတဲ့ဆိုင်ဆိုတော့ ဟုတ်ပါရဲ့ တခြားဆိုင်ဆို ၅၀၀၀ တော့ သမ သွားတာမလား..။သိပ်ခက်တဲ့ မေးခွန်းမို့ ဆရာလုပ်တာတော့မဟုတ်ဘူး..။သူတို့ ဘာလုပ်လိုက်လို့ ၅၀၀၀ တန်သလဲ မသိရင်တော့ သိပ်ခက်ပါတယ် ကလစ်တချက်ပဲ ထောက်ရမယ့် နေရာကို မသိလို့ လိုက်ရှာတာ ၅ရက်လောက်ကြာဖူးတယ် အဲလောက်တော်တာ..။
              settings ထဲကိုဝင်ပါ   About Phone (About device) ကိုရှာဝင်ပါ   ဖုန်းတိုင်းက အောက်ဆုံးမှာ ရှိနေလိမ့်မယ် ။ Software Update ထဲဝင်ပါ..။ဒီနေရာမှာ နည်းနည်းရှင်းမယ်

1. Update (check for updates ) မိမိဖုန်းအတွက် သုံးထားတဲ့ apk တွေထဲက Update တင်လို့ရတဲ့ အရာတွေ ရှိမရှိစစ်ဆေး ဖို့ ဖြစ်ပါတယ် ..ဒီနေ့ ထွက်တဲ့ ဖုန်းကို မနက်ဖန်စစ်ကြည့် မရှိဘူး ဘတော့မှ မငြင်းဘူး ရှိတယ်ဆိုပြီး download ဆွဲပါလိမ့်မယ်..မြန်မာပြည်ရောက်လာတဲ့ ဖုန်းတွေက အနည်းဆုံး ၂လတော့ လမ်းမှာကြာခဲ့ကြဦးမှာဆိုတော့ သေချာတယ် ရှိမှာက... ဒါပေမယ့် တကယ်လိုအပ်လို့ ဖုန်းကို Update တင်ရမယ် ဆိုရင်တော့ အဲဒီနေရာက တင်ရပါလိမ့်မယ်။

2. Auto update တရားခံ အစစ်က အဲဒါပါပဲ လိုင်းမဖွင့် နဲ့ ဖွင့်တာနဲ့ အကုန်ဒေါင်းပြီး ရှိသမျှ ပိုက်ဆံကုန်ပါလိမ့်မယ်..။  အမှတ်ပြနေရင် ပုံထဲ ကအတိုင်းဖြုတ်ထားလိုက်ပါ..။

3. Wifi only အဆဲခံ အဆူခံ ပါးရိုက်ခံရမယ့် အကောင်ပါ  .. ငါ့ကို ၀ိုင်ဖိုင် လေး ခဏ ဖွင့်ပေးစမ်းပါဆိုပြီး သူငယ်ချင်းကို အကူညီလေး တောင်းလို့ ဟိုက သနားလို့ ခွဲပေးလိုက်တယ် ..။ ကိုယ့်ဖုန်းက Wifi တွေ့တာနဲ့ Auto download တွေ ကောက်ဆွဲတော့မှာ ပဲ သူငယ်ချင်းထဲ ရှိသမျှ ပိုက်ဆံ ပြောင်ရော  ..အမှတ်ဖြုတ်ပြီး ပိတ်ထားလိုက်ပါ..။
  လိုအပ်လာရင်မှ နံပတ် ၁ က check လုပ်ပြီး ဆွဲတာ က အကောင်းဆုံးပါပဲ...။
       
ဒီစာတမ်းလေးထောက်ပြီး Page လေး Like သွားပေးပါဦး
 လူနည်းနေလို့

ကျေးဇူးပါ   Publish by အခမဲ့

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home