Monday, February 20, 2017

အဲဒီမီးလောင်မှုက ခုထိ အဖြေက နှစ်မျိုးထွက်တုန်း

 
 အမြန်လမ်း အန်စာတုံး ကားမီးလောင်မှုမှာ အသက်ရှင်  လွတ်မြောက်ခဲ့တဲ့ စွပ်စွဲခံရသူကို စီအိုင်ဒီဘက် က စစ်ဆေးခဲ့ရာ အဖြေနှစ်မျိုး ထွက်နေကြောင်း သေဆုံးသူ အမျိုးသမီး တစ်ဦးရဲ့ ခင်ပွန်းဖြစ်သူက  သူသိသလောက်ကို ပြန် ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးသူ ကာယကံရှင်မိသားစုဝင်တွေ အကုန်လုံးကို စီ အိုင်ဒီ က အမှုနဲ့ ပတ်သက်ပြီး  စစ်ဆေးခဲ့ တယ်လို့ ဆိုပါတယ်။   ကားမီးလောင်မှုမှာ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကိုအောင်ခန့်အနေနဲ့ အမှတ်(၃) အမြန်လမ်း ရဲစခန်း ရဲ့ စစ်ဆေးမှုအပေါ် ထွက်ဆိုချက်အဖြေ တစ်မျိုးနဲ့ အခုစီ   အိုင်ဒီဘက်က စစ်ဆေးခဲ့ တဲ့ အပေါ်  နောက်ထပ်ထွက်ဆိုချက် အဖြေ တစ်မျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူ  အမျိုးသမီးတစ်ဦးရဲ့ ခင်ပွန်းကိုအောင်ဦးက “စီအိုင်ဒီ စစ်တဲ့အခါကျတော့ ကားဘီးပေါက်တာ မဟုတ်ဘူး ဆိုတဲ့ အဖြေတစ်ခု ထပ်ထွက်လာတယ်၊ ရှေ့က ကားကို ကျော်တက်တဲ့  အခါမှာ အရှိန်မထိန်းနိုင်ဘဲနဲ့ ဘေးက  လက်ရန်းတိုင်တွေကို ဝင်တိုက်မိပြီး အထဲကို နှစ်ပေခွဲ မြှုပ်ထားတဲ့ တိုင်ရှစ်တိုင် တိတိကိုအောင် ခန့် မောင်းတဲ့ ကားက ဝင်တိုက်သွားတယ်၊ ကားရဲ့ အောက်မှာ ဂလိုင်ပေါက်ဖြစ်သွားတယ်၊ ကားကိုယ်ထည်လဲ တစ်ပေခွဲလောက် ဝင်သွားတယ်ပြောတယ်၊ အဖြေ အမျိုးမျိုး ဖြစ်နေတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လက အမြန်လမ်း ရဲတပ်ဖွဲ့စစ် ဆေးမှုအပေါ် ကိုအောင်ခန့်ရဲ့  ထွက်ဆိုချက်အရ  ကားကို ကီလိုမီတာ ၁၀ဝ ကျော်  အနေအထားလောက်နဲ့ မောင်းလာတာ ဖြစ်ပြီး မောင်းတဲ့ အချိန်မှာ ကားဘီးပေါက် ပြီး  လမ်းလယ်ကြောကို ပွတ်ဆွဲသလို ဖြစ်ကာ ရပ်တဲ့ အချိန်မှာ ဆီတိုင်ကီ ပွတ်ဆွဲအားကြောင့်  ကားမီးလောင်မှု ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

အတည်မယူ

နောက်ပြီး ကိုအောင်ဦးရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကားပေါ် ကနေ နှစ်ယောက်ဆင်းလာတာ မြင်တယ်လို့ မျက်နှာဖုံးသတင်း တင်ခဲ့တဲ့  ပြည်တွင်း ဂျာနယ်တစ်ခုမှာ အမြန်လမ်းက တောင်သူ မျက်မြင် သက်သေ ခုနစ်ဦးကို မေးမြန်းပြီး သံသယ ဖြစ်ဖွယ်အကြောင်း အရာတွေကို ရေးသားခဲ့ပါတယ်။  သည်ကိစ္စနဲ့ ပတ်သက် ပြီး စီအိုင်ဒီဘက်က အမြန်လမ်းမှာ ရှိတဲ့ အဲသည် မျက်မြင် သက်သေခုနစ်ဦးထဲက လူသုံးဦးကို သွားရောက် စစ်ဆေးခဲ့ရာ လူနှစ်ယောက်ကို စစ်တဲ့အခါမှာတော့ ကိုအောင်ခန့်အပြင် နောက်ထပ် အမျိုးသား တစ်ဦး က ကားရဲ့ ခေါင်းခန်းကနေ ဆင်းလာတယ် ပြောပါတယ်။ နောက်မျက်မြင်တစ်ဦးကတော့ အဲသည်အမျိုးသားဟာ အောင်ခန့် မောင်းလာတဲ့ ကားပေါ်ကနေ ဆင်းပြီးညာဘက်ကို ပတ်နေကြောင်းထွက်ဆိုခဲ့ပါ တယ်။  ဒါပေမဲ့ သည်ထွက်ဆိုချက်တွေက မျက်မြင်သက်သေရွာသားတွေအနေနဲ့ ပညာအရည်အချင်းနိမ့်တာကြောင့် ထွက် ဆိုမှုတွေကို အတည်မယူခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
“ပညာအရည်အချင်းမတတ်လို့ဆိုပြီး သက်သေတွေကိုအတည်မယူပါဘူး၊ထည့် မတွက်ပါဘူးလို့ ပြောတယ်၊ ဒါစီအိုင်ဒီ ဘက်က နည်းနည်းမှားယွင်းတဲ့ ယူဆမှုလို့  မြင်မိတယ်၊ တရားဥပဒေ မှာ ပညာအရည် အချင်းကန့် သတ်တယ်ဆိုတာ မရှိဘူး” လို့ ကိုအောင်ဦးက မှတ်ချက်ချပါတယ်။

