ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး
မန္တလေး မတ် ၈
ဆေးတက္ကသိုလ်(မန္တလေး) နောက်ဆုံးနှစ်အပိုင်း(က)ကျောင်း
သားတစ်ဦးအဆောင်အခန်းအတွင်း ယခုလ ၅ ရက် မွန်းလွဲပိုင်းက မိမိကိုယ်ကို
သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယခုလ ၅ ရက် မွန်းလွဲ ၂ နာရီ
မိနစ် ၂ဝ က ၂၉ လမ်းနှင့် ၃ဝ လမ်းကြား၊ ၇၃ လမ်းနှင့် ၇၄
လမ်းကြားရှိအဆောင်တွင် မောင်ဗိုလ်သူရဦး (အသက်၂ဝ) (၂)ရပ်ကွက်
ဘုရင့်နောင်လမ်း မတ္တရာမြို့နေသူ ဆေး တက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(က)သည်
သူငယ်ချင်းနှင့်အဆောင် အပေါ်ထပ် ရှေ့မျက်နှာစာအခန်းတွင် အတူနေထိုင်၍
စာမေးပွဲဖြေရန် ရှိပြီး စာသိပ်မရသေးသဖြင့် အခန်းတံခါးပိတ်ပြီး
စာကျက်နေခဲ့သည်။သူငယ်ချင်းမှာ အပြင်ထွက်၍ အအေးဝယ်ရန် အခန်းတံခါးဖွင့်ခိုင်းရာ
မောင်ဗိုလ်သူရဦးက ဖွင့်မပေးသဖြင့် တရုတ်ကတ်မှန်ကချောင်းကြည့် ရာ
အခန်းထုပ်တန်းတွင် နိုင်လွန်ကြိုးအပြာရောင်ဖြင့်ချည်လျက် လည်ပင်းတွင်
ကြိုးတန်းလန်းနှင့်တွေ့မြင်ရသဖြင့် လူမနေသည့် ဘေးချင်းကပ်အခန်းမှ
သစ်သားတန်းအား ချိုးဖျက်ဝင်ရောက်ရာ မောင်ဗိုလ်သူရဦးတွင်
လည်ပင်းညိုမည်းကြိုးဒဏ်ရာတွေ့ရပြီး သတိ မေ့နေသဖြင့်
အဆောင်နေသူငယ်ချင်းများအား အကူညီတောင်း၍
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
မိမိကိုယ်ကို ကြိုးဆွဲချသေကြောင်းကြံစည်၍ ဆေးရုံတက်ရောက် ကုသနေသည့်
မောင်ဗိုလ်သူရဦးမှာ ယခုလ ၆ ရက် နံနက် ၅ နာရီ ၁ဝ မိနစ်တွင်
သေဆုံးသွားခဲ့သည်။ မိမိကိုယ်ကို သေကြောင်းကြံစည် သူ မောင်ဗိုလ်သူရဦးအား
ချမ်းအေးသာစံမြို့မရဲစခန်း က(ပ)၇၆/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၉ ဖြင့်
အမှုဖွင့်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily
Labels: နေ့စဉ် သတင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home