Tuesday, June 13, 2017

အပ်ိဳၾကီးျဖစ္ဖို႔ဆိုတာ....


အခ်စ္စိတ္ေၾကာင္႔ျဖစ္ေပၚလာတဲ႕ဖိအားေတြကိုု လက္ခံဖိုု႕တြန္႔ဆုုတ္သူေတြကိုု အခ်စ္စိတ္ကိုု လက္မခံႏိုုင္သူမ်ားလိုု႕ဆိုုၾကပါတယ္။ ေျပာရရင္ေတာ႕ အပ်ိဳၾကီး၊ လူပ်ိဳၾကီး ဇာတာပါလာသူမ်ားေပါ႕ရွင္။

ကၽြန္မအျမင္မွာေတာ႕လူပ်ိဳၾကီး၊ အပ်ိဳၾကီးမ်ားဟာ တစ္ဦးနဲ႕တစ္ဦး ခ်စ္ခင္လာတဲ႕အခါ မလြဲမေသြေတြ႕ၾကံဳရမဲ႕ေသာက၊ ဒုုကၡစတာေတြကိုု ေရွာင္ရွားလိုုသူက မ်ားပါတယ္။

အပူမရွာခ်င္လိုု႕အပ်ိဳၾကီး လုုပ္ေနတာ ဆိုုတဲ႕ မွန္တဲ႕စကားလိုု႕
ကၽြန္မေတာ႕ယူဆမိပါတယ္။

တကယ္ပဲခ်စ္ျခင္းေၾကာင္႔ေတြ႕ၾကံဳရမဲ႕သည္းခံရျခင္း၊ နားလည္ေပးရျခင္း၊ ကိုုယ္႔အတၱကိုု စြန္႔လႊတ္ရျခင္း၊ ကိုုယ္႔ကိုုယ္ကိုု ထက္ခ်စ္သူကိုု ဦးစားေပးရျခင္း စတဲ႕စြန္႔လႊတ္မႈပိုုင္းဆိုုင္ရာမွာလည္း စိုုးရိမ္မႈ ေတြရွိၾကတယ္။

ကိုုယ္႔ကိုုယ္ကိုုထက္ အျခားတစ္ေယာက္ကိုု ပိုုခ်စ္ဖိုု႕ တြန္႔ဆုုတ္သူေတြ၊ ပိုုခ်စ္ဖိုု႕မျဖစ္ႏိုုင္တဲ႕ သူေတြကေတာ႕အပ်ိဳၾကီး၊ လူပ်ိဳၾကီး အျဖစ္သာ ရွင္သန္ၾကတာ မ်ားပါတယ္။

သူတုုိ႕အေနနဲ႕အခ်စ္ဆိုုတာ ကိုုယ္႔ေလာက္၊ ကိုုယ္႔ဘ၀ေလာက္ အေရးမပါပါဘူးလိုု႕စိတ္ထဲစြဲမွတ္ လက္ခံထားခဲ႕ၾကတယ္။ ဒီလိုု လက္ခံမႈျဖစ္ေပၚေစတဲ႕ပတ္၀န္းက်င္မွာ ၾကီးျပင္းခဲ႕ၾကရင္လည္း သူတုုိ႕မွာ ဒီိလိုု သေဘာထားအျမင္မ်ိဳး ျဖစ္သြားတတ္ပါတယ္။

ငယ္စဥ္ဘ၀တုုန္းက မိဘေတြရဲ႕အိမ္ေထာင္ေရး မသာယာမႈေတြကိုု ျမင္ေတြ႕ခဲ႕ရတာ၊ မိဘေတြရဲ႕မဆင္ျခင္တဲ႕ ေျပာဆိုုမႈေတြေၾကာင္႕ မိသားစုုဆိုုတာ အေရးမၾကီးပါဘူးလိုု႕ငယ္ကတည္းက လက္ခံနားလည္ခဲ႕ရတာေတြ၊ ကေလးဘ၀နဲ႕ မိဘေတြရဲ႕ အိမ္ေထာင္ပ်က္ဆီးသြားခ်ိန္မွာ နာက်င္ခံစားခဲ႕ရတာေတြက သူတိုု႕အတြက္ ဒဏ္ရာေတြ ျဖစ္လာခဲ႕တယ္။

အဲဒီလိုု ဒဏ္ရာေတြေၾကာင္႕သူတုုိ႕စိတ္ထဲမွာ အိမ္ေထာင္ျပဳရမွာကိုု စိုုးရိမ္သြားတဲ႕သူေတြကလည္း အပ်ိဳၾကီး၊လူပ်ိဳၾကီး ျဖစ္လာတတ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ႕မိခင္ကပဲျဖစ္ျဖစ္၊ ဖခင္ကပဲျဖစ္ျဖစ္ သားသမီးေတြကိုု ပစ္သြားတာမ်ိဳး ခံခဲ႕ရတဲ႕ကေလးငယ္ေတြအျဖစ္ကေန ၾကီးျပင္းလာခဲ႕ရသူေတြကလည္း လူပ်ိဳၾကီး အပ်ိဳၾကီး အျဖစ္နဲ႕ရွင္သန္လာၾကတာ မ်ားတယ္။

သူတုုိ႕စိတ္ထဲက ဒဏ္ရာ ျပင္းရင္ ျပင္းသေလာက္ သူတိုု႕ရဲ႕ အနာဂတ္ကိုု ထိခိုုက္ေစခဲ႕တာပါ။

ေနာက္တစ္မ်ိဳး ေတြ႕ရတာကေတာ႕အခ်စ္ေရးမွာ အဆင္မေျပမႈေတြနဲ႕ ၾကံဳေတြ႕ခဲ႕ရတဲ႕သူေတြ၊ သူတိုု႕ကလည္း ခ်စ္သူ အသစ္ ထပ္ေတြ႕ရင္လည္း ခုုလိုုပဲအဆင္မေျပမႈ ေတြရွိႏိုုင္ဦးမွာပဲ လိုု႕ယူဆၿပီး ခဲမွန္ခဲ႕ဖူးတဲ႕စာသူငယ္လိုု ျဖစ္သြားခဲ႔ရင္လည္း ရည္းစားထားဖိုု႕၊ ခ်စ္သူ ထားဖိုု႕ေၾကာက္သြားၾကတယ္။

အဲဒီစိတ္နဲ႕တစ္ေယာက္ေယာက္ကိုု ခ်စ္ခင္ဖိုု႕ယံုုၾကည္ဖိုု႕၊ဘ၀ကိုု ပံုုအပ္ဖိုု႕ ဆိုုတာ ခက္ခဲသြားတယ္။ အခ်စ္ေရးနဲ႕ကင္းကင္းေနရင္းနဲ႕ပဲ ဘ၀ကိုု ျဖတ္သန္းသြားၾကပါတယ္။

ေနာက္တစ္မ်ိဳးကေတာ႕ခ်စ္သူနဲ႕အိမ္ေထာင္ဖက္အေပၚ ထားတဲ႕ စံခ်ိန္စံညႊန္းဟာ သိပ္ျမင္႔လြန္းရင္လည္း အပ်ိဳၾကီး ျဖစ္သြားၾကတာ မ်ားပါတယ္။

ညီမ၀မ္းကြဲေလးတစ္ေယာက္ရွိတယ္ သူက ေမ ွ်ာ္လင္႔တာက သူနဲ႕လက္ထပ္မဲ႕သူက ပညာတတ္ရမယ္။ အလုုပ္အကိုုင္ကလည္း အမ်ားအက်ိဳးျပဳတဲ႕ အလုုပ္အကိုုင္မ်ိဳး ျဖစ္ရမယ္။ မိဘမ်ိဳးရိုုးထဲမွာလည္း အိမ္ေထာင္ေရး ေဖာက္ျပန္မႈ ရွိတာမ်ိဳးေတြ မရွိရဘူး။ တစ္လင္တစ္မယားစနစ္ကိုုသာ လက္ခံက်င္႔သံုုးတဲ႕ မိသားစုုမ်ိဳးကေန ဆင္းသက္လာသူ ျဖစ္ရမယ္။ေမာင္ႏွမသားခ်င္းနည္းပါးရမယ္။ ၿပီးေတာ႕မိဘေတြကိုုလည္း အိမ္ေထာင္ျပဳၿပီးရင္ လစဥ္ ဘယ္ေလာက္ ကန္ေတာ႕မယ္ဆိုုတာမ်ိဳးကိုု ႏွစ္ဦးသေဘာတူသတ္မွတ္ႏိုုင္ရမယ္။ ညီအကိုုေမာင္ႏွမသားခ်င္းေတြကိုု တာ၀န္ယူေထာက္ပံ႕တာမ်ိဳး မလုုပ္ရေတာ႕ဘူး…ဆိုုတဲ႕ အခ်က္ေတြနဲ႕သတ္မွတ္ထားပါတယ္

အဲလိုုနဲ႕ ေနာက္ဆံုုးမွာေတာ႕သူလိုုခ်င္တဲ႕စံႏႈန္းနဲ႕ျပည္႔မီွတဲ႕သတိုုးသား
ရွာမေတြ႕တဲ႕အတြက္ ရွိေနတာကိုုလည္း လက္မခံႏိုု္င္တဲ႕သူမသည္လည္း
အပ်ိဳၾကီးပဲျဖစ္ရပါတယ္။

ေနာက္တစ္မ်ိဳးကေတာ႕ ကိုုယ္႔မိဘနဲ႕ေမာင္ႏွမသားခ်င္းေတြရဲ႕တာ၀န္ကိုု လိုုတာထက္ပိုုယူေနတဲ႕သူေတြကလည္း လူပ်ိဳၾကီး အပ်ိဳၾကီး ျဖစ္ေလ႔ရွိတယ္။

အသိေမာင္ေလး တစ္ေယာက္ရွိတယ္။ သူက သူ႕ရဲ႕မိဘေတြရဲ႕တာ၀န္ကိုုယူထားသလိုု၊ သူ႕ရဲ႕အကိုုက ေမြးတဲ႕ကေလးေတြကိုုပါ ေက်ာင္းထားဖိုု႕တာ၀န္ယူထားတယ္။

ဘာျဖစ္လိုု႕ကိုုယ္႔တူေတြတူမေတြကိုုပါ တာ၀န္ယူတာလဲလိုု႕ေမးဖူးတယ္။ သူက ေျဖတယ္။ အကိုုက အရက္ေသာက္ေတာ႕သူ႕သားသမီးေတြကိုု တာ၀န္မယူႏိုုင္ဘူးေလ၊ အဲေတာ႕မရီးက လည္း တာ၀န္မယူႏိုုင္ေတာ႕ကၽြန္ေတာ္ကပဲ တာ၀န္ယူရတာေပါ႕ႏိုု႕မိုု႔ရင္ သူတိုု႕ကေလးေတြဘ၀ လမ္းေပၚေရာက္ကုုန္မွာေပါ႕တဲ႕….။

အဲဒါနဲ႕ မင္းခ်စ္သူနဲ႕မင္း ဘယ္ေတာ႕လက္ထပ္ျဖစ္ဦးမွာလဲ ဆိုုေတာ႕ဒီကေလးေတြဆယ္တန္းေအာင္ၿပီး အေျခက်တဲ႕အခ်ိန္ေပါ႕၊ ကၽြန္ေတာ္႕ေကာင္မေလးကိုု ေစာင္႔ခိုုင္းထားတယ္..လိုု႕သူက ေျဖပါတယ္။

ကၽြန္မစိတ္ထဲမွာေတာ႕အဲဒီေကာင္မေလးကိုု သနားစာနာမိတယ္။ သူ႕ခမ်ာ ေစာင္႔ႏိုုင္ပါဦးမလား။ ဒီေကာင္ေလးနဲ႕ခ်စ္သူသက္တမ္း ၅ ႏွစ္ရွိၿပီ၊ ေနာက္ထပ္ ဘယ္ႏွႏွစ္ေလာက္ေစာင္႔ရဦးမလဲ ဆိုုတာ ေတြးမိၿပီး ေကာင္မေလးကိုု သနားမိတယ္။

ကိုုယ္႔တာ၀န္ ကိုုယ္မယူတဲ႕လူ႕အမွိဳက္ေတြရဲ႕တာ၀န္ကိုုပါ ပူးတြဲယူရတဲ႕ သူေတြ၊ အဲလိုု အတၱၾကီးတဲ႕ မိသားစုု၀င္ေတြၾကားထဲကေန ရုုန္းမထြက္ႏိုု္င္တဲ႕အခါ
ကိုုယ္႔မိသားစုုဘ၀ကိုု မတည္ေထာင္ႏိုုင္ေတာ႕ဘဲနဲ႕သူမ်ားမိသားစုုအတြက္ ေပးဆပ္သူေတြ ျဖစ္ကုုန္ရင္လည္း လူပ်ိဳၾကီး အပ်ိုုၾကီး ျဖစ္တတ္ပါတယ္။

လူပ်ိဳၾကီး အပ်ိဳၾကီး ျဖစ္ၾကရတဲ႕ အေၾကာင္းရင္းေတြထဲမွာ အမ်ားစုုကေတာ႕အေျခအေနထက္ ကိုုယ္ကိုုယ္တိုုင္က ဒီလိုုပဲေနခ်င္လိုု႕ေရြးခ်ယ္ေနထိုုင္ရင္း ျဖစ္လာတဲ႕သူ မ်ားပါတယ္။