ဆန့်ကျင်ကွဲလွဲနေ

အမြန်လမ်း  ရဲတပ်ဖွဲ့နဲ့ စီအိုင်ဒီဘက် အ ပေါ် ကိုအောင်ခန့်ရဲ့ ထွက်ဆိုချက်မှာ ကားမီးမလောင်ခင်က ညာဘက်ယာဉ် မောင်းဘက်ကနေ ဆင်းပြီးတော့ ဘယ် ဘက်ကိုဝင်ပြီး ညှပ်နေတဲ့ သူ့ဆရာကို ဆွဲထုတ်ဖို့ ကြိုးစားပေမဲ့ မီးခိုးလုံးက အောက် က တက်လာတာကြောင့် မှန်ခွဲဖို့ ကြိုးစားခဲ့ရာ အချိန်မမီ ခဲ့တာ ဖြစ်ကြောင်းလို့ ကိုအောင်ခန့်ရဲ့ထွက်ဆိုချက်ကို ရဲအုပ် အောင် သင်း ဦးက ကုမုဒြာ ရဲ့ မေးမြန်းမှုအပေါ်  ရှင်းပြ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ မျက်မြင်သက်သေ ရွာသားခုနစ်ဦးရဲ့ ထွက်ဆိုချက်အရ ကိုအောင်ခန့်က ကားမှန်ခွဲပြီး ကယ်တယ်ဆိုတာ မမြင်ကြောင်း၊ နောက်ပြီး ကိုအောင်ခန့်နဲ့ အမျိုးသားတစ်ယောက်မှာ အေးဆေးစကား ပြောနေကြတာ ဖြစ်ပြီး သူတို့ဘက်က ကူဖို့ ကယ်ဖို့ အကူအညီ မတောင်းခဲ့တာကြောင့် ရွာသားတွေအနေနဲ့ သည်အတိုင်းကြည့်ခဲ့ ရတာဖြစ်ကာ ကိုအောင်ခန့်ကို သွားမေး ကြည့်တဲ့အခါမှသာ ကားထဲမှာ လူတွေပါ တယ်လို့ သူက ပြောခဲ့တယ်လို့ စီအိုင်ဒီ ရဲ့ စစ်ဆေးမှုအပေါ်  ထွက်ဆိုခဲ့တာ ဖြစ်ပါ တယ်။
ကိုအောင်ခန့်ကို ဖေဖော်ဝါရီလ မကုန်ခင် လှည်းကူး တရားရုံးမှာ ရုံးထုတ်စစ်ဆေး မှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၈းဝ၀ နာရီခန့်က အမြန်လမ်းမပေါ် ရှိ  ရန်ကုန်ဘက်အပြန် လေးမိုင်အကွာလောက်မှာ အန်စာတုံး ဟိုက်အေ့စ်ကားဘီးပေါက် ကာ ပလက်ဖောင်းကို ဝင်တိုက်မိပြီး မီးလောင်ကျွမ်းခဲ့ရာ ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါခဲ့တဲ့ ကိုးဦးမှာတစ်ဦးသာ  အသက်ရှင်လွတ်မြောက်ခဲ့ပြီး လူရှစ်ဦး မီးလောင် ကျွမ်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မီးလောင်ကျွမ်းတဲ့   ယာဉ်ပေါ်မှာ  သေဆုံးခဲ့တဲ့သူတွေကတော့ ရန်ကုန်မြို့ ဆဋ္ဌဂံ မြန်မာဆောက်လုပ်ရေးကုမဏီက အမျိုး သမီး ခုနစ်ဦးနဲ့ ကုမဏီရဲ့ စီအီးအိုအမျိုးသားတစ်ဦး စုစုပေါင်း ရှစ်ဦးဖြစ်ကြောင်း အမှတ်(၃) လမ်းဆုံ အမြန် လမ်း ရဲစခန်းက ရဲအရာရှိ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
Author မေဘယ်လ်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home