Google က ၄င်းရဲ့ကောင်းကင်မျက်စိသဖွယ်တည်ရှိနေတဲ့ Terra Bella ကိုရောင်းခဲ့

၂၀၁၄ ခုနှစ်ကိုပြန်ကြည့်မယ်ဆိုရင် Google က Skybox Imaging လို့လူသိများကြတဲ့ ဂြိုလ်တုကနေပုံတွေကိုရိုက်ယူပေးနေတဲ့ Terra Bella ကုမ္ပဏီကို ဒေါ်လာသန်း၅၀၀ နဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ကမ္ဘာမြေကြီးရဲ့ပထဝီအနေအထားဓာတ်ပုံတွေကို အရည်အသွေးကောင်းကောင်းနဲ့ရိုက်ကူးပြီး Google Maps အတွက် အချက်အလက်တွေပေးပို့နိုင်မယ့် ဂြိုလ်တုအသေးစားတွေကိုထုတ်လုပ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ အခုတော့ Goolge/ Alphabet မှာ Skybox/ Terra Bella ရဲ့အခန်းကဏ္ဍကအဆုံးသတ်ဖို့ဖြစ်လာပြီး Alphabet က ဒီကုမ္ပဏီကို Planet Labs ဆီရောင်းချမယ်လို့ ကြေညာခဲ့ပါပြီ။
Planet Labs ဆိုတာကတော့ နာဆာသိပ္ပံပညာရှင်တွေတည်ထောင်ထားတဲ့ ဆန်ဖရန်စစ္စကိုအခြေစိုက် ပုဂ္ဂလိကဂြိုလ်တုဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ SkySat ဂြိုလ်တုနဲ့အတူ Tera Bella ကုမ္ပဏီကိုရရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာစည်းမျဉ်းသဘောတူညီမှုတွေရရချင်းပဲ Planet Labs က ၄င်းရဲ့ပစ္စည်းတွေမှာအသုံးပြုရမယ့် ကမ္ဘာမြေပေါ်ကပုံတွေနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို ဝယ်ယူမယ်ဆိုတဲ့ နှစ်ရှည်စာချုပ်ကို Google ကချုပ်တော့မှာပါ။
တရားဝင်သတင်းပို့စ်မှာတော့ Terra Bella ကိုရယူလိုက်တာဟာ ဖောက်သည်အသစ်တွေကို ဝန်ဆောင်မှုပိုပေးနိုင်အောင်နဲ့ ဈေးကွက်ကိုချဲ့ထွင်ဖို့ဖြစ်ကြောင်း Planet Labs က ဖော်ပြထားခဲ့ပါတယ်။ Terra Bella က ဝန်ထမ်းပေါင်းများစွာကိုတော့ Planet Labs မှာအကုန်လာပေါင်းပြီးတော့ အဖွဲ့အသစ်မှာ ၄င်းတို့လုပ်လက်စလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ကုမ္ပဏီကတော့ resolution မြင့်တဲ့ SkySat နက္ခတ်တာရာဂြိုလ်တု၇ခုကိုထပ်ပေါင်းထည့်လိုက်တာက ၄င်းတိုရဲ့ရှိပြီးသား resolution အသင့်အတင့်ရှိတဲ့ ဂြိုလ်တု၆လုံးနဲ့ကောင်းကောင်းအလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။တစ်ကမ္ဘာလုံးစာအတွက်ကတော့ ၃-၅မီတာ resolution ဖြစ်ပြီး အသစ်ထပ်ထည့်လိုက်တဲ့ ဂြိုလ်တုတွေကနေ ကမ္ဘာရဲ့သက်ဆိုင်ရာအပိုင်းပိုင်းတွေကိုခွဲပြီးတော့ တစ်နေရာချင်းစီရဲ့ update ဖြစ်နေတဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ပုံမှန်ရိုက်ပေးသွားမှာဖြစ်ပါတယ်။
Nwe Oo Thant (MMAS)
Labels: နေ့စဉ် သတင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home