Friday, June 9, 2017

မိန္းကေလးတိုင္းအတြက္ အားေဆး (အားႏြဲ႔တဲ႔ မိန္းမသားမဟုတ္ပါ)

လြန္ခဲ့တဲ့ႏွစ္ေပါင္း(၃၀)ေက်ာ္ေလာက္က ေရးခဲ့တဲ့ ၀တၳဳရွည္တစ္ပုဒ္ကို ဖတ္ၿဖစ္ေတာ့ အဲဒီထဲမွာ 'အားႏြဲ႔တဲ့မိန္းမသား' ဆုိတဲ့ စကားလံုးကို ၾကိမ္ဖန္မ်ားစြာ အသံုးၿပဳထားတာ ေတြ႔ရပါတယ္။ အဲဒီဇာတ္လမ္းထဲမွာ ဘုရင္မအၿဖစ္ ပါ၀င္တဲ့ ဇာတ္ေဆာင္ကိုလည္း ဦးမေဆာင္ႏုိင္သူ၊ မုိက္မဲသူ၊ ဘ၀င္ၿမင့္သူအၿဖစ္ ပံုေဖာ္ထားတယ္။ ဒါေၾကာင့္ သူ႔ဘ၀လံုၿခံဳဖုိ႔အတြက္ ေယာက်ာ္းတစ္ေယာက္ မၿဖစ္မေန ယူဖို႔လုိတယ္ ဆုိတာမ်ိဳး ေၿပာထားတယ္။
လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကစာ ဆုိေတာ့လည္း ဒီေလာက္ေတာ့ ရွိမွာေပါ့။ ဇာတ္လမ္းသေဘာလည္း ပါမွာေပါ့ေလ။ တကယ္ေတာ့ ဒီလိုအယူအဆေတြက ခုခ်ိန္ထိေတာင္ ရွိေနၾကဆဲပါ။ ကုန္ကုန္ေၿပာရရင္ စစ္ဗုိလ္ခ်ဳပ္ၾကီးေတြနဲ႔ အန္တီစုန႔႔ဲကိုေတာင္မွ “ခင္ဗ်ားတုိ႔က ေယာက်ာ္းၾကီးတန္မဲ့၊ အားႏြဲ႔တဲ့ မိန္းမသားကို ဘယ္လုိ ဘာညာ” ေၿပာတတ္ၾကေသးတာ မဟုတ္လား။ မရုိေသ့စကားေၿပာရရင္ ဒီလူၾကီးေတြနဲ႔ အန္တီစု လူလူခ်င္း တုိက္ၾကခုိက္ၾကရင္ေတာ့ ဟုတ္တာေပါ့။ ဒါေပမဲ့ ႏွစ္ေပါင္းမ်ားစြာ ေနအိမ္အက်ယ္ခ်ဳပ္ခ်၊ စိတ္ဓါတ္စစ္ဆင္ေရးေတြလုပ္၊ နည္းမ်ိဳးစံုနဲ႔ ပုဂိၢဳလ္ေရးအပုပ္ခ်၊ မိသားစုလည္း တကြဲတၿပားၿဖစ္ရ၊ အဲဒါေတြၾကားထဲကေတာင္ ကိုယ့္ယံုၾကည္ခ်က္ကို မစြန္႔လႊတ္ခဲ့သူ၊ လက္နက္ရွိတဲ့လူေတြကို ဘာလက္နက္မွ မပါဘဲ အၾကမ္းမဖက္လမ္းစဥ္နဲ႔ အႏုိင္ယူခဲ့သူကို အားႏြဲ႔တယ္ဆုိေတာ့လည္း ရယ္ရအခက္၊ ငိုရအခက္။
အားႏြဲ႔တယ္ဆုိတာက ကုိယ္ခႏၶာသန္မာမႈကို ေၿပာတာေပ့ါေလ။ ဒါကလည္း သဘာ၀ပဲကုိး၊ ေယာက်ာ္းေလးတစ္ေယာက္မွာ ဖုိေဟာ္မုန္းထြက္လာရင္ ၾကြက္သားထု ၿဖစ္လာေပမဲ့ မေဟာ္မုန္းဆုိတာက မိန္းကေလးတစ္ေယာက္ရဲ႔ အသားအရည္ကို ႏူးညံ႔ေစတာမ်ိဳးကိုး။ ဒါေတာင္ ခုေနာက္ပိုင္း ၾကြက္သားေတြအေၿမွာင္းေၿမွာင္းနဲ႔ အမ်ိဳးသမီးေတြလည္း ရွိလာၿပီ။ စစ္မက္ၿဖစ္ပြါးတဲ့အခ်ိန္၊ သဘာ၀ေဘးသင့္တဲ့အခ်ိန္၊ ဒီလို တည္ၿငိမ္မႈပ်က္ၿပားသြားၿပီး တရားဥပေဒစုိးမိုးမႈ အားနည္းတဲ့ အေနအထားမ်ိဳးေတြမွာ အမ်ိဳးသမီးေတြဟာ ခြန္အားနည္းတာေၾကာင့္ အႏုိင္က်င့္ေစာ္ကားမႈေတြ ခံၾကရတယ္။ အထိခုိက္လြယ္ဆံုး လူအုပ္စု ၿဖစ္လာတယ္။ ဒါေၾကာင့္ အဲဒီလိုအခ်ိန္ေတြဆုိ အမ်ိဳးသမီးေတြကို ပုိၿပီး အကာအကြယ္ ေပးၾကရတယ္။
ဒါေပမဲ့ ဒီလုိမဟုတ္ဘဲ တည္ၿငိမ္မႈ၊ တရားဥပေဒစိုးမုိးမႈရွိေနတဲ့ အေနအထားမ်ိဳးမွာက် အားႏြဲ႔တယ္ဆုိတာက ေၿပာရခက္သြားၿပီ။ ဘာလို႔ဆိုေတာ့ ဒီေခတ္မွာ ခြန္အားၾကီးလို႔ အလုပ္ၿဖစ္တာ နပန္းသမားနဲ႔ ရုပ္ရွင္ထဲကလူၾကမ္းပဲ ရွိေတာ့တယ္။ အားလံုးက ပညာနဲ႔လုပ္ၾက၊ ယွဥ္ၾကတဲ့ေခတ္ ၿဖစ္ေနၿပီ။ (ေလးတဲ့ပစၥည္း သယ္တာ၊မတာ၊ ဒါေတြေတာ့ ကပ္မေၿပာၾကဖုိ႔ ေတာင္းပန္ပါရေစ) ဒါေၾကာင့္ ဒီေခတ္မွာ အားႏြဲ႔တယ္ဆုိတာဟာ ပညာမတတ္တာကို ေခၚတာၿဖစ္ပါတယ္။ ဒီေတာ့ အားႏြဲ႔သူက မိန္းမလည္း ၿဖစ္ႏုိင္တယ္၊ ေယာက်ာ္းလည္းၿဖစ္ႏုိင္တယ္။
