Saturday, June 10, 2017
ယောက်ျား အလိုရှိသည် (ဟာသ)
၁။ အရက်မသောက်ရ
၂။ဆေးလိပ်မသောက်ရ
၃။မိန်းမမလိုက်စားရ
၎။ဖဲမရိုက်ရ
၅။အသက် ၄၅ထက်မကြီးရ
၆။လူပျိုဖြစ်ရမည်
Credit Ko Ko Naing
akhamaet.com
အသက် ၄၀ အပျိုကြီးတစ်ယောက် သတင်းစာထဲမှာ ကြော်ညာထည့်သည် “အားကိုးအားထိုက်ပြုလောက်သော ခင်ပွန်း အလိုရှိသည် ” တဲ့သတင်းစာမှာ ကြော်ညာထားသည်။ 😆😆😆
၁။ အရက်မသောက်ရ
၂။ဆေးလိပ်မသောက်ရ
၃။မိန်းမမလိုက်စားရ
၄။ဖဲမရိုက်ရ
၅။အသက် ၄၅ထက်မကြီးရ
၆။လူပျိုဖြစ်ရမည်
အထက်ပါအချက်လက်များပြည့်စုံပါက အောက်ပါလိပ်စာအတိုင်းဆက်သွယ်ပါ။
နောက်နေ့မနက်ရောက်တော့ အိမ်ရှေ့မှာ တံခါးလာခေါက်သည်။ ဖွင့်ကြည့်လိုက်တော့ အရက်ကို အလွန်အကျွံမူးနေေ အာင်သောက်ထားသောသူတစ်ယောက်ဖြစ်နေသည် ပါးစပ်တွင်ဆေးပေါလိပ်ခဲထားသည်။
အပျိုကြီးက မေးလိုက်သည် … ဘာကိစ္စတုန်း .. အာလေးရှာလေးနဲ့အမူးသမားပြန်ဖြေသည် ။ ဒီလိုပါ ကျုပ်သတင်းစာထဲ မှာ ခင်ဗျားကြော်ညာတွေ့လို့လာခဲ့တာပါ။
အပျိုကြီးက ၀မ်းသာအားရနှင့်
အပျိုကြီး – ရှင်!!!!!!! ဟုတ်လား ဒါဆိုရှင်က အရက်မသောက်တတ်ဘူးပေါ့
အမူးသမား – မှောက်သွားတဲ့ထိသောက်တယ်
အပျိုကြီး – ဟင် … ဒါဆို ဆေးလိပ်မသောက်တတ်ဘူးပေါ့
အမူးသမား – ခုတောင်ခဲထားတာမတွေ့ဘူးလား မပြတ်တမ်းသောက်တယ်
အပျိုကြီး – ဒါဆို ဖဲမရိုက်တတ်ဘူးပေါ့
အမူးသမား – အခုပဲဖဲဝိုင်းက ထလာတာ
အပျိုကြီး – မိန်းမတော့ မလိုက်စားတတ်လောက်ပါဘူး
အမူးသမား – သူငယ်ချင်းမိန်းမတောင်မရှောင်ဘူး
အပျိုကြီး – အသက်ကတော့ ၄၅နှစ်မကျော်သေးပါဘူးနော်
အမူးသမား – ၅၀ပြည့်တော့မယ် လပိုင်းပဲလိုတော့တယ်
အပျိုကြီး – ဒါဆို လူပျိုတော့ဟုတ်တယ်မလား
အမူးသမား – မိန်းမ ယူတာ နှစ်ယောက်ရှိပြီ ကွာရှင်းထားတာခုက
အပျိုကြီး – ဒါဆို ဘာလို့လာနေသေးတာလဲ သေနာကျရဲ့ %^&*$%$#
အမူးသမား – ကျုပ်ကိုမမျှော်လင့်နဲ့လို့လာပြောတာ … ။
Credit Ko Ko Naing
akhamaet.com
Labels:
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home