ကၽြန္မအေနနဲ႕ကေတာ႕ ကိုုယ္႔ပတ္၀န္းက်င္မွာ ကိုုယ္႔အသက္အရြယ္မွာ ေတြ႕ျမင္လာရတာေတြကိုု ျပန္လည္ မ ွ်ေ၀လိုုက္တာပါရွင္။
ဘာေၾကာင္႔ပဲအပ်ိဳၾကီး ျဖစ္ျဖစ္ပါ၊ အပ်ိဳၾကီး လူပ်ိဳၾကီးေတြမွာေတာ႕အိမ္ေထာင္ရွိသူေတြလိုု ပူပင္ေသာက နည္းပါးၿပီး စိတ္ပိုု္င္း ဆိုုင္ရာလြတ္လပ္ၾကတာကေတာ႕အမွန္ပါပဲ။

ၿပီးေတာ႕ လူမႈေရးနဲ႕ဘာသာေရးပိုုင္းကိုုလည္း အိမ္ေထာင္ရွိသူေတြထက္ ပိုုၿပီး အခ်ိန္ယူ လုုပ္ေဆာင္ႏုုိင္တဲ႕အတြက္ ထူးျခားတဲ႕စိတ္ပိုု္င္းဆိုုင္ရာ လြတ္လပ္မႈေတြနဲ႕ရွင္သန္ၾကရပါတယ္။

တစ္ဘက္ကလည္း ကိုုယ္ပိုု္င္မိသားစုုမရွိျခင္းရဲ႕မျပည္႔စံုုမႈနဲ႕
ခ်ိဳ႕တဲ႕မႈကိုုေတာ႕လက္ခံရတာေပါ႕ရွင္။

ကိုုယ္႔ဘ၀နဲ႕မိသားစုုဘ၀ မလဲႏိုုင္လိုု႕ လူပ်ိဳၾကီး လုုပ္ေနတာလိုု႕ဆိုုၾကတာလည္း
မွားတယ္လိုု႕ေတာ႕ မဆိုုလိုုခ်င္ပါဘူး။

ေက်းဇူးတင္ပါတယ္။
ေမသၾကၤန္ဟိန္(ျမစ္မခ)
akhamaet.com
Unicode font

အချစ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဖိအားတွေကိုု လက်ခံဖိုု့တွန့်ဆုုတ်သူတွေကိုု အချစ်စိတ်ကိုု လက်မခံနိုုင်သူများလိုု့ဆိုုကြပါတယ်။ ပြောရရင်တော့ အပျိုကြီး၊ လူပျိုကြီး ဇာတာပါလာသူများပေါ့ရှင်။

ကျွန်မအမြင်မှာတော့လူပျိုကြီး၊ အပျိုကြီးများဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်လာတဲ့အခါ မလွဲမသွေတွေ့ကြုံရမဲ့သောက၊ ဒုုက္ခစတာတွေကိုု ရှောင်ရှားလိုုသူက များပါတယ်။ 

အပူမရှာချင်လိုု့အပျိုကြီး လုုပ်နေတာ ဆိုုတဲ့ မှန်တဲ့စကားလိုု့
ကျွန်မတော့ယူဆမိပါတယ်။ 

တကယ်ပဲချစ်ခြင်းကြောင့်တွေ့ကြံုရမဲ့သည်းခံရခြင်း၊ နားလည်ပေးရခြင်း၊ ကိုုယ့်အတ္တကိုု စွန့်လွှတ်ရခြင်း၊ ကိုုယ့်ကိုုယ်ကိုု ထက်ချစ်သူကိုု ဦးစားပေးရခြင်း စတဲ့စွန့်လွှတ်မှုပိုုင်းဆိုုင်ရာမှာလည်း စိုုးရိမ်မှု တွေရှိကြတယ်။

ကိုုယ့်ကိုုယ်ကိုုထက် အခြားတစ်ယောက်ကိုု ပိုုချစ်ဖိုု့ တွန့်ဆုုတ်သူတွေ၊ ပိုုချစ်ဖိုု့မဖြစ်နိုုင်တဲ့ သူတွေကတော့အပျိုကြီး၊ လူပျိုကြီး အဖြစ်သာ ရှင်သန်ကြတာ များပါတယ်။

သူတုုိ့အနေနဲ့အချစ်ဆိုုတာ ကိုုယ့်လောက်၊ ကိုုယ့်ဘဝလောက် အရေးမပါပါဘူးလိုု့စိတ်ထဲစွဲမှတ် လက်ခံထားခဲ့ကြတယ်။ ဒီလိုု လက်ခံမှုဖြစ်ပေါ်စေတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြရင်လည်း သူတုုိ့မှာ ဒီိလိုု သဘောထားအမြင်မျိုး ဖြစ်သွားတတ်ပါတယ်။

ငယ်စဉ်ဘဝတုုန်းက မိဘတွေရဲ့အိမ်ထောင်ရေး မသာယာမှုတွေကိုု မြင်တွေ့ခဲ့ရတာ၊ မိဘတွေရဲ့မဆင်ခြင်တဲ့ ပြောဆိုုမှုတွေကြောင့် မိသားစုုဆိုုတာ အရေးမကြီးပါဘူးလိုု့ငယ်ကတည်းက လက်ခံနားလည်ခဲ့ရတာတွေ၊ ကလေးဘဝနဲ့ မိဘတွေရဲ့ အိမ်ထောင်ပျက်ဆီးသွားချိန်မှာ နာကျင်ခံစားခဲ့ရတာတွေက သူတိုု့အတွက် ဒဏ်ရာတွေ ဖြစ်လာခဲ့တယ်။

အဲဒီလိုု ဒဏ်ရာတွေကြောင့်သူတုုိ့စိတ်ထဲမှာ အိမ်ထောင်ပြုရမှာကိုု စိုုးရိမ်သွားတဲ့သူတွေကလည်း အပျိုကြီး၊လူပျိုကြီး ဖြစ်လာတတ်ပါတယ်။

နောက်တစ်ချက်ကတော့မိခင်ကပဲဖြစ်ဖြစ်၊ ဖခင်ကပဲဖြစ်ဖြစ် သားသမီးတွေကိုု ပစ်သွားတာမျိုး ခံခဲ့ရတဲ့ကလေးငယ်တွေအဖြစ်ကနေ ကြီးပြင်းလာခဲ့ရသူတွေကလည်း လူပျိုကြီး အပျိုကြီး အဖြစ်နဲ့ရှင်သန်လာကြတာ များတယ်။

သူတုုိ့စိတ်ထဲက ဒဏ်ရာ ပြင်းရင် ပြင်းသလောက် သူတိုု့ရဲ့ အနာဂတ်ကိုု ထိခိုုက်စေခဲ့တာပါ။

နောက်တစ်မျိုး တွေ့ရတာကတော့အချစ်ရေးမှာ အဆင်မပြေမှုတွေနဲ့ ကြံုတွေ့ခဲ့ရတဲ့သူတွေ၊ သူတိုု့ကလည်း ချစ်သူ အသစ် ထပ်တွေ့ရင်လည်း ခုုလိုုပဲအဆင်မပြေမှု တွေရှိနိုုင်ဦးမှာပဲ လိုု့ယူဆပြီး ခဲမှန်ခဲ့ဖူးတဲ့စာသူငယ်လိုု ဖြစ်သွားခဲ့ရင်လည်း ရည်းစားထားဖိုု့၊ ချစ်သူ ထားဖိုု့ကြောက်သွားကြတယ်။

အဲဒီစိတ်နဲ့တစ်ယောက်ယောက်ကိုု ချစ်ခင်ဖိုု့ယုံုကြည်ဖိုု့၊ဘဝကိုု ပုံုအပ်ဖိုု့ ဆိုုတာ ခက်ခဲသွားတယ်။ အချစ်ရေးနဲ့ကင်းကင်းနေရင်းနဲ့ပဲ ဘဝကိုု ဖြတ်သန်းသွားကြပါတယ်။

နောက်တစ်မျိုးကတော့ချစ်သူနဲ့အိမ်ထောင်ဖက်အပေါ် ထားတဲ့ စံချိန်စံညွှန်းဟာ သိပ်မြင့်လွန်းရင်လည်း အပျိုကြီး ဖြစ်သွားကြတာ များပါတယ်။

ညီမဝမ်းကွဲလေးတစ်ယောက်ရှိတယ် သူက မေ ျှာ်လင့်တာက သူနဲ့လက်ထပ်မဲ့သူက ပညာတတ်ရမယ်။ အလုုပ်အကိုုင်ကလည်း အများအကျိုးပြုတဲ့ အလုုပ်အကိုုင်မျိုး ဖြစ်ရမယ်။ မိဘမျိုးရိုုးထဲမှာလည်း အိမ်ထောင်ရေး ဖောက်ပြန်မှု ရှိတာမျိုးတွေ မရှိရဘူး။ တစ်လင်တစ်မယားစနစ်ကိုုသာ လက်ခံကျင့်သုံုးတဲ့ မိသားစုုမျိုးကနေ ဆင်းသက်လာသူ ဖြစ်ရမယ်။မောင်နှမသားချင်းနည်းပါးရမယ်။ ပြီးတော့မိဘတွေကိုုလည်း အိမ်ထောင်ပြုပြီးရင် လစဉ် ဘယ်လောက် ကန်တော့မယ်ဆိုုတာမျိုးကိုု နှစ်ဦးသဘောတူသတ်မှတ်နိုုင်ရမယ်။ ညီအကိုုမောင်နှမသားချင်းတွေကိုု တာဝန်ယူထောက်ပံ့တာမျိုး မလုုပ်ရတော့ဘူး…ဆိုုတဲ့ အချက်တွေနဲ့သတ်မှတ်ထားပါတယ်။

အဲလိုုနဲ့ နောက်ဆုံုးမှာတော့သူလိုုချင်တဲ့စံနှုန်းနဲ့ပြည့်မှီတဲ့သတိုုးသား
ရှာမတွေ့တဲ့အတွက် ရှိနေတာကိုုလည်း လက်မခံနိုု်င်တဲ့သူမသည်လည်း 
အပျိုကြီးပဲဖြစ်ရပါတယ်။

နောက်တစ်မျိုးကတော့ ကိုုယ့်မိဘနဲ့မောင်နှမသားချင်းတွေရဲ့တာဝန်ကိုု လိုုတာထက်ပိုုယူနေတဲ့သူတွေကလည်း လူပျိုကြီး အပျိုကြီး ဖြစ်လေ့ရှိတယ်။

အသိမောင်လေး တစ်ယောက်ရှိတယ်။ သူက သူ့ရဲ့မိဘတွေရဲ့တာဝန်ကိုုယူထားသလိုု၊ သူ့ရဲ့အကိုုက မွေးတဲ့ကလေးတွေကိုုပါ ကျောင်းထားဖိုု့တာဝန်ယူထားတယ်။ 

ဘာဖြစ်လိုု့ကိုုယ့်တူတွေတူမတွေကိုုပါ တာဝန်ယူတာလဲလိုု့မေးဖူးတယ်။ သူက ဖြေတယ်။ အကိုုက အရက်သောက်တော့သူ့သားသမီးတွေကိုု တာဝန်မယူနိုုင်ဘူးလေ၊ အဲတော့မရီးက လည်း တာဝန်မယူနိုုင်တော့ကျွန်တော်ကပဲ တာဝန်ယူရတာပေါ့နိုု့မိုု့ရင် သူတိုု့ကလေးတွေဘဝ လမ်းပေါ်ရောက်ကုုန်မှာပေါ့တဲ့….။

အဲဒါနဲ့ မင်းချစ်သူနဲ့မင်း ဘယ်တော့လက်ထပ်ဖြစ်ဦးမှာလဲ ဆိုုတော့ဒီကလေးတွေဆယ်တန်းအောင်ပြီး အခြေကျတဲ့အချိန်ပေါ့၊ ကျွန်တော့်ကောင်မလေးကိုု စောင့်ခိုုင်းထားတယ်..လိုု့သူက ဖြေပါတယ်။

ကျွန်မစိတ်ထဲမှာတော့အဲဒီကောင်မလေးကိုု သနားစာနာမိတယ်။ သူ့ခမျာ စောင့်နိုုင်ပါဦးမလား။ ဒီကောင်လေးနဲ့ချစ်သူသက်တမ်း ၅ နှစ်ရှိပြီ၊ နောက်ထပ် ဘယ်နှနှစ်လောက်စောင့်ရဦးမလဲ ဆိုုတာ တွေးမိပြီး ကောင်မလေးကိုု သနားမိတယ်။

ကိုုယ့်တာဝန် ကိုုယ်မယူတဲ့လူ့အမှိုက်တွေရဲ့တာဝန်ကိုုပါ ပူးတွဲယူရတဲ့ သူတွေ၊ အဲလိုု အတ္တကြီးတဲ့ မိသားစုုဝင်တွေကြားထဲကနေ ရုုန်းမထွက်နိုု်င်တဲ့အခါ 
ကိုုယ့်မိသားစုုဘဝကိုု မတည်ထောင်နိုုင်တော့ဘဲနဲ့သူများမိသားစုုအတွက် ပေးဆပ်သူတွေ ဖြစ်ကုုန်ရင်လည်း လူပျိုကြီး အပျိုုကြီး ဖြစ်တတ်ပါတယ်။

