ဝန်ကြီးပြောတဲ့ သင်ကြားမှုစွမ်းရည်ဆိုတာ ဆရာ၊ ဆရာမတွေအတွက် မေခွန်းထုတ်စရာတွေက ?

ကျွန်မပညာရေးဌာနကို ဝင်တာ လုပ်သက် သုံးနှစ်ရှိပါပြီ။ ဒါပေမယ့် ပြင်ပအနေနဲ့ဆိုရင် ကျွန်မ လုပ်သက် ၈ နှစ်ရှိပါပြီ။ ကျွန်မအသက် ၁၆ နှစ်ကတည်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စာသင်ရင်း ဘွဲ့တစ်ခုရခဲ့တာပါ။ အခုဆို စာသင်သက် ၈ နှစ်ရှိပြီပေါ့။ ပညာရေးဌာနကို ဝင်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျောင်းစစ်ဆိုတဲ့ စစ်ဆေးရေးလာပါတယ်။ စာရင်းတွေရယ်၊ ကျွန်မတို့ရေးတဲ့ သင်ပြနည်းမှတ်စုရယ် နေ့စဉ်မှတ်တမ်းရယ် ကျောင်းခေါ်ချိန်ရယ် အဲဒါပဲ စစ်ပါတယ်။
ဒီနေ့ ဝန်ကြီးပြောတဲ့ သင်ကြားမှုစွမ်းရည်ဆိုတာ ကျွန်မတို့ရေးတဲ့ သင်ပြနည်းဆိုတဲ့ စာတွေကို စစ်မှာလား? ကျွန်မတို့ စာသင်တဲ့ပုံစံကို စစ်မှာလား? ကျွန်မလုပ်နုပါသေးတယ်။ မသိလို့မေးတာပါ။ ရေးတဲ့စာကိုပဲ ဆက်ပြီးစစ်မှာဆိုရင် ရှယ်ရေးပါ့မယ်။ သင်ကြားနည်း ၂၁ နည်းလုံးဝ မထပ်စေရဘူး။ သေချာရေးမှာ။ ကျွန်မလို စိတ်ကူးတဲ့သူတွေရော ရှိလား?
သင်ကြားမှုစွမ်းရည်ကို စစ်မှာဆိုရင် ဘယ်သူစစ်မှာလဲ? ကျောင်းအုပ်လား? မြို့နယ်ပညာရေးမှူးလား? ခရိုင်မှူးလား? ကျောင်းအုပ်စစ်မယ်ဆိုရင် ပထမဆုံး ကျောင်းတွေမှာ လက်ထောက်တွေနဲ့ကျောင်းအုပ်မတည့်တာ ရှိပါတယ်။ ကျောင်းအုပ်ကို စစ်ခိုင်းမှာဆိုရင် ကျောင်းတွင်းစစ်တွေ ဖြစ်လာနိုင်ပါတယ်။ မြို့နည်ပညာရေးမှူးကစစ်မှာဆိုရင်ရော ဘယ်လိုစစ်မှာလဲ? စာပဲစစ်မှာလား? စာသင်ခန်းမှာ ထိုင်ပြီးကြည့်ပြီး.စစ်မှာလား? အဲဒါလည်း မရှင်းဘူး။
စွမ်းဆောင်ရည်ညံ့ရင်အဝေးကိုပြောင်းပေးမယ်ဆိုတော့ အဝေးကဟာတေ မကောင်းတဲ့ ဆရာမနဲ့သင် ကောင်းတဲ့ဟာတွေတော့ မြို့ပေါ်တက် ကောင်းတဲ့ဆရာမနဲ့သင် ကောင်းသထက်ကောင်း အဲလိုလည်းမြင်တယ်။ ထားလိုက်ပါစို့ ဆရာမတွေက အားလုံးအကုန် အကုန် သင်ကြားမှုစွမ်းဆောင်ရည်တော်နေရင် အဝေးကို ဘယ်သူမှမသွားရတော့ဘူးပေါ့နော်။ ဒါကတော့ ဂလန့်မေးတာပေါ့နော်။ ဒါမျိုးက ဖြစ်ခဲပါလိမ့်မယ်။
နောက်ပြီး။ စာမေးပွဲရလဒ်က ကျောင်းသားရဲ့စွမ်းဆောင်ရည် တိုင်းတာ မဟုတ်ဘူး။
## “စာမေးပွဲရလဒ်သည် ကျောင်းသားရဲ့ စွမ်းဆောင်ရည်ကို ပြောတာမဟုတ်ဘူး။ ဆရာ၊ ဆရာမက ကျောင်းသားကျောင်းသူကို ဘယ်လောက်တတ်အောင် သင်ပေးနိုင်သလဲဆိုတဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူကို စာမေးပွဲချဖို့ မဟုတ်ပါဘူး။ ဒါကိုကျွန်တော်တို့သွားမှာ ဖြစ်ပါတယ်။##
ဆရာမရဲ့စွမ်းဆောင်ရည်တိုင်းတာဆိုရင် အထက်တန်းပြ ဆရာမတွေ အတော်ညံ့နေတယ်လို့ သုံးသပ်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မူလတန်း အလယ်တန်း မှာ တစ်နှစ်တစ်တန်းအောင်လာတဲ့ ကလေးတွေဟာ ဆယ်တန်းကျမှာ ကျတယ်ဆိုတော့ အထက်တန်းပြဆရာမတွေ အတော်ညံ့နေပါတယ်။ မူလတန်းပြနဲ့ အလယ်တန်းပြ ဆရာမတွေကတော့ အလွန်တော်နေပါတယ်ပေါ့။ စာမေးပွဲချရန်မလိုကြောင်းဆိုတော့ ဒီနှစ်ဆယ်တန်းမှာ အကျမရှိနိုင်ဘူးလို့ လတ်တလောယူဆရပါမည်လား?
စွမ်းဆောင်ရည်လည်း မရှိဘူး၊ စေတနာလည်း မရှိဘူး၊ အနစ်နာလည်း မရှိဘူးဆိုရင် ဝေးဝေးသွားပေတော့တဲ့ သူ့ထိုက်နဲ့ သူကံပဲတဲ့ ပြောရရင်တော့ အများကြီးပဲ ဘာနဲ့တိုင်းမှာလဲ အနစ်နာမခံတာ စေတနာမရှိတာကိုပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေပဲ တစ်ချို့က အပေါ်ယံ တစ်ချို့က စိတ်နှစ်ပြီး လုပ်တယ်။ တစ်ချို့က For show။ လူကဲခတ်ဖို့ကတော့ ခဏနဲ့မဖြစ်နိုင်ဘူး။
သူကိုယ်တိုင် လက်ဆောင်ပစ္စည်းမယူဘူးလို့ ဆိုပါတယ်။ သူ့ကိုယ်သူကတော့ အာမခံနိုင်မှာပေါ့။ ကျန်တဲ့သူကိုတော့ သူဘယ်လိုလုပ်မလဲ နှစ်ဦးနှစ်ဖက်ကျေနပ်လို့ ပေးပြီးယူပြီး လုပ်ထားတဲ့ကိစ္စကို ဘယ်သူကတော့ ကျွန်မဘယ်လောက်ပေးရပါတယ် သွားတိုင်မလဲ သွားပြောမလဲ။
မှားရင်လာပြောပါ ဘာကောင်မမှ မဟုတ်ပါဘူး။ မြင်သမျှပြောပြတာပါ။
cradit ... Phyu Phyu
Labels: ပညာရေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home