ဟုိတစ္ေလာက ဆုိင္တစ္ဆုိင္မွာထုိင္ေနုတုန္း ကၽြန္ေတာ့္ေရွ႔ကေန ႏုိင္ငံၿခားသားစံုတြဲႏွစ္ေယာက္ ၿဖတ္ေလွ်ာက္သြားတယ္။ သူတုိ႔ထံုးစံအတုိင္း မိန္းကေလးၿဖစ္သူကလည္း သူ႔အထုပ္သူသယ္တာေပါ့။ အဲဒါကို ေနာက္ကလိုက္လာတဲ့ ၿမန္မာေကာင္ေလးႏွစ္ေယာက္က ကဲ့ရဲ႔ေနၾကတယ္။ ေယာက်ာ္းၿဖစ္ၿပီး မိန္းမကို အထုပ္သယ္ခုိင္းရသလား တဲ့။ ဒီမွာက အထုပ္ဆုိ ေယာက်ာ္းေလးေတြကပဲ သယ္ရဆြဲရတာ မ်ားတယ္။ မိန္းကေလးေတြကုိယ္တုိင္ကလည္း တခုခုဆုိ 'ငါတုိ႔က မိန္းကေလးေတြ' ဆုိတာမ်ိဳး လုပ္တတ္ၾကတာကုိး။ အဲဒီလို လူၿမင္ကြင္းမွာ “ညွာတာစရာ” ၿဖစ္ေနခဲ့တဲ့သူေတြဟာ အေမွာင္ထဲေရာက္တဲ့အခါ၊ လူသူကင္းေ၀းတ့ဲေနရာ ေရာက္တဲ့အခါက်ေတာ့ “အႏုိင္က်င့္စရာ”အၿဖစ္ ေၿပာင္းလဲရႈၿမင္ခံၾကရေတာ့တာေပါ့။
တစ္ခါကလည္း ကေလးထပ္မယူေတာ့ဘူးဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ကုိ ကုိယ္၀န္တားပစၥည္းတစ္ခု ထည္႔ေပးလိုက္တယ္။ ေနာက္ရက္က်ေတာ့ မ်က္ႏွာမွာ အညိဳအမဲစြဲၿပီး ၿပန္ေရာက္လာတယ္။ သူ႔ေယာက်ာ္းက "နင္ ဒါေတြသံုးတာ ငါ့ေနာက္ကြယ္မွာ လင္ငယ္ေနခ်င္လို႔လား" ဆုိၿပီး ရုိက္ႏွက္လိုက္တာတဲဲ့။ ကၽြန္ေတာ္တုိ႔က မခံႏုိင္လုိ႔ ေၿပာၾကေတာ့ သူက ၿပန္ေၿပာတယ္၊ "ကုိယ့္ေယာက်ာ္းက ခ်စ္လို႔ ဆံုးမတာပဲ ဆရာရယ္၊ လက္ခံရမွာေပါ့" တဲ့။
မိန္းမေကာင္းဆိုတာ လင္ေယာက်ာ္းကို စိတ္မၿငိဳၿငင္ရေအာင္ ၿပဳစုရမယ္၊ သူေၿပာတာ နာခံရမယ္၊ အလုပ္ထြက္လုပ္စရာ မလုိဘူး၊ အိမ္ေထာင္မႈႏုိင္နင္းရင္ ရၿပီ၊ အစရွိတဲ့ မိန္းမဆိုတာ တစ္ဆင့္နိမ့္တယ္ဆုိတဲ့ သတ္မွတ္ခ်က္ေတြကို အမ်ိဳးသမီးေတြကိုယ္တုိင္ လက္ခံထားၾကတာက ေတာ္ေတာ္ဆိုးပါတယ္။
ေခါင္းေဆာင္မႈနဲ႔ပတ္သက္ရင္လည္း ဒီလိုပဲ။ အဖြဲ႔အစည္းေတြမွာ အမ်ိဳးသမီးေတြ ဦးေဆာင္ၾကတဲ့အခါ ေတြေ၀တာ၊ မၿပတ္သားတာ၊ မဆံုးၿဖတ္ရဲတာေတြ ရွိတယ္။ အဲဒီအခါ မိန္းမေတြမွာ ဦးေဆာင္ႏုိင္စြမ္း မရွိဘူးလုိ႔ ထင္လာၾကေတာ့တာေပါ့။ တကယ္ေတာ့ ဒါဟာ ငယ္ငယ္ေလးကတည္းက ေနရာေပးမခံရတာ၊ ရဲရဲတင္းတင္း ေနခြင့္မရခဲ့တာ၊ ထံုးတမ္းစဥ္လာေတြေအာက္မွာ ပိၿပားေနခဲ့ရတာေတြနဲ႔ အမ်ားၾကီးသက္ဆုိင္မႈရွိပါတယ္။
ပံုၿပင္ေလးတစ္ပုဒ္ ဖတ္ဖူးတယ္။ ေမြးကင္းစ က်ားေပါက္ေလးတစ္ေကာင္ဟာ ကံဆုိးခ်င္ေတာ့ မိသားစုနဲ႔ ကြဲသြားၿပီး ဆိတ္ေတြၾကားထဲကို ေရာက္သြားသတဲ့။ အေနၾကာလာေတာ့ သူ႔ကုိယ္သူလည္း ဆိတ္လို႔ပဲ ထင္လာတယ္။ အသံထြက္တာေတာင္မွ က်ားတစ္ေကာင္လို မဟိန္းေဟာက္ႏုိင္ေတာ့ဘူး၊ 'ပဲပဲ ပဲပဲ'နဲ႔ပဲ အသံထြက္ေတာ့တယ္။ အေဖၿဖစ္တဲ့က်ားၾကီးနဲ႔ ၿပန္ေတြ႔ေတာ့မွ က်ားေပါက္ေလးကို ေရကန္အစပ္နား ေခၚသြား၊ ေရထဲမွာ ေပၚလာတဲ့ ကုိယ့္ပံုရိပ္ကုိ ၿမင္ေအာင္ၾကည္႔ခုိင္း၊ 'မင္းဟာ က်ားတစ္ေကာင္ၿဖစ္တယ္' လို႔အားေပးၿပီး က်ားလိုဟိန္းေဟာက္ခုိင္းတယ္။ အစပိုင္းေတာ့ 'ပဲပဲ ပဲပဲ' ပဲအသံထြက္တယ္။ ေနာက္ေတာ့ တၿဖည္းၿဖည္းနဲ႔ က်ားသံေပါက္လာၿပီး တကယ့္က်ားစစ္စစ္ ၿပန္ၿဖစ္သြားေတာ့သတဲ့။