လူပျိုကြီး အပျိုကြီး ဖြစ်ကြရတဲ့ အကြောင်းရင်းတွေထဲမှာ အများစုုကတော့အခြေအနေထက် ကိုုယ်ကိုုယ်တိုုင်က ဒီလိုုပဲနေချင်လိုု့ရွေးချယ်နေထိုုင်ရင်း ဖြစ်လာတဲ့သူ များပါတယ်။

ကျွန်မအနေနဲ့ကတော့ ကိုုယ့်ပတ်ဝန်းကျင်မှာ ကိုုယ့်အသက်အရွယ်မှာ တွေ့မြင်လာရတာတွေကိုု ပြန်လည် မ ျှဝေလိုုက်တာပါရှင်။
ဘာကြောင့်ပဲအပျိုကြီး ဖြစ်ဖြစ်ပါ၊ အပျိုကြီး လူပျိုကြီးတွေမှာတော့အိမ်ထောင်ရှိသူတွေလိုု ပူပင်သောက နည်းပါးပြီး စိတ်ပိုု်င်း ဆိုုင်ရာလွတ်လပ်ကြတာကတော့အမှန်ပါပဲ။

ပြီးတော့ လူမှုရေးနဲ့ဘာသာရေးပိုုင်းကိုုလည်း အိမ်ထောင်ရှိသူတွေထက် ပိုုပြီး အချိန်ယူ လုုပ်ဆောင်နုုိင်တဲ့အတွက် ထူးခြားတဲ့စိတ်ပိုု်င်းဆိုုင်ရာ လွတ်လပ်မှုတွေနဲ့ရှင်သန်ကြရပါတယ်။

တစ်ဘက်ကလည်း ကိုုယ်ပိုု်င်မိသားစုုမရှိခြင်းရဲ့မပြည့်စုံုမှုနဲ့
ချို့တဲ့မှုကိုုတော့လက်ခံရတာပေါ့ရှင်။

ကိုုယ့်ဘဝနဲ့မိသားစုုဘဝ မလဲနိုုင်လိုု့ လူပျိုကြီး လုုပ်နေတာလိုု့ဆိုုကြတာလည်း 
မှားတယ်လိုု့တော့ မဆိုုလိုုချင်ပါဘူး။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

Labels:

