Tuesday, March 21, 2017

အမှတ်(၄၂)အစုန်နှင့်​ အမှတ်​(၄၁)အဆန်​ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်


၎င်းရထားနှစ်စင်း ​​တိုက်​ခိုက်​မှူ​ကြောင့် ခရီးသည်​ နှင့် ၀န်​ထမ်းများ ထိခိုက်​မှု တစ်​စုံတစ်​ရာ လုံးဝ(လုံးဝ)ဖြစ်​ပွားမှု မရှိပါ။ စက်​​ခေါင်း​နှစ်ခုစလုံး၏ ​ရှေ့ပိုင်း တွဲချိတ်​ဆက်​ ကိရိယာသာ အနည်းငယ်​ ပျက်​စီးမှု ဖြစ်​​ခဲ့ပါသည်​။

ဖြစ်​စဉ်​ သိရသည်​မှာ အမှတ်​(၄၁)အဆန်​ စက်​​ခေါင်း​မောင်းသည်​ ကန်​ဘလူဘူတာတွင်​ ရပ်​တန့်ခြင်း မရှိပါဘဲ အမှတ်​(၂)မိန်းလမ်းမှ ​တောက်​​လျှောက်​ဖြတ်​သန်း ​မောင်းနှင်​သွားပြီး ကျွန်းလှဘူတာမှ ပုံမှန်​ထွက်​ခွာလာ​​သော (အဆက်အသွယ်ရ၍ ​​အချိန်မှီ ရပ်​တန့်​ထား​စဉ်​) အမှတ်​(၄၂)အစုန်​ လူစီးရထားအား ဝင်​​ရောက်​တိုက်​ခိုက်​မိခြင်း ဖြစ်​​ပါသည်​။


စစ်​ကိုင်းတိုင်း​ဒေသကြီး၊ အမှတ်​(၂)တိုင်း ရွာ​ထောင်​၊ ကျန်းလှ-ကန့်​ဘလူအကြား အမှတ် (၄၂)အစုန်​ လူစီးရထားနှင့်​ အမှတ်​(၄၁)အဆန်​ လူစီးရထား နှစ်​စီးသည်​ မိုင်​တိုင်​အမှတ် ၄၉၃/၃ကွေ့​ အ​ရောက်​ မတ်လ ၂၂ ရက်နေ့ ယနေ့ နံနက် (၀၄း၀၀) နာရီခန့်​တွင်​ မျက်​နှာချင်းဆိုင်​ တိုက်​ခိုက်​မှု ဖြစ်​ပွား​ကြောင်း သိရှိရပါသည်​။
 တိုက်ခိုက်​​မှု​ကြောင့်​ အမှတ်​(၄၁)အဆန်​ရထား၏ ရှေ့ဆုံးလူစီးတွဲမှ ဘီးနှစ်​ဘီး (စဉ်​-၂,၇)နှင့်​ အမှတ်​(၄၂)အစုန်​ရထား၏ ဒုတိယ​မြောက်​ လူစီးတွဲမှ ဘီးနှစ်​ဘီး (စဉ်​-၃,၆)တို့ လမ်း​ချော်​ကျခဲ့ပါသည်​။

ကျွန်းလှ-ကန့်​ဘလူ လမ်းပိုင်းအား အမြန်​ဖွင့်​လှစ်​နိုင်​​ရေး တာဝန်​ရှိသူများမှ ဆက်​လက်​လုပ်​ကိုင်​​နေပါ​ကြောင်း သတင်းရရှိပါသည်​။

ထွန်းဝင်းဟန်​(၂၂.၃.၂၀၁၇)
သစ်ထူးလွင်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home