Tuesday, February 28, 2017

ကောင်မလေးတွေ ရင်ခုန်အောင်ဖမ်းစားနိုင်တဲ့ ကောင်လေးဆိုတာ ဘယ်လိုပုံမျိုးလဲ



သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် နေတတ်သူ
ကောင်မလေးတွေ ကြည့်လိုက်ရင် ရုပ်ချောနေတာထက် နေပုံထိုင်ပုံ သန့်ရှင်းတယ်၊ ဝတ်ပုံစားပုံလည်း သပ်ရပ်မယ်ဆို မျက်စိထဲ ကြည့်ကောင်းနေတာပါပဲ။ အင်္ကျီိကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး ဝတ်တယ်။ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိဘူးဆိုရင် ကြိုက်ဖို့ နေနေသာသာ အနားတောင် မကပ်ချင်ပါဘူး။ မုတ်ဆိတ်မွေးကိုလည်း ပြောင်ရှင်းနေအောင် ရိတ်ထားမယ်။ ဆံပင်ကိုလည်း စတိုင်ကျကျ ပုံမှန်ညှပ်တယ်။ ခြေသည်း၊ လက်သည်းတွေကို ပုံမှန် လှီးဖြတ်ထားမယ်။ ချိုင်းချွေးနဲ့ မနံအောင် ရေမွှေးနံ့ (သို့) Roll On သုံးထားမယ်။ ဒါတွေ အကုန်လုံး ပြည့်စုံတဲ့နေ့ဆိုရင် သေချာ သတိထားကြည့်ပါ။ ကောင်မလေးတွေနဲ့ အဆင်ပြေနေတာကို အံ့သြစရာကောင်းလောက်အောင် တွေ့ရပါလိမ့်မယ်။


ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံတဲ့သူ
အမြဲတမ်း ယဉ်ယဉ်ကျေးကျေး၊ ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောတတ်တယ်။ ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ အရမ်းကြိုက်တာပါ။ မိန်းကလေးတွေကို ဦးစားပေးတတ်မယ် ဆိုရင် ပိုလို့တောင် ကြွေသေးတယ်။ ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးတတ်တဲ့ ယောင်္ကျားလေးတွေက တကယ်ချစ်ဖို့ကောင်းပြီး လူကြီးလူကောင်း (Gentleman) အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။


စည်းကမ်းရှိရှိ စားတတ်သောက်တတ်သူ
အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် စားသောက်တတ်တဲ့သူတွေပေါ့။ အသန့်တအားကြိုက်တဲ့သူတွေကို မဆိုလိုပါဘူး။ စည်းကမ်းမရှိဘဲ လက်ကြီးနဲ့ ဟိုနှိုက်စား၊ ဒီနှိုက်စားလုပ်တာဆိုရင်တော့ ဂျောင်းလိုက်ပါတော့။


ကိုယ့်ရင်ထဲက စကားတွေကို အမြဲနားထောင်ပေးသူ
စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်၊ အခက်တွေ့နေတာတွေပဲ ဖြစ်ဖြစ် ပြောပြချင်တာတွေကို လက်ခံနားထောင်ပေးတတ်သူဆိုရင်လည်း သမီးတို့ အသည်း ဖြစ်လာနိုင်ပါတယ်။ ပေါက်ကရတွေချည်း ထိုင်ပြောမှာတော့ မကြောက်ပါနဲ့။ ကိုယ် ခိုက်နေတဲ့ ကောင်လေးကို ဘယ်သူက စိတ်ဒုက္ခ ပေးချင်မှာလဲနော်။
DUWUN

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home