Monday, June 12, 2017

အိမ္ေထာင္ျပဳတာဟာ ရွက္စရာမဟုတ္သလို ကိုယ္၀န္ေဆာင္ရတာဟာလဲ ေရာဂါရတာမဟုတ္ဘူး

မိန္းမ တစ္ေယာက္ အိမ္ေထာင္ျပဳတာ (ေယာက်ာ္း ယူတာ)ဟာ ဘဝတစ္ခု ေသပစ္လိုက္ဖို ့ မဟုတ္ပါဘူး။ခ်စ္လို ့ယူယူ ၊ ယူသင့္တယ္ ထင္လို ့ယူယူ ယခင္အေျခအေနထက္ ပိုမုိ ေကာင္းမြန္တ့ဲ ဘဝတစ္ခု ကို ႏွစ္ေယာက္အတူ တည္ေဆာက္ဖို ့ ့ပဲ ျဖစ္သင့္တာ။ေယာက်ာ္းယူ လိုက္တာနဲ ့ငါ့ဘဝ တစ္ခုလံုး ျပည့္စုံလုံေလာက္သြားျပီ ၊ ငါ့ ေယာက်ာ္းက အကုန္တာဝန္ယူ လုပ္ေပးမွာ လို ့ ခပ္ည့ံည့ံေတြးမိတ့ဲ မိန္းမ ေတြကေတာ့ တစ္ႏွစ္ေလာက္ အႀကာမွာ (ကိုယ့္ ဥာဏ္ရည္ အရ ဒီထက္လည္း ေစာသိသြားႏိုင္ပါတယ္)မဟုတ္မွန္း သိႀကရပါမယ္။လုံးဝ သိ မသြားတ့ဲ မိန္းမေတြလည္း ရွိေနႏိုင္ပါတယ္။လက္ရွိ လုပ္ေနတ့ဲ ကိုယ့္ အလုပ္ကို ဆက္မလုပ္ခ်င္ေတာ့ရင္ေတာင္ အျခား အလုပ္တစ္ခုခု လုပ္ေနရပါမယ္။ကိုယ္ပိုင္ ဝင္ေငြ ဆိုတာ ရွိေနေအာင္ လို ့ပါ။မိန္းမ တစ္ေယာက္ ကိုယ္ဝန္ေဆာင္ရတာဟာ ေရာဂါ ရတာ မဟုတ္ပါဘူး။ကေလးေမြးဖြား တယ္ ဆိုတာလည္း အာဇာနည္မ တစ္ေယာက္လို ႀကီးက်ယ္တ့ဲ အလုပ္ မဟုတ္ပါဘူး။ဒါေပမ့ဲ ကိုယ္ဝန္ေဆာင္တာ ၊ကေလးေမြးဖြား တာဟာ အေရးႀကီးျပီး အေရးပါတ့ဲ အလုပ္တစ္ခုပါ။မွီခိုလို ့ ေက်နပ္စြာ လက္ခံလိုက္တ့ဲ မိန္းမ ေတြဟာ ကိုယ္ဝန္ေဆာင္ ေနခ်ိန္ မွာ အိမ္တြင္း အလွဆင္၊အိမ္မႈကိစၥနဲ ့ ဟင္းခ်က္နည္း အႏုပညာကို သင္ယူေနသင့္ပါတယ္။မယူခင္က ေယာက်ာ္း ခ်က္ေကြ်း မွာလို ့ ခပ္တုံးတုံး ေျပာတတ္တ့ဲ မိန္းမေတြ ေတြ ့ ့ဖူးပါတယ္။ႏွစ္ေယာက္အတူ အလုပ္ လုပ္ေနလို ့ သူေကာ္ဖီေဖ်ာ္ ကိုယ္ ထမင္းဘူးထည့္ လုပ္ေနႀကတ့ဲ စုံတြဲေတြ အမ်ားႀကီးပါ။တစ္ေယာက္ အလုပ္ တစ္ေယာက္ ကူတာ က်က္သေရရွိပါတယ္။ဘာ အလုပ္မွ လုပ္မေနတ့ဲ မိန္းမ တစ္ေယာက္ကို  ဘယ္ေယာက်ာ္းကမွ (မည္သည့္ ေယာက်ာ္းကမွ)အားအားယားယား ေန ့တိုင္း ဟင္းခ်က္ ေပးမေနပါဘူး။ခ်က္ေပး ေနတ့ဲသူ ရွိရင္လည္း အ့ဲေယာက်ာ္းဟာ ဝင္ေငြ မရွာဘဲ ေနသူျဖစ္ပါလိမ့္မယ္။ကိုယ္ဝန္ေဆာင္ေနစဥ္ မိန္းမ မ်ားဟာ သာမာန္အခ်ိန္ထက္ ပိုဝမ္းနည္းလြယ္တတ္ ပါတယ္။ သမီး မိန္းကေလးကို လြယ္ထားရ ရင္ ပိုလို ့ ဝမ္းနည္းတတ္ ႀကပါ ေသးတယ္။အ့ဲလို အခ်ိန္ေတြမွာ အမ်ားနဲ ့ေရာေႏွာ အလုပ္ လုပ္ေနသင့္ပါတယ္။အလုပ္ လုပ္ေနတ့ဲ မိန္းမ ေတြမွာ ယုံႀကည္မႈ ပိုရွိေနႀကပါတယ္။ကိုယ္က အႀကီးအကဲ ေနရာ တာဝန္ယူထား ရသူ မိန္းမ ျဖစ္ေနရင္ ဝမ္းနည္းမႈ ဆိုတာေတာင္ မေပၚ တတ္ႀက ေတာ့ပါဘူး။အိမ္ရွင္မ ပဲ လုပ္ေနသူ မိန္းမေတြ ကေတာ့ ကိုယ္ဝန္ေဆာင္ ထားခ်ိန္မွာ စာမ်ားမ်ားဖတ္ရပါမယ္။ကိုယ္တိုင္ က်န္းမာေအာင္ ဘယ္လို ေနထိုင္စားေသာက္ ရမယ္။ကေလး ေမြးဖြား ရ လြယ္ကူတ့ဲ ကိုယ္ဝန္ေဆာင္ ကစားနည္းေတြ ကစားေနသင့္ပါတယ္။ကေလးငယ္ကို က်န္းမာသန္စြမ္း ဥာဏ္ရည္  ျမင့္ေအာင္ ဘယ္လို ျပဳစု ပ်ိဳးေထာင္ သင့္သလဲ ဆိုတ့ဲ စာအုပ္ေတြ ဖတ္ေန  ဖို ့လုိအပ္သလို၊ႏွလုံးသားကို ႏူးည့ံေအာင္ ေျပာဆို ဆုံးမ ႏိုင္ဖို ့ ရသ စာေပေတြ ။ဘာသာေရး အဆုံးအမ စာေပ ေတြလည္း အေမလုပ္မ့ဲသူက ဖတ္ထားႏွင့္ ရပါမယ္။ျပီးေတာ့ ကိုယ့္ အိမ္တြင္းက ေပါ့ေပါ့ ပါးပါး ပစၥည္းေလးေတြ ေနရာ အေျပာင္း အေရႊ ့လုပ္တာ။အိပ္ယာခင္းနဲ ့ ခန္းဆီးလိုက္ကာေတြ ေလ်ွာ္ဖြတ္တာမ်ိဳးေတြ လုပ္ေပးသင့္ ပါတယ္။မိန္းမ ကိုယ္ဝန္ ေဆာင္ ေနစဥ္ ေသမင္းကို မ်က္ေစာင္းထိုး ထားရတာလို ့ တင္စားေျပာႀကပါတယ္။ မီးဖြားစဥ္မွာလည္း ေသမင္းနဲ ့ စစ္ခင္းရပါသတ့ဲ။အ့ဲဒါေတြကို ေက်ာ္လႊားႏိုင္ဖို ့အထက္က ေဖာ္ျပခ့ဲတာေတြ ကို လုပ္ထားရပါမယ္။ကိုယ့္ ကံကို ကိုယ့္ ဥာဏ္ကပဲ ေဖးမ ႏိုင္ပါတယ္။ဘယ္ေယာက်ာ္းကမွ ေသေလာက္ေအာင္ ခ်စ္တယ္ေျပာေျပာ အ့ဲဒီ အခ်ိန္မွာ အသက္ခ်င္း လာ လဲေပးလို ့ မရပါဘူး။ကိုယ္ဝန္ေဆာင္ခ်ိန္  ကိုးလ၊ကေလး ျပဳစုရခ်ိန္ အနည္းဆုံး ႏွစ္ႏွစ္ ေပါင္း လိုက္ရင္  မိန္းမ တစ္ေယာက္ဟာ ကေလးတစ္ေယာက္ ေမြးဖြားဖို ့ ့သုံးႏွစ္ေလာက္ အခ်ိန္ေပးရပါတယ္။ဒီလို အခ်ိန္ေတြကို အလုပ္ လုပ္ေနရင္း ျဖတ္သန္းေနတ့ဲ မိန္းမ ေတြ အဖို ့ သိပ္ မသိသာလွေပမ့ဲ (ပင္ပန္းတာေတာ့ ရွိမွာေပါ့)ထိုင္ျပီး ေနတ့ဲ မိန္းမ ေတြဆို ေခတ္ကို အဆက္ျပတ္သြားတတ္ႀကပါတယ္။ကြ်န္မ ေျပာတ့ဲ ေခတ္ဆိုတာ ပစၥည္း အသုံးအေဆာင္ေတြ အဝတ္အစားေတြ မဟုတ္ပါဘူး။အလုပ္ တစ္ခု ျပန္လုပ္မယ္ ဆိုရင္၊ အတတ္ပညာ တစ္ခု ေလ့လာသင္ယူမယ္ဆိုရင္ အဆက္ျပတ္ သြား ရင္ ျပန္လိုက္ရတာ ခက္ခဲပါတယ္။ဒီႀကားထဲ ကေလး ေနာက္ တစ္ေယာက္ ထပ္ရသြားရင္ေတာ့ အ့ဲဒီ မိန္းမ ဟာ အားလုံးကို လႊတ္ခ် လိုက္မိပါေတာ့တယ္။မိန္းမ ေတြဟာ(ကြ်န္မ အပါအဝင္) ခ်စ္စိတ္ဝင္ေနရင္ အားလုံးကို တစ္ကယ္ထင္ေနေတာ့တာပါ။ ေယာက်ာ္းေတြ မႊန္ေနစဥ္ ခဏ ေျပာသမ်ွကို သံမိႈစြဲ မွတ္ထားတတ္ႀကတာ။ထင္တာေတြ လြဲမွ ငိုရ ရယ္ရ မွန္း မသိ ျဖစ္တတ္ႀကပါတယ္။ငိုတာ ထက္စာရင္ ရယ္တာ ဒါမွ မဟုတ္ အနည္းဆုံးေတာ့ ျပံဳးႏိုင္တာ အေကာင္းဆုံးေပါ့။ မိန္းမေတြ ဘယ္သူ ့သမီး ျဖစ္ျဖစ္၊ဘယ္သူ ့ ့ ဇနီး ျဖစ္ျဖစ္ ကိုယ္ပိုင္ ဝင္ေငြနဲ ့ ကိုယ္ပိုင္ အရည္ အခ်င္းရွိေနရပါမယ္။ အနည္းဆုံးေတာ့ အိမ္ရွင္မ အရည္အခ်င္းေပါ့။ခ်စ္ပါ ေသေလာက္ေအာင္ ခ်စ္ႀကပါ။မ်က္စိဖြင့္ျပီး အမွန္အတိုင္းေတာ့ ျမင္ေအာင္ လုပ္ထားႀကပါလို ့တိုက္တြန္းခ်င္တာပါ။
Khin Thander
akhamaet.com
မိန်းမ တစ်ယောက် အိမ်ထောင်ပြုတာ (ယောကျာ်း ယူတာ)ဟာ ဘဝတစ်ခု သေပစ်လိုက်ဖို ့ မဟုတ်ပါဘူး။ချစ်လို ့ယူယူ ၊ ယူသင့်တယ် ထင်လို ့ယူယူ ယခင်အခြေအနေထက် ပိုမို ကောင်းမွန်တဲ့ ဘဝတစ်ခု ကို နှစ်ယောက်အတူ တည်ဆောက်ဖို ့ ့ပဲ ဖြစ်သင့်တာ။ယောကျာ်းယူ လိုက်တာနဲ ့ငါ့ဘဝ တစ်ခုလုံး ပြည့်စုံလုံလောက်သွားပြီ ၊ ငါ့ ယောကျာ်းက အကုန်တာဝန်ယူ လုပ်ပေးမှာ လို ့ ခပ်ည့ံည့ံတွေးမိတဲ့ မိန်းမ တွေကတော့ တစ်နှစ်လောက် အကြာမှာ (ကိုယ့် ဉာဏ်ရည် အရ ဒီထက်လည်း စောသိသွားနိုင်ပါတယ်)မဟုတ်မှန်း သိကြရပါမယ်။လုံးဝ သိ မသွားတဲ့ မိန်းမတွေလည်း ရှိနေနိုင်ပါတယ်။လက်ရှိ လုပ်နေတဲ့ ကိုယ့် အလုပ်ကို ဆက်မလုပ်ချင်တော့ရင်တောင် အခြား အလုပ်တစ်ခုခု လုပ်နေရပါမယ်။ကိုယ်ပိုင် ဝင်ငွေ ဆိုတာ ရှိနေအောင် လို ့ပါ။မိန်းမ တစ်ယောက် ကိုယ်ဝန်ဆောင်ရတာဟာ ရောဂါ ရတာ မဟုတ်ပါဘူး။ကလေးမွေးဖွား တယ် ဆိုတာလည်း အာဇာနည်မ တစ်ယောက်လို ကြီးကျယ်တဲ့ အလုပ် မဟုတ်ပါဘူး။ဒါပေမဲ့ ကိုယ်ဝန်ဆောင်တာ ၊ကလေးမွေးဖွား တာဟာ အရေးကြီးပြီး အရေးပါတဲ့ အလုပ်တစ်ခုပါ။မှီခိုလို ့ ကျေနပ်စွာ လက်ခံလိုက်တဲ့ မိန်းမ တွေဟာ ကိုယ်ဝန်ဆောင် နေချိန် မှာ အိမ်တွင်း အလှဆင်၊အိမ်မှုကိစ္စနဲ ့ ဟင်းချက်နည်း အနုပညာကို သင်ယူနေသင့်ပါတယ်။မယူခင်က ယောကျာ်း ချက်ကျွေး မှာလို ့ ခပ်တုံးတုံး ပြောတတ်တဲ့ မိန်းမတွေ တွေ ့ ့ဖူးပါတယ်။နှစ်ယောက်အတူ အလုပ် လုပ်နေလို ့ သူကော်ဖီဖျော် ကိုယ် ထမင်းဘူးထည့် လုပ်နေကြတဲ့ စုံတွဲတွေ အများကြီးပါ။တစ်ယောက် အလုပ် တစ်ယောက် ကူတာ ကျက်သရေရှိပါတယ်။ဘာ အလုပ်မှ လုပ်မနေတဲ့ မိန်းမ တစ်ယောက်ကို  ဘယ်ယောကျာ်းကမှ (မည်သည့် ယောကျာ်းကမှ)အားအားယားယား နေ ့တိုင်း ဟင်းချက် ပေးမနေပါဘူး။ချက်ပေး နေတဲ့သူ ရှိရင်လည်း အဲ့ယောကျာ်းဟာ ဝင်ငွေ မရှာဘဲ နေသူဖြစ်ပါလိမ့်မယ်။ကိုယ်ဝန်ဆောင်နေစဉ် မိန်းမ များဟာ သာမာန်အချိန်ထက် ပိုဝမ်းနည်းလွယ်တတ် ပါတယ်။ သမီး မိန်းကလေးကို လွယ်ထားရ ရင် ပိုလို ့ ဝမ်းနည်းတတ် ကြပါ သေးတယ်။အဲ့လို အချိန်တွေမှာ အများနဲ ့ရောနှော အလုပ် လုပ်နေသင့်ပါတယ်။အလုပ် လုပ်နေတဲ့ မိန်းမ တွေမှာ ယုံကြည်မှု ပိုရှိနေကြပါတယ်။ကိုယ်က အကြီးအကဲ နေရာ တာဝန်ယူထား ရသူ မိန်းမ ဖြစ်နေရင် ဝမ်းနည်းမှု ဆိုတာတောင် မပေါ် တတ်ကြ တော့ပါဘူး။အိမ်ရှင်မ ပဲ လုပ်နေသူ မိန်းမတွေ ကတော့ ကိုယ်ဝန်ဆောင် ထားချိန်မှာ စာများများဖတ်ရပါမယ်။ကိုယ်တိုင် ကျန်းမာအောင် ဘယ်လို နေထိုင်စားသောက် ရမယ်။ကလေး မွေးဖွား ရ လွယ်ကူတဲ့ ကိုယ်ဝန်ဆောင် ကစားနည်းတွေ ကစားနေသင့်ပါတယ်။ကလေးငယ်ကို ကျန်းမာသန်စွမ်း ဉာဏ်ရည်  မြင့်အောင် ဘယ်လို ပြုစု ပျိုးထောင် သင့်သလဲ ဆိုတဲ့ စာအုပ်တွေ ဖတ်နေ  ဖို ့လိုအပ်သလို၊နှလုံးသားကို နူးည့ံအောင် ပြောဆို ဆုံးမ နိုင်ဖို ့ ရသ စာပေတွေ ။ဘာသာရေး အဆုံးအမ စာပေ တွေလည်း အမေလုပ်မဲ့သူက ဖတ်ထားနှင့် ရပါမယ်။ပြီးတော့ ကိုယ့် အိမ်တွင်းက ပေါ့ပေါ့ ပါးပါး ပစ္စည်းလေးတွေ နေရာ အပြောင်း အရွှေ ့လုပ်တာ။အိပ်ယာခင်းနဲ ့ ခန်းဆီးလိုက်ကာတွေ လျှော်ဖွတ်တာမျိုးတွေ လုပ်ပေးသင့် ပါတယ်။မိန်းမ ကိုယ်ဝန် ဆောင် နေစဉ် သေမင်းကို မျက်စောင်းထိုး ထားရတာလို ့ တင်စားပြောကြပါတယ်။ မီးဖွားစဉ်မှာလည်း သေမင်းနဲ ့ စစ်ခင်းရပါသတဲ့။အဲ့ဒါတွေကို ကျော်လွှားနိုင်ဖို ့အထက်က ဖော်ပြခဲ့တာတွေ ကို လုပ်ထားရပါမယ်။ကိုယ့် ကံကို ကိုယ့် ဉာဏ်ကပဲ ဖေးမ နိုင်ပါတယ်။ဘယ်ယောကျာ်းကမှ သေလောက်အောင် ချစ်တယ်ပြောပြော အဲ့ဒီ အချိန်မှာ အသက်ချင်း လာ လဲပေးလို ့ မရပါဘူး။ကိုယ်ဝန်ဆောင်ချိန်  ကိုးလ၊ကလေး ပြုစုရချိန် အနည်းဆုံး နှစ်နှစ် ပေါင်း လိုက်ရင်  မိန်းမ တစ်ယောက်ဟာ ကလေးတစ်ယောက် မွေးဖွားဖို ့ ့သုံးနှစ်လောက် အချိန်ပေးရပါတယ်။ဒီလို အချိန်တွေကို အလုပ် လုပ်နေရင်း ဖြတ်သန်းနေတဲ့ မိန်းမ တွေ အဖို ့ သိပ် မသိသာလှပေမဲ့ (ပင်ပန်းတာတော့ ရှိမှာပေါ့)ထိုင်ပြီး နေတဲ့ မိန်းမ တွေဆို ခေတ်ကို အဆက်ပြတ်သွားတတ်ကြပါတယ်။ကျွန်မ ပြောတဲ့ ခေတ်ဆိုတာ ပစ္စည်း အသုံးအဆောင်တွေ အဝတ်အစားတွေ မဟုတ်ပါဘူး။အလုပ် တစ်ခု ပြန်လုပ်မယ် ဆိုရင်၊ အတတ်ပညာ တစ်ခု လေ့လာသင်ယူမယ်ဆိုရင် အဆက်ပြတ် သွား ရင် ပြန်လိုက်ရတာ ခက်ခဲပါတယ်။ဒီကြားထဲ ကလေး နောက် တစ်ယောက် ထပ်ရသွားရင်တော့ အဲ့ဒီ မိန်းမ ဟာ အားလုံးကို လွှတ်ချ လိုက်မိပါတော့တယ်။မိန်းမ တွေဟာ(ကျွန်မ အပါအဝင်) ချစ်စိတ်ဝင်နေရင် အားလုံးကို တစ်ကယ်ထင်နေတော့တာပါ။ ယောကျာ်းတွေ မွှန်နေစဉ် ခဏ ပြောသမျှကို သံမှိုစွဲ မှတ်ထားတတ်ကြတာ။ထင်တာတွေ လွဲမှ ငိုရ ရယ်ရ မှန်း မသိ ဖြစ်တတ်ကြပါတယ်။ငိုတာ ထက်စာရင် ရယ်တာ ဒါမှ မဟုတ် အနည်းဆုံးတော့ ပြုံးနိုင်တာ အကောင်းဆုံးပေါ့။ မိန်းမတွေ ဘယ်သူ ့သမီး ဖြစ်ဖြစ်၊ဘယ်သူ ့ ့ ဇနီး ဖြစ်ဖြစ် ကိုယ်ပိုင် ဝင်ငွေနဲ ့ ကိုယ်ပိုင် အရည် အချင်းရှိနေရပါမယ်။ အနည်းဆုံးတော့ အိမ်ရှင်မ အရည်အချင်းပေါ့။ချစ်ပါ သေလောက်အောင် ချစ်ကြပါ။မျက်စိဖွင့်ပြီး အမှန်အတိုင်းတော့ မြင်အောင် လုပ်ထားကြပါလို ့တိုက်တွန်းချင်တာပါ။
Khin Thander
akhamaet.com

Labels:

Sunday, June 11, 2017

၀တုတ္မေလးနဲ႔ ခ်စ္သူျဖစ္ရျခင္း အားသာခ်က္မ်ား

အမ်ိဳးသားအမ်ားစုက ခႏၶာကိုယ္ေကာက္ေၾကာင္းေပၚလြင္တဲ႔ အမ်ိဳးသမီးေတြကို စိတ္၀င္စားၾကပါတယ္။ သူတို႔ရဲ႕ စိတ္ကူးထဲကခ်စ္သူပံုစံကိုေမးလိုက္ရင္ နိုင္ငံေက်ာ္ မင္းသမီးေမာ္ဒယ္ ေတြရဲ႕ ပံုစံမ်ိဳးလို႔ေျဖၾကပါလိမ့္မယ္။ ဒါေပမယ့္ ၀၀ကစ္ကစ္မိန္းကေလးေတြရဲ႕ ခ်စ္သူျဖစ္ရတာဟာလည္း အားသာခ်က္ေတြ အမ်ားၾကီးရိွ ေနပါေသးတယ္ ။

၁။ မာနမၾကီးဘူး
အမွတ္မတင္ chubby girl ေလးနဲ႔ စကားေျပာျဖစ္တယ္ဆိုပါစို႔ ။ ေဖာ္ေဖာ္ေရြေရြနဲ႔ လက္ခံစကားေျပာတဲ႔ အျပင္ သူမမွာ ေျပာစရာအေၾကာင္းအရာေတြလည္း အမ်ားၾကီးရိွေနတတ္ပါတယ္။ ဥပမာ သူအၾကိဳက္ဆံုး စားေသာက္ဆိုင္ တို႔ ဇာတ္လမ္းတြဲတို႔ေပါ့ ။ အခ်ိန္တိုအတြင္းမွာ မိတ္ေဆြေတြျဖစ္သြားနိုင္ပါတယ္။

