Sunday, March 12, 2017

***တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာ မေးခွန်းအမှတ် ၂၀ ဖိုးခန့် ပေးထားချက် မပြည့်စုံမှုကြောင့် ကျောင်းသားအများစု မဖြေနိုင် စာစစ်မှူးချုပ်များ သဘောတူညီပါ က အမှတ်ပေးမည်ဟုဆို***

 ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ သင်္ချာဘာသာရပ်မေးခွန်း တွင် အမှတ် ၂၀ ဖိုးခန့်သည် ပေးထားချက် မပြည့်စုံခြင်းကြောင့် ကျောင်းသားအများစု ဖြေဆိုနိုင် ခြင်း မရှိခဲ့ကြောင်း သင်္ချာဆရာ အများစု၏ ပြောကြားချက်အရ သိ ရပြီး ယင်းအမှတ် ၂၀ ဖိုးခန့်အတွက် စာစစ်မှူးချုပ်များ သဘောတူညီပါက ဖြေဆိုသူအားလုံးကို အမှတ်ပေးမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။ "လောလောဆယ်တော့ ညွှန် ကြားချက် အတိအကျ မထွက်သေး ဘူး။ တကယ် လွဲမှားနေတာ မှန် ရင်တော့ ကျောင်းသားတွေ နစ်နာ မှု မရှိအောင် လုပ်ပေးမှာပါ။ စာ မစစ်ခင် စာစစ်မှူးချုပ်တွေ သဘော တူညီရင် အမှတ်ပေးမှာပေါ့" ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မတ်လ ၁၀ ရက်နေ့က ဖြေဆို ခဲ့သော သင်္ချာဘာသာရပ်မေးခွန်း တွင် မေးခွန်းအချို့၌ လိုအပ်ချက် အနည်းငယ် ရှိခဲ့ပြီး ပုစ္ဆာတွင် ပေး ထားချက်များ မပြည့်စုံခဲ့ခြင်းကြောင့် ကျောင်းသား အနည်းစု အဖြေ ထွက်သည်အထိ တွက်နိုင်ခဲ့သော် လည်း အများစုမှာ ယင်းပုစ္ဆာများ ကို မဖြေဆိုနိုင်ခဲ့ကြောင်း သိရ သည်။ "Calculation အရဆိုရင်တော့ မမှားဘူး။ အဖြေကတော့ တွက် လိုက်ရင် ထွက်တယ်။ သီအိုရီ သ ဘောတရားအရဆိုရင်တော့ မှား တယ်လို့ ပြောလို့ရတယ်။ ပုစ္ဆာ မှားတာတော့ မဟုတ်ဘူး။ မေးခွန်း မှာက ထောင့်စေ့အောင် မထည့် ထားတာကြောင့် တွက်ရင်တော့ အဖြေထွက်တယ်။ သီအိုရီအရ မှား တယ်။Tangent ပုစ္ဆာမှာဆိုရင် ပေး ထားချက်အတိုင်း တွက်လိုက်ရင် Tangent Equation က ထွက်လာ မှာပဲ။ ဒါပေမဲ့ ရလာတဲ့ အဖြေက Curve မှာ မရှိဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နေတာပေါ့။ သင်္ချာရှုထောင့် အရ ကြည့်ရင်တော့ မပြည့်စုံတဲ့ မေးခွန်း ဖြစ်နေတယ်။ ကိုယ်မေး ချင်တဲ့ မေးခွန်းမရောက်ဘူးပေါ့။ ပြည့်စုံလုံလောက်တဲ့ Condition မပါဘူး။ ပုစ္ဆာဆင်တာ မှားနေတာ ပေါ့"ဟု မြန်မာနိုင်ငံသင်္ချာ အ သင်း(ရန်ကုန်ရုံးခွဲ)၏ အတွင်းရေး မှူးဖြစ်သူ ရန်ကုန်အဝေးသင်တက္က သိုလ်၊ သင်္ချာဌာနမှ အငြိမ်းစား ပါမောက္ခဌာနမှူး ဒေါက်တာ တင် မောင်ဝင်းက ပြောကြားသည်။ အဆိုပါ မေးခွန်းမပြည့်စုံမှု အတွက် ပညာရေးအသိုင်းအဝိုင်း တွင် ဝေဖန်ထောက်ပြမှုများ ပေါ် ပေါက်နေပြီး ယင်းမေးခွန်းများအ တွက် ဖြေဆိုသူအားလုံးကို အမှတ် ပေးရန် တောင်းဆိုမှုများ ရှိနေ သည်။  Iဆုဆက်I

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home