အမ်ိဳးသမီးေတြရဲ႔အၿဖစ္ကလည္း အဲဒီက်ားေပါက္ေလးလုိပဲ။ တစ္ဆင့္နိမ့္တယ္ဆိုတဲ့ အၿမင္ေတြေအာက္မွာ အေနၾကာလာေတာ့ ကုိယ္ကုိယ္တုိင္ကပါ ကုိယ့္ကုိကုိယ္ က်ားဆုိတာ ေမ့သြားတယ္။ ငါတုိ႔က အားႏြဲ႔တယ္ေလ၊ အားကိုးရွိမွ၊ ေယာက်ာ္းကိုမွီခုိရမယ္၊ ဦးမေဆာင္ႏုိင္ဘူး၊ ငါတုိ႔ မလုပ္ႏုိင္ပါဘူး၊ ငါတို႔ဒီေလာက္ပဲ တတ္ႏုိင္တယ္ ဆုိၿပီး ကုိယ့္အစြမ္းအစကိုယ္ ပိတ္ပင္ပစ္လုိက္ၾကတယ္။
ဒါေၾကာင့္ ကုိယ့္ကိုကုိယ္ ၿမင္ေအာင္ၾကည္႔ၾကေစခ်င္တယ္။ တကယ္ေတာ့ အမ်ိဳးသမီးေတြဟာ အားႏြဲ႔သူေတြ မဟုတ္ၾကပါဘူး။
က်ားပီပီ အသံထြက္လာေအာင္ ဟိန္းေဟာက္ၾကည္႔ပါ။ စစခ်င္းေတာ့ 'ပဲပဲ ပဲပဲ' ဆုိတဲ့အသံပဲ ထြက္လိမ့္မယ္။ စိတ္ဓါတ္မက်ပါနဲ႔၊ ဒီလိုသတ္မွတ္ခ်က္ေတြေအာက္မွာ ဒီေလာက္အၾကာၾကီး ေနလာခဲ့ၾကမွပဲဟာ။ ဇြဲမေလွ်ာ့ဘဲ ၾကိဳးစားၾကည္႔။ တၿဖည္းၿဖည္းနဲ႔ ကုိယ့္အသံေတြ ဟိန္းထြက္လာလိမ့္မယ္။
မဟိန္းဘဲ ရွိရိုးလား၊ နဂုိမူလ သရုပ္အမွန္က က်ားေတြပဲကုိး။
ေဒါက္တာၿဖိဳးသီဟ
akhamaet.com
Unicode font
လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်လောက်က ရေးခဲ့တဲ့ ၀တ္ထုရှည်တစ်ပုဒ်ကို ဖတ်ဖြစ်တော့ အဲဒီထဲမှာ 'အားနွဲ့တဲ့မိန်းမသား' ဆိုတဲ့ စကားလုံးကို ကြိမ်ဖန်များစွာ အသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဘုရင်မအဖြစ် ပါ၀င်တဲ့ ဇာတ်ဆောင်ကိုလည်း ဦးမဆောင်နိုင်သူ၊ မိုက်မဲသူ၊ ဘဝင်မြင့်သူအဖြစ် ပုံဖော်ထားတယ်။ ဒါကြောင့် သူ့ဘဝလုံခြုံဖို့အတွက် ယောကျာ်းတစ်ယောက် မဖြစ်မနေ ယူဖို့လိုတယ် ဆိုတာမျိုး ပြောထားတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစာ ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့။ ဇာတ်လမ်းသဘောလည်း ပါမှာပေါ့လေ။ တကယ်တော့ ဒီလိုအယူအဆတွေက ခုချိန်ထိတောင် ရှိနေကြဆဲပါ။ ကုန်ကုန်ပြောရရင် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အန်တီစုနဲ့့ကိုတောင်မှ “ခင်ဗျားတို့က ယောကျာ်းကြီးတန်မဲ့၊ အားနွဲ့တဲ့ မိန်းမသားကို ဘယ်လို ဘာညာ” ပြောတတ်ကြသေးတာ မဟုတ်လား။ မရိုသေ့စကားပြောရရင် ဒီလူကြီးတွေနဲ့ အန်တီစု လူလူချင်း တိုက်ကြခိုက်ကြရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်၊ နည်းမျိုးစုံနဲ့ ပုဂ္ဂိုလ်ရေးအပုပ်ချ၊ မိသားစုလည်း တကွဲတပြားဖြစ်ရ၊ အဲဒါတွေကြားထဲကတောင် ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့သူ၊ လက်နက်ရှိတဲ့လူတွေကို ဘာလက်နက်မှ မပါဘဲ အကြမ်းမဖက်လမ်းစဉ်နဲ့ အနိုင်ယူခဲ့သူကို အားနွဲ့တယ်ဆိုတော့လည်း ရယ်ရအခက်၊ ငိုရအခက်။