၂။ အေပါင္းအသင္းေပါမ်ားတယ္
ခပ္ေၾကာ့ေၾကာ့ေလးေနတတ္တဲ႔ မိန္းကေလးေတြဟာ တစ္ခုခုစဥ္းစားမယ္ဆို ကိုယ့္ကိုယ္ကိုဦးစားေပးျပီး စဥ္းစားတတ္ၾကပါတယ္။ piggy ေလးေတြကေတာ့ အဲ႔လိုမဟုတ္ပါဘူး ။ ကမၻာၾကီးက သူတို႔ကိုဗဟုိျပဳလည္ပတ္ ေနတယ္လို႔လဲ မထင္ၾကပါဘူး ။ ဆိုလိုတာကေတာ့ ကိုယ့္ကိုယ္ကို ေရွ႔တန္းမတင္တတ္ၾကတဲ႔အတြက္ လူအမ်ားနဲ႔တေျပးညီ ေပါင္းသင္းတတ္ပါတယ္။

၃။ ဇီဇာမေၾကာင္ ဂ်ီးမမ်ားဘူး
မိန္းကေလးအမ်ားစုဟာ အသစ္အဆန္းေတြကို အလြယ္တကူလက္မခံတတ္ၾကပါဘူး။ ဒါေပမယ့္ ကစ္ကစ္ေလး ေတြကေတာ့ အသစ္အဆန္းအတြက္ အျမဲအဆင္သင့္ျဖစ္ေနၾကပါတယ္ ။ မယံုရင္ စားေသာက္ဆိုင္အသစ္ကို ေခၚသြားလိုက္ပါ။

၄။ ဂရုစိုက္တတ္တယ္
သူငယ္ခ်င္းေတြပဲျဖစ္ျဖစ္ ခ်စ္သူကိုပဲျဖစ္ျဖစ္ ဂရုစိုက္တတ္လြန္းသူေတြပါ။ စိတ္ဓာတ္က်ေနတဲ႔အခ်ိန္ ရင္ဖြင့္လိုက္ပါ။ သူမရဲ႕လက္ေမာင္းေဖာင္းေဖာင္းအိအိေလးေတြနဲ႔ ေပြ႔ဖက္ အားေပးပါလိမ့္မယ္။

၅။ နားလည္ေပးနိုင္စြမ္းရိွတယ္
မင္းရဲ႕ ရုပ္ရွင္ေတြ ဗီြဒီယုိဂိမ္းေတြနဲ႔ အခ်ိန္ကုန္ေနရင္လည္း Chubby ေလးကမင္းကိုစိတ္ေကာက္ျပီး ပစ္ထားသြားမွာမဟုတ္ပါဘူး ။ သူကမင္းနဲ႕အတူ ရုပ္ရွင္လိုက္ၾကည့္မယ္ မင္းေဆာ့တဲ႔ဂိမ္း နဲ႔ မင္းၾကိဳက္တဲ႔ အရာေတြအေၾကာင္းကို သိဖို႔ၾကိဳးစားမယ့္သူေလးပါ။

၆။ အျပင္ထြက္ဖို႔ ေခၚရမခက္ဘူး
သူတို႕ကအလြန္အကၽြံ ပဲ မမ်ားၾကပါဘူး။ အလွျပင္ဖို႔အခ်ိန္ယူတာနည္းတဲ႔အတြက္ ဘယ္အခ်ိန္သြားမလဲ အခ်ိန္မေရြး အဆင္သင့္ပါပဲ။

၇။ ဘယ္ေနရာသြားသြားရတယ္
သူမကဘယ္ေနရာသြားသြားမင္းနဲ႔အတူဆိုေပ်ာ္ေနမွာပါ။ ရာသီဥတုပူလြန္းလို႔ အသားအေရထိန္းသိမ္းဖို႔ စသျဖင့္ အေၾကာင္းျပခ်က္ေတြနဲ႔ ျငင္းခံုေနရမွာမဟုတ္ပါဘူး။

၈။ မ်က္နွာမ်ားမွာမပူရဘူး
ခႏၶာကိုယ္အလွကိုသာဦးစားေပးတတ္တဲ႔ ပုရိသေတြဟာ မင္းရဲ႕ခ်စ္စရာေကာင္းတဲ႔ ဖိုး၀ရုပ္ေလးကို ခိုးယူသြားဖို႔ဆိုတာ အလြယ္တကူမျဖစ္နိုင္ပါဘူး။ အဲ႔ဒါေၾကာင့္ သူဟာမင္းရဲ႕တစ္ဦးတည္းမူပိုင္ဖိုး၀ရုပ္ေလးပါ။

၉။ စကားေျပာေကာင္းတယ္
သူမရဲ႕စိတ္ကူးေတြ အိမ္မက္ေတြ သူမသေဘာက်တဲ႔အရာေတြအေၾကာင္းကို စိတ္၀င္စားစရာေကာင္းေအာင္ ေျပာျပတတ္တာေၾကာင့္ မင္းျငီးေငြ႔သြားမွာမဟုတ္ပါဘူး။

၁၀။ ေပ်ာ္ေပ်ာ္ေနတတ္တယ္
သူမဟာ အလွပ်က္မွာကိုမစိုးရိမ္တတ္သူမို႔ ရယ္စရာရိွရင္ အားရပါးရ ရယ္တတ္သူပါ။ ေပ်ာ္ေပ်ာ္ေနတတ္သူမို႔လို႔ သူမဟာမင္းကိုစိတ္ခ်မ္းသာေစပါမွာ။

ႏွင္းပြင့္
akhamaet.com
အမျိုးသားအများစုက ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်တဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားကြပါတယ်။ သူတို့ရဲ့ စိတ်ကူးထဲကချစ်သူပုံစံကိုမေးလိုက်ရင် နိုင်ငံကျော် မင်းသမီးမော်ဒယ် တွေရဲ့ ပုံစံမျိုးလို့ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ၀၀ကစ်ကစ်မိန်းကလေးတွေရဲ့ ချစ်သူဖြစ်ရတာဟာလည်း အားသာချက်တွေ အများကြီးရှိ နေပါသေးတယ် ။

၁။ မာနမကြီးဘူး
အမှတ်မတင် chubby girl လေးနဲ့ စကားပြောဖြစ်တယ်ဆိုပါစို့ ။ ဖော်ဖော်ရွေရွေနဲ့ လက်ခံစကားပြောတဲ့ အပြင် သူမမှာ ပြောစရာအကြောင်းအရာတွေလည်း အများကြီးရှိနေတတ်ပါတယ်။ ဥပမာ သူအကြိုက်ဆုံး စားသောက်ဆိုင် တို့ ဇာတ်လမ်းတွဲတို့ပေါ့ ။ အချိန်တိုအတွင်းမှာ မိတ်ဆွေတွေဖြစ်သွားနိုင်ပါတယ်။

၂။ အပေါင်းအသင်းပေါများတယ်
ခပ်ကြော့ကြော့လေးနေတတ်တဲ့ မိန်းကလေးတွေဟာ တစ်ခုခုစဉ်းစားမယ်ဆို ကိုယ့်ကိုယ်ကိုဦးစားပေးပြီး စဉ်းစားတတ်ကြပါတယ်။ piggy လေးတွေကတော့ အဲ့လိုမဟုတ်ပါဘူး ။ ကမ္ဘာကြီးက သူတို့ကိုဗဟိုပြုလည်ပတ် နေတယ်လို့လဲ မထင်ကြပါဘူး ။ ဆိုလိုတာကတော့ ကိုယ့်ကိုယ်ကို ရှေ့တန်းမတင်တတ်ကြတဲ့အတွက် လူအများနဲ့တပြေးညီ ပေါင်းသင်းတတ်ပါတယ်။

၃။ ဇီဇာမကြောင် ဂျီးမများဘူး
မိန်းကလေးအများစုဟာ အသစ်အဆန်းတွေကို အလွယ်တကူလက်မခံတတ်ကြပါဘူး။ ဒါပေမယ့် ကစ်ကစ်လေး တွေကတော့ အသစ်အဆန်းအတွက် အမြဲအဆင်သင့်ဖြစ်နေကြပါတယ် ။ မယုံရင် စားသောက်ဆိုင်အသစ်ကို ခေါ်သွားလိုက်ပါ။

၄။ ဂရုစိုက်တတ်တယ်
သူငယ်ချင်းတွေပဲဖြစ်ဖြစ် ချစ်သူကိုပဲဖြစ်ဖြစ် ဂရုစိုက်တတ်လွန်းသူတွေပါ။ စိတ်ဓာတ်ကျနေတဲ့အချိန် ရင်ဖွင့်လိုက်ပါ။ သူမရဲ့လက်မောင်းဖောင်းဖောင်းအိအိလေးတွေနဲ့ ပွေ့ဖက် အားပေးပါလိမ့်မယ်။

၅။ နားလည်ပေးနိုင်စွမ်းရှိတယ်
မင်းရဲ့ ရုပ်ရှင်တွေ ဗွီဒီယိုဂိမ်းတွေနဲ့ အချိန်ကုန်နေရင်လည်း Chubby လေးကမင်းကိုစိတ်ကောက်ပြီး ပစ်ထားသွားမှာမဟုတ်ပါဘူး ။ သူကမင်းနဲ့အတူ ရုပ်ရှင်လိုက်ကြည့်မယ် မင်းဆော့တဲ့ဂိမ်း နဲ့ မင်းကြိုက်တဲ့ အရာတွေအကြောင်းကို သိဖို့ကြိုးစားမယ့်သူလေးပါ။

၆။ အပြင်ထွက်ဖို့ ခေါ်ရမခက်ဘူး
သူတို့ကအလွန်အကျွံ ပဲ မများကြပါဘူး။ အလှပြင်ဖို့အချိန်ယူတာနည်းတဲ့အတွက် ဘယ်အချိန်သွားမလဲ အချိန်မရွေး အဆင်သင့်ပါပဲ။

၇။ ဘယ်နေရာသွားသွားရတယ်
သူမကဘယ်နေရာသွားသွားမင်းနဲ့အတူဆိုပျော်နေမှာပါ။ ရာသီဥတုပူလွန်းလို့ အသားအရေထိန်းသိမ်းဖို့ စသဖြင့် အကြောင်းပြချက်တွေနဲ့ ငြင်းခုံနေရမှာမဟုတ်ပါဘူး။

၈။ မျက်နှာများမှာမပူရဘူး
ခန္ဓာကိုယ်အလှကိုသာဦးစားပေးတတ်တဲ့ ပုရိသတွေဟာ မင်းရဲ့ချစ်စရာကောင်းတဲ့ ဖိုးဝရုပ်လေးကို ခိုးယူသွားဖို့ဆိုတာ အလွယ်တကူမဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် သူဟာမင်းရဲ့တစ်ဦးတည်းမူပိုင်ဖိုးဝရုပ်လေးပါ။

၉။ စကားပြောကောင်းတယ်
သူမရဲ့စိတ်ကူးတွေ အိမ်မက်တွေ သူမသဘောကျတဲ့အရာတွေအကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ပြောပြတတ်တာကြောင့် မင်းငြီးငွေ့သွားမှာမဟုတ်ပါဘူး။

၁၀။ ပျော်ပျော်နေတတ်တယ်
သူမဟာ အလှပျက်မှာကိုမစိုးရိမ်တတ်သူမို့ ရယ်စရာရှိရင် အားရပါးရ ရယ်တတ်သူပါ။ ပျော်ပျော်နေတတ်သူမို့လို့ သူမဟာမင်းကိုစိတ်ချမ်းသာစေပါမှာ။

နှင်းပွင့်
akhamaet.com

Labels:

Saturday, June 10, 2017

ပါးနပ္တဲ႔ မိ္န္းမ ႏွင္႔ အူတဲ႔ မိန္းမ


အူတဲ့မိန္းမဟာ ကိုယ့္ေယာက္်ားရဲ႕ အားနည္းခ်က္ကို အၿမဲ မ်က္စိေတာက္ေထာက္ ၾကည့္ေနတတ္ၾကတယ္။ ေယာက္်ားဆိုတာ ၾကည့္ႏိုင္ပါမွ ေတာ္ကာက်တယ္ဆိုတဲ့ သေဘာမ်ဳိး……
ပါးနပ္တဲ့မိန္းမက်ေတာ့ ကိုယ့္ေယာက္်ားရဲ႕ အားသာခ်က္ကိုပဲ အၿမဲသတိထားမိတယ္၊ ၾကည္ညိဳအားကိုးတဲ့ပံုစံမ်ဳိး……
အူတဲ့မိန္းမဟာ ေနရာမေရြး ေယာက္်ားကို ျပႆနာရွာတတ္ၾကတယ္။
ေယာက္်ားျဖစ္တဲ့သူက ဘယ္မွာ မ်က္နာထားရမွန္းေတာင္ မသိေတာ့ဘူး……
ပါးနပ္တဲ့မိန္းမက်ေတာ့ ေယာက္်ားကို လူေရွ႕သူေရွ႕မွာ မ်က္နာေပးေလ့ရိွတယ္။
ကြယ္ရာမွာက်ေတာ့ ေယာက္်ားကို ႏိုင္ေအာင္ထိန္းတယ္……
အူတဲ့မိန္းမဟာ ေယာက္်ားကို အၿမဲႏွိမ္တယ္။
ေယာက်္ားကို ႏိွမ္လိုက္ရင္ ကိုယ္လည္း အဆင့္က်သြားမွန္း သူတို႔သိပံုမရပါဘူး……
ပါးနပ္တဲ့မိန္းမက်ေတာ့ ေယာက်္ားကို အၿမဲ ပင့္ထားေလ့ရိွတယ္။
ေယာက္်ားေကာင္းစားရင္ ကိုယ္လည္း လိုက္ၿပီးေကာင္းစားတယ္ မဟုတ္လား……
အူတဲ့မိန္းမဟာ အျဖစ္ေဟာင္းေတြကို တဖ်စ္ေတာက္ေတာက္ ၿငီးေနတတ္တယ္……
ပါးနပ္တဲ့မိန္းမက်ေတာ့ ေယာက်္ားနဲ႔အတူ ေကာင္းတဲ့အနာဂတ္ကိုပဲ စိတ္ကူးယဥ္ ေမ်ာ္မွန္းေနၾကတယ္ေလ……
အူတဲ့မိန္းမဟာ ေယာက်္ားရဲ႕အျပစ္တစ္ခုခုကို ေတြ႔ခဲ့ရင္ ေျပာလို႔မဆံုးႏိုင္ေတာ့ပါဘူး၊
ရွင္တို႔ ေယာက်္ားေတြဆိုတာ ဒီလိုႀကီးပဲလား၊ ဒီတသက္ ရွင့္ကို ဘယ္ေတာ့မွ မယံုဘူးမွတ္ပါ……
ပါးနပ္တဲ့မိန္းမက်ေတာ့ ေယာက်္ားကို ခြင့္လြတ္လြယ္တယ္၊ ေယာက်္ားကို အၿမဲတမ္း ႀကီးျပင္းရင့္က်က္ဖို႔ ေႏွးေကြးေနတဲ့ ကေလးႀကီးလိုပဲ ႔သေဘာထားေလ့ရိွတယ္……
အူတဲ့မိန္းမ မသိလိုက္တာက ေယာက္်ားဆိုတာ ေလာက္ေလးဂြရဲ႕ေလာက္စာလံုးလိုပဲ၊
သားေရကို ဆြဲေလေလ ေလာက္စာလံုး အေ၀းကို လြင့္ေလေလပဲ……
ပါးနပ္တဲ့မိန္းမက်ေတာ့ ေယာက်္ားကို ေလတံခြန္ ေစာ့သလုိ ကိုင္တြယ္ႏိုင္စြမ္းရိွတယ္။
ဘယ္ေလာက္ျမင့္ျမင့္၊ ဘယ္ေလာက္ေ၀းေ၀း၊ ႀကိဳးစက ကိုယ့္လက္ထဲမွာမဟုတ္လား……
အူတဲ့မိန္းမက ဒီလိုေအာ္ေျပာတတ္တယ္၊ ရွင္ဒီအိမ္ေပၚကေန ဆင္းသြားစမ္း……
လိမၼာတဲ့မိ္န္းမက်ေတာ့ ဒီလိုခြ်ဲတတ္ျပန္တယ္၊ က်မကိုပစ္ၿပီး ခြဲမသြားနဲ႔ေနာ္တဲ့……
အခ်ဳပ္ေျပာရရင္ေတာ့……
အူတဲ့မိန္းမဟာ သူရဲ႕မ်က္ရည္ၾကားထဲကပဲ ေယာက်္ားကို အရံႈးနဲ႔ ရင္ဆိုင္ေစႏိုင္သလို
ပါးနပ္တဲ့မိ္န္းမက်ေတာ့လည္း သူ႔ရဲ႕အၿပံဳးၾကားမွာ
ေယာက်္ားကို ေအာင္ျမင္ေအာင္ကူညီႏိုင္ခဲ့တယ္……
Credit: Sayar Aung Ko latt
akhamaet.com


အူတဲ့မိန်းမဟာ ကိုယ့်ယောက်ျားရဲ့ အားနည်းချက်ကို အမြဲ မျက်စိတောက်ထောက် ကြည့်နေတတ်ကြတယ်။ ယောက်ျားဆိုတာ ကြည့်နိုင်ပါမှ တော်ကာကျတယ်ဆိုတဲ့ သဘောမျိုး……
ပါးနပ်တဲ့မိန်းမကျတော့ ကိုယ့်ယောက်ျားရဲ့ အားသာချက်ကိုပဲ အမြဲသတိထားမိတယ်၊ ကြည်ညိုအားကိုးတဲ့ပုံစံမျိုး……
အူတဲ့မိန်းမဟာ နေရာမရွေး ယောက်ျားကို ပြဿနာရှာတတ်ကြတယ်။
ယောက်ျားဖြစ်တဲ့သူက ဘယ်မှာ မျက်နာထားရမှန်းတောင် မသိတော့ဘူး……
ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျားကို လူရှေ့သူရှေ့မှာ မျက်နာပေးလေ့ရှိတယ်။
ကွယ်ရာမှာကျတော့ ယောက်ျားကို နိုင်အောင်ထိန်းတယ်……
အူတဲ့မိန်းမဟာ ယောက်ျားကို အမြဲနှိမ်တယ်။
ယောကျ်ားကို နှိမ်လိုက်ရင် ကိုယ်လည်း အဆင့်ကျသွားမှန်း သူတို့သိပုံမရပါဘူး……
ပါးနပ်တဲ့မိန်းမကျတော့ ယောကျ်ားကို အမြဲ ပင့်ထားလေ့ရှိတယ်။
ယောက်ျားကောင်းစားရင် ကိုယ်လည်း လိုက်ပြီးကောင်းစားတယ် မဟုတ်လား……
အူတဲ့မိန်းမဟာ အဖြစ်ဟောင်းတွေကို တဖျစ်တောက်တောက် ငြီးနေတတ်တယ်……
ပါးနပ်တဲ့မိန်းမကျတော့ ယောကျ်ားနဲ့အတူ ကောင်းတဲ့အနာဂတ်ကိုပဲ စိတ်ကူးယဉ် မျော်မှန်းနေကြတယ်လေ……
အူတဲ့မိန်းမဟာ ယောကျ်ားရဲ့အပြစ်တစ်ခုခုကို တွေ့ခဲ့ရင် ပြောလို့မဆုံးနိုင်တော့ပါဘူး၊
ရှင်တို့ ယောကျ်ားတွေဆိုတာ ဒီလိုကြီးပဲလား၊ ဒီတသက် ရှင့်ကို ဘယ်တော့မှ မယုံဘူးမှတ်ပါ……
ပါးနပ်တဲ့မိန်းမကျတော့ ယောကျ်ားကို ခွင့်လွတ်လွယ်တယ်၊ ယောကျ်ားကို အမြဲတမ်း ကြီးပြင်းရင့်ကျက်ဖို့ နှေးကွေးနေတဲ့ ကလေးကြီးလိုပဲ ့သဘောထားလေ့ရှိတယ်……
အူတဲ့မိန်းမ မသိလိုက်တာက ယောက်ျားဆိုတာ လောက်လေးဂွရဲ့လောက်စာလုံးလိုပဲ၊
သားရေကို ဆွဲလေလေ လောက်စာလုံး အဝေးကို လွင့်လေလေပဲ……
ပါးနပ်တဲ့မိန်းမကျတော့ ယောကျ်ားကို လေတံခွန် စော့သလို ကိုင်တွယ်နိုင်စွမ်းရှိတယ်။
ဘယ်လောက်မြင့်မြင့်၊ ဘယ်လောက်ဝေးဝေး၊ ကြိုးစက ကိုယ့်လက်ထဲမှာမဟုတ်လား……
အူတဲ့မိန်းမက ဒီလိုအော်ပြောတတ်တယ်၊ ရှင်ဒီအိမ်ပေါ်ကနေ ဆင်းသွားစမ်း……
လိမ္မာတဲ့မိ်န်းမကျတော့ ဒီလိုချွဲတတ်ပြန်တယ်၊ ကျမကိုပစ်ပြီး ခွဲမသွားနဲ့နော်တဲ့……
အချုပ်ပြောရရင်တော့……
အူတဲ့မိန်းမဟာ သူရဲ့မျက်ရည်ကြားထဲကပဲ ယောကျ်ားကို အရှုံးနဲ့ ရင်ဆိုင်စေနိုင်သလို
ပါးနပ်တဲ့မိ်န်းမကျတော့လည်း သူ့ရဲ့အပြုံးကြားမှာ
ယောကျ်ားကို အောင်မြင်အောင်ကူညီနိုင်ခဲ့တယ်……
Credit: Sayar Aung Ko latt
akhamaet.com

Labels:

Friday, June 9, 2017

လိုင္းသံုးတာလဲ ၾကာျပီ ဖြမ္ေၾကာင္တာလဲ ဖုန္းမီးေတာက္ေနျပီ ခုထိဘာလို႔ တေယာက္မွမရေသးတာလဲ သိလား?


သင့္ကုိ အြန္လုိင္းေပၚကေန အခ်ိန္မွန္ စာပုိ႔ေနတဲ့ တစုံတစ္ေယာက္ ရွိေနၿပီလား … ?။ မရွိရင္ အရင္ရွာလိုက္ပါ ဦး ။ရွာလို႔ရျပီးမွ ကိုယ္႔ဖက္ ပါမပါသံုးသပ္ဖို႔ လိုျပီေနာ္ သူ သင့္ကုိ အမွန္တကယ္ စိတ္၀င္စားမႈ ရွိမရွိ အကဲျဖတ္ႏုိင္ပါတယ္။ ေအာက္မွာ ေဖာ္ျပထားတာကေတာ့ သူ သင့္ကို အမွန္တကယ္စိတ္၀င္စားတဲ့အခါမွာ ပုိ႔ေလ့ရွိတဲ့ စာအမ်ိဳးစာပုံစံေတြ ျဖစ္ပါတယ္။ 

(၁) သိမ္းသြင္းျခင္း
လူတစ္ေယာက္ ကုိယ့္ကိုယ္ တစ္ကယ္စိတ္၀င္စားရင္ ခ်စ္ေၾကာင္း/ႀကိဳက္ေၾကာင္းထက္ အရင္ဆုံး ေျပာေလ့ရွိတဲ့ စကားက လွေၾကာင္း၊ ေခ်ာေၾကာင္း၊ ခ်စ္စရာေကာင္းေၾကာင္း၊ အားက်ေၾကာင္း-စတာေတြကို တုိက္႐ုိက္ျဖစ္ေစ သြယ္၀ုိက္၍ျဖစ္ေစ ေဖာ္ျပေလ့ရွိပါတယ္။


(၂) ျပန္စာမွာပါတဲ့ စာလုံးအေရအတြက္
သင္က ေနေကာင္းလား-လုိ႔ ေမးတဲ့အခါ သူက အင္း၊ ဟုတ္-ဆုိတဲ့ ၀ါက်အတုိေတြ မသုံးပါဘူး။ ေနေကာင္းေၾကာင္းကို ဂဃနဏ ရွင္းျပတာမ်ိဳး သူလုပ္ပါလိ္မ့္မယ္။ ဒီလုိပါဘဲ တစ္ခါတေလ ၀ါက်အတုိေလာက္နဲ႔ လုံေလာက္ေပမယ့္ သူက သင့္ကုိ တိတိက်က် ရွင္းျပတာမ်ိဳးဆုိရင္ သူ သင့္ကို စိတ္၀င္စားေနၿပီဆုိတာ ေကာက္ခ်က္ခ်လုိ႔ရပါတယ္။ တစ္နည္းေျပာရရင္ သင္နဲ႔ စာပုိ႔တဲ့အခါတုိင္း အနည္းဆုံးေတာ့ စာ႐ုိက္ရမွာ မပ်င္းဘူးဆုိတဲ့ သေဘာေပါ့။

(၃) ခ်က္ခ်င္းစာျပန္တယ္

သူသာ အြန္လုိင္းမွာ Active ျဖစ္ေနလုိ႔ကေတာ့ သင္ စာပုိ႔လုိက္တာနဲ႔ ခ်က္ခ်င္းစာျပန္ေလ့ရွိပါတယ္။ ဒါဟာ သင့္အတြက္ အၿမဲတမ္း အဆင္သင့္ ျဖစ္ေနတဲ့သေဘာပါ။

(၄) ေမးတဲ့အခါတုိင္း စိတ္လုိလက္ရ ေျဖတယ္

သင္က ေမးခြန္းေတြ ေမးတဲ့အခါတုိင္း စိတ္လုိလက္ရ ေျဖေလ့ရွိပါတယ္။ တစ္ခါတေလ သူမသိတဲ့ ေမးခြန္းမ်ိဳးဆုိရင္ေတာင္ အေျဖက သူနဲ႔လက္လွမ္းမီတဲ့တစ္ေနရာရာမွာ ရွိေနရင္ … ခဏေလး စာအုပ္ထဲမွာ မွတ္ထားတယ္ .. ျပန္ၾကည့္လုိက္ဦးမယ္ … ဟုိတစ္ေန႔က အင္တာနက္ထဲမွာ ေတြ႔လုိက္တယ္ … ျပန္ရွာေပးပါ့မယ္-စသျဖင့္ အဲဒီေလာက္ထိကို လုိလုိခ်င္ခ်င္ ရွိတတ္ပါတယ္။

