Wednesday, February 8, 2017

ချမ်းမြသာစည်မြို့နယ် သံလျှက်မော် တောင်ရပ်ကွက်တွင် အိမ်ခြေ ၁၈ လုံးမီးလောင်ကျွမ်းမှုဖြစ်ပွား


ချမ်းမြသာစည် ဖေဖော်ဝါရီ ၈

ချမ်းမြသာစည်မြို့နယ် သံလျှက်မော် တောင်ရပ်ကွက် အကွက် ၄၄၆ သနပ်ပင်ရပ်တွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ရွှေဖူးလွှာ ဓါတ်ပုံဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၁၈)လုံး မီးလောင်ကျွမ်းခဲ့သည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQaoTA3jz4HW1P_6nxO1k2XhwxVJDUPWPP0_gXgd6n-1CXJoKZJdJoqh8l-jOlDPug7dNNciNdzjKa0pp5sP1zm8cMSuCYhYhgnh-EQd5OGe62TWVqos7B82Xr9CeiGkMcE2qTAuYmpdM/s640/9.jpg
မီးလောင်ရာသို့ မီးသတ်ယာဉ် (၆၀)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၉နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၂)စု၊ ကျား(၅၄)ဦး ၊ မ(၅၄)ဦး ပေါင်း (၁၀၈)ဦး မီးဘေးသင့်ခဲ့ရာ မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့က ကြီးကြပ်၍ မီးဘေးသင့် ပြည်သူများအား သံလျှက်မော် တောင်ရပ်ကွက် သနပ်ပင်ရပ်ရှိ ဓါတ်ပေါင်းတော် ဓမ္မာရုံနှင့် ရွာလယ်ဓမ္မာရုံတို့တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home