သင့်ဖုန်း ရေစိုသွားခဲ့ပြီ ဆိုရင် ဒါတွေကို အမြန်လုပ်ပါ
ရေတွေပက်ကြတဲ့ သင်္ကြန်ပွဲတော်အတွင်းမှာ ကဲကြရင်း ဖုန်းတွေကို ရေ၀င်သွားတာ၊ ရေစိုသွားတာတွေကို ခဏခဏကြုံရတတ်ပါတယ်။ ဒီတော့ ဖုန်းတွေမတော်တဆ ရေစိုသွားခဲ့ရင် ဘာလုပ်မလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။
၁ - ရေစိုသွားပြီလို့ သိသိချင်း ဦးစွာဖုန်းဘက်ထရီ၊ ဆင်းကဒ်နဲ့ မန်မိုရီကဒ်တွေကို ဖြုတ်ထားလိုက်ပါ။ (ဘက်ထရီအသေဖြစ်ပါက အမြန်ဆုံးဖုန်းကို ပိတ်လိုက်ပါ၊ အချိန်ကြာသွားရင်တော့ မပိတ်ပါနဲ့တော့)
၂ - တခြားခလုပ်တစ်ခုကိုမှ မနှိပ်ပါနဲ့။
၃ - Dryer တွေ၊ လေမှုတ်စက်တွေနဲ့ မမှုတ်ပါနဲ့။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ရေတွေကို ဖုန်းအတွင်းပိုင်းသို့ ပိုမိုရောက်ရှိစေပါတယ်။
၎ - ဘက်ထရီနှင့် အစိတ်အပိုင်းတွေကို အလွယ်တကူဖြုတ်လို့ရပါက ဖြုတ်၍လေသလပ်ခံထားပါ။
၅ - အပြင်ဘက်ခြောက်သွားတဲ့ ဖုန်းကို ပြန်လည်တပ်ဆင်၍ (ဖြုတ်ထားပါက) ဆန်အိုးထဲသို့ ၂ ရက်၊ ၃ ရက်ခန့် ထည့်ထားပါ။ ဘက်ထရီအသေနဲ့ ဖုန်းတွေဆိုရင်လည်း ဒီတိုင်းဖုန်းကို ဆန်အိုးထဲထည့်ထားနိုင်ပါတယ်။ ဆန်ဟာ ဖုန်းအတွင်းပိုင်းက ရေငွေ့တွေကို စုပ်ယူနိုင်စွမ်းရှိပါတယ်။
Labels: ဗဟုသုတ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home