(၅) ေလးစားမႈနဲ႔သာ ဆက္ဆံတယ္


တစ္ခ်ိဳ႕ေသာသူေတြဟာ နည္းနည္းေလး လုိက္လုိက္ေလွ်ာေလွ်ာ ရွိလာရင္ Nude ပုံေတြ ေတာင္းတတ္ပါတယ္။ တစ္ခါတေလ လိင္ကိစၥကုိ ဦးစားေပးတဲ့ စကားေတြနဲ႔ Sex Chat ဖုိ႔ ဆြယ္ေရာင္ျပပါတယ္။ သူကေတာ့ အဲဒီလုိ မဟုတ္ပါ။ သင့္ကို ေလးစားမႈနဲ႔သာ ဆက္ဆံၿပီး သူ႕ကုိ အၾကည္ညိဳတန္ေစမယ့္ စကားလုံးေတြ မသုံးပါဘူး။


နတ္စည္ေတာ္ (Shwemom)
akhamaet.com
သင့ၠဳိ ၾအႏႅဳိင္းေပၚေကန အခ္ိႏၼြႏ္ စာပုိ႔ေနတဲ့ တစုံတစ္ေယာက္ ရြိေနၿပီလား … ?။ သူ သင့ၠဳိ အမြႏၲကယ္ စိတ္၀ငၥားမႈ ရြိမရြိ အကဲ်ဖတ္ႏုိငၸါတယ္။ ေအာကၼြာ ေဖာ္်ပထားတာေကတာ့ သူ သင့ၠိဳ အမြႏၲကယၥိတ္၀ငၥားတဲ့အခါမြာ ပုိ႔ေလ့ရြိတဲ့ စာအမ္ိဳးစာပုံစံေၾတ ်ဖစၸါတယ္။ 

(၁) သိမ္းၾသင္း်ခင္း
လူတစ္ေယာက္ ကုိယ့ၠိဳယ္ တစၠယၥိတ္၀ငၥားရင္ ခ္စ္ေၾကာင္း/ႀကိဳက္ေၾကာင္းထက္ အရငၧဳံး ေ်ပာေလ့ရြိတဲ့ စကားက ေလြၾကာင္း၊ ေခ္ာေၾကာင္း၊ ခ္စၥရာေကာင္းေၾကာင္း၊ အားက္ေၾကာင္း-စတာေၾတကို တုိက္႐ုိက္်ဖစ္ေစ ၾသယ္၀ုိက္၍်ဖစ္ေစ ေဖာ္်ေပလ့ရြိပါတယ္။


(၂) ်ပႏၥာမြာပါတဲ့ စာလုံးေအရအၾတက္

သငၠ ေေနကာင္းလား-လုိ႔ ေမးတဲ့အခါ သူက အင္း၊ ဟုတ္-ဆုိတဲ့ ၀ါက္အတုိေၾတ မသုံးပါဘူး။ ေေနကာင္းေၾကာင္းကို ဂဃနဏ ရြင္း်ပတာမ္ိဳး သူလုပၸါလိၼ့ၼယ္။ ဒီလုိပါဘဲ တစၡါေတလ ၀ါက္အတုိေလာကၷဲ႔ လုံေလာက္ေပမယ့္ သူက သင့ၠဳိ တိတိက္က္ ရြင္း်ပတာမ္ိဳးဆုိရင္ သူ သင့ၠိဳ စိတ္၀ငၥားေနၿပီဆုိတာ ေကာကၡ္ကၡ္လုိ႔ရပါတယ္။ တစၷၫ္းေ်ပာရရင္ သငၷဲ႔ စာပုိ႔တဲ့အခါတုိင္း အနၫ္းဆုံးေတာ့ စာ႐ုိက္ရမြာ မပ္င္းဘူးဆုိတဲ့ ေသဘာေပါ့။

(၃) ခ္ကၡ္င္းစာ်ပႏၲယ္
သူသာ ၾအႏႅဳိင္းမြာ Active ်ဖစ္ေနလုိ႔ေကတာ့ သင္ စာပုိ႔လုိကၱာနဲ႔ ခ္ကၡ္င္းစာ်ပႏ္ေလ့ရြိပါတယ္။ ဒါဟာ သင့္အၾတက္ အၿမဲတမ္း အဆင္သင့္ ်ဖစ္ေနတဲ့ေသဘာပါ။

(၄) ေမးတဲ့အခါတုိင္း စိတႅဳိလက္ရ ေ်ဖတယ္

သငၠ ေမးျခႏ္းေၾတ ေမးတဲ့အခါတုိင္း စိတႅဳိလက္ရ ေ်ေဖလ့ရြိပါတယ္။ တစၡါေတလ သူမသိတဲ့ ေမးျခႏ္းမ္ိဳးဆုိရင္ေတာင္ ေအ်ဖက သူနဲ႔လကႅြမ္းမီတဲ့တစ္ေနရာရာမြာ ရြိေနရင္ … ခေဏလး စာအုပၴဲမြာ မြတၳားတယ္ .. ်ပႏ္ၾကည့ႅဳိက္ဦးမယ္ … ဟုိတစ္ေန႔က အငၲာနကၳဲမြာ ေၾတ႔လုိကၱယ္ … ်ပႏ္ရြာေပးပါ့မယ္-စသ်ဖင့္ အဲဒီေလာကၳိကို လုိလုိခ္ငၡ္င္ ရြိတတၸါတယ္။

(၅) ေလးစားမႈနဲ႔သာ ဆကၦံတယ္

တစၡ္ိဳ႕ေသာသူေၾတဟာ နၫ္းနၫ္းေလး လုိကႅဳိက္ေလြ္ာေလြ္ာ ရြိလာရင္ Nude ပုံေၾတ ေတာင္းတတၸါတယ္။ တစၡါေတလ လိငၠိစၥကုိ ဦးစားေပးတဲ့ စကားေၾတနဲ႔ Sex Chat ဖုိ႔ ၾဆယ္ေရာင္်ပပါတယ္။ သူေကတာ့ အဲဒီလုိ မဟုတၸါ။ သင့ၠိဳ ေလးစားမႈနဲ႔သာ ဆကၦံၿပီး သူ႕ကုိ အၾကၫ္ညိဳတႏ္ေစမယ့္ စကားလုံးေၾတ မသုံးပါဘူး။


နတၥၫ္ေတာ္ (Shwemom)
akhamaet.com

Labels:

မိန္းကေလးတိုင္းအတြက္ အားေဆး (အားႏြဲ႔တဲ႔ မိန္းမသားမဟုတ္ပါ)