အားနွဲ့တယ်ဆိုတာက ကိုယ်ခန္ဓာသန်မာမှုကို ပြောတာပေ့ါလေ။ ဒါကလည်း သဘာဝပဲကိုး၊ ယောကျာ်းလေးတစ်ယောက်မှာ ဖိုဟော်မုန်းထွက်လာရင် ကြွက်သားထု ဖြစ်လာပေမဲ့ မဟော်မုန်းဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်ကို နူးညံ့စေတာမျိုးကိုး။ ဒါတောင် ခုနောက်ပိုင်း ကြွက်သားတွေအမြှောင်းမြှောင်းနဲ့ အမျိုးသမီးတွေလည်း ရှိလာပြီ။ စစ်မက်ဖြစ်ပွါးတဲ့အချိန်၊ သဘာဝဘေးသင့်တဲ့အချိန်၊ ဒီလို တည်ငြိမ်မှုပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အနေအထားမျိုးတွေမှာ အမျိုးသမီးတွေဟာ ခွန်အားနည်းတာကြောင့် အနိုင်ကျင့်စော်ကားမှုတွေ ခံကြရတယ်။ အထိခိုက်လွယ်ဆုံး လူအုပ်စု ဖြစ်လာတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေဆို အမျိုးသမီးတွေကို ပိုပြီး အကာအကွယ် ပေးကြရတယ်။

ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုရှိနေတဲ့ အနေအထားမျိုးမှာကျ အားနွဲ့တယ်ဆိုတာက ပြောရခက်သွားပြီ။ ဘာလို့ဆိုတော့ ဒီခေတ်မှာ ခွန်အားကြီးလို့ အလုပ်ဖြစ်တာ နပန်းသမားနဲ့ ရုပ်ရှင်ထဲကလူကြမ်းပဲ ရှိတော့တယ်။ အားလုံးက ပညာနဲ့လုပ်ကြ၊ ယှဉ်ကြတဲ့ခေတ် ဖြစ်နေပြီ။ (လေးတဲ့ပစ္စည်း သယ်တာ၊မတာ၊ ဒါတွေတော့ ကပ်မပြောကြဖို့ တောင်းပန်ပါရစေ) ဒါကြောင့် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာဟာ ပညာမတတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီတော့ အားနွဲ့သူက မိန်းမလည်း ဖြစ်နိုင်တယ်၊ ယောကျာ်းလည်းဖြစ်နိုင်တယ်။

ဟိုတစ်လောက ဆိုင်တစ်ဆိုင်မှာထိုင်နေုတုန်း ကျွန်တော့်ရှေ့ကနေ နိုင်ငံခြားသားစုံတွဲနှစ်ယောက် ဖြတ်လျှောက်သွားတယ်။ သူတို့ထုံးစံအတိုင်း မိန်းကလေးဖြစ်သူကလည်း သူ့အထုပ်သူသယ်တာပေါ့။ အဲဒါကို နောက်ကလိုက်လာတဲ့ မြန်မာကောင်လေးနှစ်ယောက်က ကဲ့ရဲ့နေကြတယ်။ ယောကျာ်းဖြစ်ပြီး မိန်းမကို အထုပ်သယ်ခိုင်းရသလား တဲ့။ ဒီမှာက အထုပ်ဆို ယောကျာ်းလေးတွေကပဲ သယ်ရဆွဲရတာ များတယ်။ မိန်းကလေးတွေကိုယ်တိုင်ကလည်း တခုခုဆို 'ငါတို့က မိန်းကလေးတွေ' ဆိုတာမျိုး လုပ်တတ်ကြတာကိုး။ အဲဒီလို လူမြင်ကွင်းမှာ “ညှာတာစရာ” ဖြစ်နေခဲ့တဲ့သူတွေဟာ အမှောင်ထဲရောက်တဲ့အခါ၊ လူသူကင်းဝေးတဲ့နေရာ ရောက်တဲ့အခါကျတော့ “အနိုင်ကျင့်စရာ”အဖြစ် ပြောင်းလဲရှုမြင်ခံကြရတော့တာပေါ့။

တစ်ခါကလည်း ကလေးထပ်မယူတော့ဘူးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်တားပစ္စည်းတစ်ခု ထည့်ပေးလိုက်တယ်။ နောက်ရက်ကျတော့ မျက်နှာမှာ အညိုအမဲစွဲပြီး ပြန်ရောက်လာတယ်။ သူ့ယောကျာ်းက "နင် ဒါတွေသုံးတာ ငါ့နောက်ကွယ်မှာ လင်ငယ်နေချင်လို့လား" ဆိုပြီး ရိုက်နှက်လိုက်တာတဲဲ့။ ကျွန်တော်တို့က မခံနိုင်လို့ ပြောကြတော့ သူက ပြန်ပြောတယ်၊ "ကိုယ့်ယောကျာ်းက ချစ်လို့ ဆုံးမတာပဲ ဆရာရယ်၊ လက်ခံရမှာပေါ့" တဲ့။

မိန်းမကောင်းဆိုတာ လင်ယောကျာ်းကို စိတ်မငြိုငြင်ရအောင် ပြုစုရမယ်၊ သူပြောတာ နာခံရမယ်၊ အလုပ်ထွက်လုပ်စရာ မလိုဘူး၊ အိမ်ထောင်မှုနိုင်နင်းရင် ရပြီ၊ အစရှိတဲ့ မိန်းမဆိုတာ တစ်ဆင့်နိမ့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို အမျိုးသမီးတွေကိုယ်တိုင် လက်ခံထားကြတာက တော်တော်ဆိုးပါတယ်။

ခေါင်းဆောင်မှုနဲ့ပတ်သက်ရင်လည်း ဒီလိုပဲ။ အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ဦးဆောင်ကြတဲ့အခါ တွေဝေတာ၊ မပြတ်သားတာ၊ မဆုံးဖြတ်ရဲတာတွေ ရှိတယ်။ အဲဒီအခါ မိန်းမတွေမှာ ဦးဆောင်နိုင်စွမ်း မရှိဘူးလို့ ထင်လာကြတော့တာပေါ့။ တကယ်တော့ ဒါဟာ ငယ်ငယ်လေးကတည်းက နေရာပေးမခံရတာ၊ ရဲရဲတင်းတင်း နေခွင့်မရခဲ့တာ၊ ထုံးတမ်းစဉ်လာတွေအောက်မှာ ပိပြားနေခဲ့ရတာတွေနဲ့ အများကြီးသက်ဆိုင်မှုရှိပါတယ်။

ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ မွေးကင်းစ ကျားပေါက်လေးတစ်ကောင်ဟာ ကံဆိုးချင်တော့ မိသားစုနဲ့ ကွဲသွားပြီး ဆိတ်တွေကြားထဲကို ရောက်သွားသတဲ့။ အနေကြာလာတော့ သူ့ကိုယ်သူလည်း ဆိတ်လို့ပဲ ထင်လာတယ်။ အသံထွက်တာတောင်မှ ကျားတစ်ကောင်လို မဟိန်းဟောက်နိုင်တော့ဘူး၊ 'ပဲပဲ ပဲပဲ'နဲ့ပဲ အသံထွက်တော့တယ်။ အဖေဖြစ်တဲ့ကျားကြီးနဲ့ ပြန်တွေ့တော့မှ ကျားပေါက်လေးကို ရေကန်အစပ်နား ခေါ်သွား၊ ရေထဲမှာ ပေါ်လာတဲ့ ကိုယ့်ပုံရိပ်ကို မြင်အောင်ကြည့်ခိုင်း၊ 'မင်းဟာ ကျားတစ်ကောင်ဖြစ်တယ်' လို့အားပေးပြီး ကျားလိုဟိန်းဟောက်ခိုင်းတယ်။ အစပိုင်းတော့ 'ပဲပဲ ပဲပဲ' ပဲအသံထွက်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကျားသံပေါက်လာပြီး တကယ့်ကျားစစ်စစ် ပြန်ဖြစ်သွားတော့သတဲ့။

အမျိုးသမီးတွေရဲ့အဖြစ်ကလည်း အဲဒီကျားပေါက်လေးလိုပဲ။ တစ်ဆင့်နိမ့်တယ်ဆိုတဲ့ အမြင်တွေအောက်မှာ အနေကြာလာတော့ ကိုယ်ကိုယ်တိုင်ကပါ ကိုယ့်ကိုကိုယ် ကျားဆိုတာ မေ့သွားတယ်။ ငါတို့က အားနွဲ့တယ်လေ၊ အားကိုးရှိမှ၊ ယောကျာ်းကိုမှီခိုရမယ်၊ ဦးမဆောင်နိုင်ဘူး၊ ငါတို့ မလုပ်နိုင်ပါဘူး၊ ငါတို့ဒီလောက်ပဲ တတ်နိုင်တယ် ဆိုပြီး ကိုယ့်အစွမ်းအစကိုယ် ပိတ်ပင်ပစ်လိုက်ကြတယ်။

ဒါကြောင့် ကိုယ့်ကိုကိုယ် မြင်အောင်ကြည့်ကြစေချင်တယ်။ တကယ်တော့ အမျိုးသမီးတွေဟာ အားနွဲ့သူတွေ မဟုတ်ကြပါဘူး။

ကျားပီပီ အသံထွက်လာအောင် ဟိန်းဟောက်ကြည့်ပါ။ စစချင်းတော့ 'ပဲပဲ ပဲပဲ' ဆိုတဲ့အသံပဲ ထွက်လိမ့်မယ်။ စိတ်ဓါတ်မကျပါနဲ့၊ ဒီလိုသတ်မှတ်ချက်တွေအောက်မှာ ဒီလောက်အကြာကြီး နေလာခဲ့ကြမှပဲဟာ။ ဇွဲမလျှော့ဘဲ ကြိုးစားကြည့်။ တဖြည်းဖြည်းနဲ့ ကိုယ့်အသံတွေ ဟိန်းထွက်လာလိမ့်မယ်။ 
မဟိန်းဘဲ ရှိရိုးလား၊ နဂိုမူလ သရုပ်အမှန်က ကျားတွေပဲကိုး။

ဒေါက်တာဖြိုးသီဟ
akhamaet.com

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home