လြန္ခဲ့တဲ့ႏွစ္ေပါင္း(၃၀)ေက်ာ္ေလာက္က ေရးခဲ့တဲ့ ၀တၳဳရွည္တစ္ပုဒ္ကို ဖတ္ၿဖစ္ေတာ့ အဲဒီထဲမွာ 'အားႏြဲ႔တဲ့မိန္းမသား' ဆုိတဲ့ စကားလံုးကို ၾကိမ္ဖန္မ်ားစြာ အသံုးၿပဳထားတာ ေတြ႔ရပါတယ္။ အဲဒီဇာတ္လမ္းထဲမွာ ဘုရင္မအၿဖစ္ ပါ၀င္တဲ့ ဇာတ္ေဆာင္ကိုလည္း ဦးမေဆာင္ႏုိင္သူ၊ မုိက္မဲသူ၊ ဘ၀င္ၿမင့္သူအၿဖစ္ ပံုေဖာ္ထားတယ္။ ဒါေၾကာင့္ သူ႔ဘ၀လံုၿခံဳဖုိ႔အတြက္ ေယာက်ာ္းတစ္ေယာက္ မၿဖစ္မေန ယူဖို႔လုိတယ္ ဆုိတာမ်ိဳး ေၿပာထားတယ္။
လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကစာ ဆုိေတာ့လည္း ဒီေလာက္ေတာ့ ရွိမွာေပါ့။ ဇာတ္လမ္းသေဘာလည္း ပါမွာေပါ့ေလ။ တကယ္ေတာ့ ဒီလိုအယူအဆေတြက ခုခ်ိန္ထိေတာင္ ရွိေနၾကဆဲပါ။ ကုန္ကုန္ေၿပာရရင္ စစ္ဗုိလ္ခ်ဳပ္ၾကီးေတြနဲ႔ အန္တီစုန႔႔ဲကိုေတာင္မွ “ခင္ဗ်ားတုိ႔က ေယာက်ာ္းၾကီးတန္မဲ့၊ အားႏြဲ႔တဲ့ မိန္းမသားကို ဘယ္လုိ ဘာညာ” ေၿပာတတ္ၾကေသးတာ မဟုတ္လား။ မရုိေသ့စကားေၿပာရရင္ ဒီလူၾကီးေတြနဲ႔ အန္တီစု လူလူခ်င္း တုိက္ၾကခုိက္ၾကရင္ေတာ့ ဟုတ္တာေပါ့။ ဒါေပမဲ့ ႏွစ္ေပါင္းမ်ားစြာ ေနအိမ္အက်ယ္ခ်ဳပ္ခ်၊ စိတ္ဓါတ္စစ္ဆင္ေရးေတြလုပ္၊ နည္းမ်ိဳးစံုနဲ႔ ပုဂိၢဳလ္ေရးအပုပ္ခ်၊ မိသားစုလည္း တကြဲတၿပားၿဖစ္ရ၊ အဲဒါေတြၾကားထဲကေတာင္ ကိုယ့္ယံုၾကည္ခ်က္ကို မစြန္႔လႊတ္ခဲ့သူ၊ လက္နက္ရွိတဲ့လူေတြကို ဘာလက္နက္မွ မပါဘဲ အၾကမ္းမဖက္လမ္းစဥ္နဲ႔ အႏုိင္ယူခဲ့သူကို အားႏြဲ႔တယ္ဆုိေတာ့လည္း ရယ္ရအခက္၊ ငိုရအခက္။
အားႏြဲ႔တယ္ဆုိတာက ကုိယ္ခႏၶာသန္မာမႈကို ေၿပာတာေပ့ါေလ။ ဒါကလည္း သဘာ၀ပဲကုိး၊ ေယာက်ာ္းေလးတစ္ေယာက္မွာ ဖုိေဟာ္မုန္းထြက္လာရင္ ၾကြက္သားထု ၿဖစ္လာေပမဲ့ မေဟာ္မုန္းဆုိတာက မိန္းကေလးတစ္ေယာက္ရဲ႔ အသားအရည္ကို ႏူးညံ႔ေစတာမ်ိဳးကိုး။ ဒါေတာင္ ခုေနာက္ပိုင္း ၾကြက္သားေတြအေၿမွာင္းေၿမွာင္းနဲ႔ အမ်ိဳးသမီးေတြလည္း ရွိလာၿပီ။ စစ္မက္ၿဖစ္ပြါးတဲ့အခ်ိန္၊ သဘာ၀ေဘးသင့္တဲ့အခ်ိန္၊ ဒီလို တည္ၿငိမ္မႈပ်က္ၿပားသြားၿပီး တရားဥပေဒစုိးမိုးမႈ အားနည္းတဲ့ အေနအထားမ်ိဳးေတြမွာ အမ်ိဳးသမီးေတြဟာ ခြန္အားနည္းတာေၾကာင့္ အႏုိင္က်င့္ေစာ္ကားမႈေတြ ခံၾကရတယ္။ အထိခုိက္လြယ္ဆံုး လူအုပ္စု ၿဖစ္လာတယ္။ ဒါေၾကာင့္ အဲဒီလိုအခ်ိန္ေတြဆုိ အမ်ိဳးသမီးေတြကို ပုိၿပီး အကာအကြယ္ ေပးၾကရတယ္။
ဒါေပမဲ့ ဒီလုိမဟုတ္ဘဲ တည္ၿငိမ္မႈ၊ တရားဥပေဒစိုးမုိးမႈရွိေနတဲ့ အေနအထားမ်ိဳးမွာက် အားႏြဲ႔တယ္ဆုိတာက ေၿပာရခက္သြားၿပီ။ ဘာလို႔ဆိုေတာ့ ဒီေခတ္မွာ ခြန္အားၾကီးလို႔ အလုပ္ၿဖစ္တာ နပန္းသမားနဲ႔ ရုပ္ရွင္ထဲကလူၾကမ္းပဲ ရွိေတာ့တယ္။ အားလံုးက ပညာနဲ႔လုပ္ၾက၊ ယွဥ္ၾကတဲ့ေခတ္ ၿဖစ္ေနၿပီ။ (ေလးတဲ့ပစၥည္း သယ္တာ၊မတာ၊ ဒါေတြေတာ့ ကပ္မေၿပာၾကဖုိ႔ ေတာင္းပန္ပါရေစ) ဒါေၾကာင့္ ဒီေခတ္မွာ အားႏြဲ႔တယ္ဆုိတာဟာ ပညာမတတ္တာကို ေခၚတာၿဖစ္ပါတယ္။ ဒီေတာ့ အားႏြဲ႔သူက မိန္းမလည္း ၿဖစ္ႏုိင္တယ္၊ ေယာက်ာ္းလည္းၿဖစ္ႏုိင္တယ္။
ဟုိတစ္ေလာက ဆုိင္တစ္ဆုိင္မွာထုိင္ေနုတုန္း ကၽြန္ေတာ့္ေရွ႔ကေန ႏုိင္ငံၿခားသားစံုတြဲႏွစ္ေယာက္ ၿဖတ္ေလွ်ာက္သြားတယ္။ သူတုိ႔ထံုးစံအတုိင္း မိန္းကေလးၿဖစ္သူကလည္း သူ႔အထုပ္သူသယ္တာေပါ့။ အဲဒါကို ေနာက္ကလိုက္လာတဲ့ ၿမန္မာေကာင္ေလးႏွစ္ေယာက္က ကဲ့ရဲ႔ေနၾကတယ္။ ေယာက်ာ္းၿဖစ္ၿပီး မိန္းမကို အထုပ္သယ္ခုိင္းရသလား တဲ့။ ဒီမွာက အထုပ္ဆုိ ေယာက်ာ္းေလးေတြကပဲ သယ္ရဆြဲရတာ မ်ားတယ္။ မိန္းကေလးေတြကုိယ္တုိင္ကလည္း တခုခုဆုိ 'ငါတုိ႔က မိန္းကေလးေတြ' ဆုိတာမ်ိဳး လုပ္တတ္ၾကတာကုိး။ အဲဒီလို လူၿမင္ကြင္းမွာ “ညွာတာစရာ” ၿဖစ္ေနခဲ့တဲ့သူေတြဟာ အေမွာင္ထဲေရာက္တဲ့အခါ၊ လူသူကင္းေ၀းတ့ဲေနရာ ေရာက္တဲ့အခါက်ေတာ့ “အႏုိင္က်င့္စရာ”အၿဖစ္ ေၿပာင္းလဲရႈၿမင္ခံၾကရေတာ့တာေပါ့။
တစ္ခါကလည္း ကေလးထပ္မယူေတာ့ဘူးဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ကုိ ကုိယ္၀န္တားပစၥည္းတစ္ခု ထည္႔ေပးလိုက္တယ္။ ေနာက္ရက္က်ေတာ့ မ်က္ႏွာမွာ အညိဳအမဲစြဲၿပီး ၿပန္ေရာက္လာတယ္။ သူ႔ေယာက်ာ္းက "နင္ ဒါေတြသံုးတာ ငါ့ေနာက္ကြယ္မွာ လင္ငယ္ေနခ်င္လို႔လား" ဆုိၿပီး ရုိက္ႏွက္လိုက္တာတဲဲ့။ ကၽြန္ေတာ္တုိ႔က မခံႏုိင္လုိ႔ ေၿပာၾကေတာ့ သူက ၿပန္ေၿပာတယ္၊ "ကုိယ့္ေယာက်ာ္းက ခ်စ္လို႔ ဆံုးမတာပဲ ဆရာရယ္၊ လက္ခံရမွာေပါ့" တဲ့။
မိန္းမေကာင္းဆိုတာ လင္ေယာက်ာ္းကို စိတ္မၿငိဳၿငင္ရေအာင္ ၿပဳစုရမယ္၊ သူေၿပာတာ နာခံရမယ္၊ အလုပ္ထြက္လုပ္စရာ မလုိဘူး၊ အိမ္ေထာင္မႈႏုိင္နင္းရင္ ရၿပီ၊ အစရွိတဲ့ မိန္းမဆိုတာ တစ္ဆင့္နိမ့္တယ္ဆုိတဲ့ သတ္မွတ္ခ်က္ေတြကို အမ်ိဳးသမီးေတြကိုယ္တုိင္ လက္ခံထားၾကတာက ေတာ္ေတာ္ဆိုးပါတယ္။
ေခါင္းေဆာင္မႈနဲ႔ပတ္သက္ရင္လည္း ဒီလိုပဲ။ အဖြဲ႔အစည္းေတြမွာ အမ်ိဳးသမီးေတြ ဦးေဆာင္ၾကတဲ့အခါ ေတြေ၀တာ၊ မၿပတ္သားတာ၊ မဆံုးၿဖတ္ရဲတာေတြ ရွိတယ္။ အဲဒီအခါ မိန္းမေတြမွာ ဦးေဆာင္ႏုိင္စြမ္း မရွိဘူးလုိ႔ ထင္လာၾကေတာ့တာေပါ့။ တကယ္ေတာ့ ဒါဟာ ငယ္ငယ္ေလးကတည္းက ေနရာေပးမခံရတာ၊ ရဲရဲတင္းတင္း ေနခြင့္မရခဲ့တာ၊ ထံုးတမ္းစဥ္လာေတြေအာက္မွာ ပိၿပားေနခဲ့ရတာေတြနဲ႔ အမ်ားၾကီးသက္ဆုိင္မႈရွိပါတယ္။
ပံုၿပင္ေလးတစ္ပုဒ္ ဖတ္ဖူးတယ္။ ေမြးကင္းစ က်ားေပါက္ေလးတစ္ေကာင္ဟာ ကံဆုိးခ်င္ေတာ့ မိသားစုနဲ႔ ကြဲသြားၿပီး ဆိတ္ေတြၾကားထဲကို ေရာက္သြားသတဲ့။ အေနၾကာလာေတာ့ သူ႔ကုိယ္သူလည္း ဆိတ္လို႔ပဲ ထင္လာတယ္။ အသံထြက္တာေတာင္မွ က်ားတစ္ေကာင္လို မဟိန္းေဟာက္ႏုိင္ေတာ့ဘူး၊ 'ပဲပဲ ပဲပဲ'နဲ႔ပဲ အသံထြက္ေတာ့တယ္။ အေဖၿဖစ္တဲ့က်ားၾကီးနဲ႔ ၿပန္ေတြ႔ေတာ့မွ က်ားေပါက္ေလးကို ေရကန္အစပ္နား ေခၚသြား၊ ေရထဲမွာ ေပၚလာတဲ့ ကုိယ့္ပံုရိပ္ကုိ ၿမင္ေအာင္ၾကည္႔ခုိင္း၊ 'မင္းဟာ က်ားတစ္ေကာင္ၿဖစ္တယ္' လို႔အားေပးၿပီး က်ားလိုဟိန္းေဟာက္ခုိင္းတယ္။ အစပိုင္းေတာ့ 'ပဲပဲ ပဲပဲ' ပဲအသံထြက္တယ္။ ေနာက္ေတာ့ တၿဖည္းၿဖည္းနဲ႔ က်ားသံေပါက္လာၿပီး တကယ့္က်ားစစ္စစ္ ၿပန္ၿဖစ္သြားေတာ့သတဲ့။
အမ်ိဳးသမီးေတြရဲ႔အၿဖစ္ကလည္း အဲဒီက်ားေပါက္ေလးလုိပဲ။ တစ္ဆင့္နိမ့္တယ္ဆိုတဲ့ အၿမင္ေတြေအာက္မွာ အေနၾကာလာေတာ့ ကုိယ္ကုိယ္တုိင္ကပါ ကုိယ့္ကုိကုိယ္ က်ားဆုိတာ ေမ့သြားတယ္။ ငါတုိ႔က အားႏြဲ႔တယ္ေလ၊ အားကိုးရွိမွ၊ ေယာက်ာ္းကိုမွီခုိရမယ္၊ ဦးမေဆာင္ႏုိင္ဘူး၊ ငါတုိ႔ မလုပ္ႏုိင္ပါဘူး၊ ငါတို႔ဒီေလာက္ပဲ တတ္ႏုိင္တယ္ ဆုိၿပီး ကုိယ့္အစြမ္းအစကိုယ္ ပိတ္ပင္ပစ္လုိက္ၾကတယ္။
ဒါေၾကာင့္ ကုိယ့္ကိုကုိယ္ ၿမင္ေအာင္ၾကည္႔ၾကေစခ်င္တယ္။ တကယ္ေတာ့ အမ်ိဳးသမီးေတြဟာ အားႏြဲ႔သူေတြ မဟုတ္ၾကပါဘူး။
က်ားပီပီ အသံထြက္လာေအာင္ ဟိန္းေဟာက္ၾကည္႔ပါ။ စစခ်င္းေတာ့ 'ပဲပဲ ပဲပဲ' ဆုိတဲ့အသံပဲ ထြက္လိမ့္မယ္။ စိတ္ဓါတ္မက်ပါနဲ႔၊ ဒီလိုသတ္မွတ္ခ်က္ေတြေအာက္မွာ ဒီေလာက္အၾကာၾကီး ေနလာခဲ့ၾကမွပဲဟာ။ ဇြဲမေလွ်ာ့ဘဲ ၾကိဳးစားၾကည္႔။ တၿဖည္းၿဖည္းနဲ႔ ကုိယ့္အသံေတြ ဟိန္းထြက္လာလိမ့္မယ္။
မဟိန္းဘဲ ရွိရိုးလား၊ နဂုိမူလ သရုပ္အမွန္က က်ားေတြပဲကုိး။
ေဒါက္တာၿဖိဳးသီဟ
akhamaet.com
Unicode font
လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)ကျော်လောက်က ရေးခဲ့တဲ့ ၀တ္ထုရှည်တစ်ပုဒ်ကို ဖတ်ဖြစ်တော့ အဲဒီထဲမှာ 'အားနွဲ့တဲ့မိန်းမသား' ဆိုတဲ့ စကားလုံးကို ကြိမ်ဖန်များစွာ အသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဘုရင်မအဖြစ် ပါ၀င်တဲ့ ဇာတ်ဆောင်ကိုလည်း ဦးမဆောင်နိုင်သူ၊ မိုက်မဲသူ၊ ဘဝင်မြင့်သူအဖြစ် ပုံဖော်ထားတယ်။ ဒါကြောင့် သူ့ဘဝလုံခြုံဖို့အတွက် ယောကျာ်းတစ်ယောက် မဖြစ်မနေ ယူဖို့လိုတယ် ဆိုတာမျိုး ပြောထားတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစာ ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့။ ဇာတ်လမ်းသဘောလည်း ပါမှာပေါ့လေ။ တကယ်တော့ ဒီလိုအယူအဆတွေက ခုချိန်ထိတောင် ရှိနေကြဆဲပါ။ ကုန်ကုန်ပြောရရင် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အန်တီစုနဲ့့ကိုတောင်မှ “ခင်ဗျားတို့က ယောကျာ်းကြီးတန်မဲ့၊ အားနွဲ့တဲ့ မိန်းမသားကို ဘယ်လို ဘာညာ” ပြောတတ်ကြသေးတာ မဟုတ်လား။ မရိုသေ့စကားပြောရရင် ဒီလူကြီးတွေနဲ့ အန်တီစု လူလူချင်း တိုက်ကြခိုက်ကြရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်၊ နည်းမျိုးစုံနဲ့ ပုဂ္ဂိုလ်ရေးအပုပ်ချ၊ မိသားစုလည်း တကွဲတပြားဖြစ်ရ၊ အဲဒါတွေကြားထဲကတောင် ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့သူ၊ လက်နက်ရှိတဲ့လူတွေကို ဘာလက်နက်မှ မပါဘဲ အကြမ်းမဖက်လမ်းစဉ်နဲ့ အနိုင်ယူခဲ့သူကို အားနွဲ့တယ်ဆိုတော့လည်း ရယ်ရအခက်၊ ငိုရအခက်။

အားနွဲ့တယ်ဆိုတာက ကိုယ်ခန္ဓာသန်မာမှုကို ပြောတာပေ့ါလေ။ ဒါကလည်း သဘာဝပဲကိုး၊ ယောကျာ်းလေးတစ်ယောက်မှာ ဖိုဟော်မုန်းထွက်လာရင် ကြွက်သားထု ဖြစ်လာပေမဲ့ မဟော်မုန်းဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်ကို နူးညံ့စေတာမျိုးကိုး။ ဒါတောင် ခုနောက်ပိုင်း ကြွက်သားတွေအမြှောင်းမြှောင်းနဲ့ အမျိုးသမီးတွေလည်း ရှိလာပြီ။ စစ်မက်ဖြစ်ပွါးတဲ့အချိန်၊ သဘာဝဘေးသင့်တဲ့အချိန်၊ ဒီလို တည်ငြိမ်မှုပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အနေအထားမျိုးတွေမှာ အမျိုးသမီးတွေဟာ ခွန်အားနည်းတာကြောင့် အနိုင်ကျင့်စော်ကားမှုတွေ ခံကြရတယ်။ အထိခိုက်လွယ်ဆုံး လူအုပ်စု ဖြစ်လာတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေဆို အမျိုးသမီးတွေကို ပိုပြီး အကာအကွယ် ပေးကြရတယ်။

ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုရှိနေတဲ့ အနေအထားမျိုးမှာကျ အားနွဲ့တယ်ဆိုတာက ပြောရခက်သွားပြီ။ ဘာလို့ဆိုတော့ ဒီခေတ်မှာ ခွန်အားကြီးလို့ အလုပ်ဖြစ်တာ နပန်းသမားနဲ့ ရုပ်ရှင်ထဲကလူကြမ်းပဲ ရှိတော့တယ်။ အားလုံးက ပညာနဲ့လုပ်ကြ၊ ယှဉ်ကြတဲ့ခေတ် ဖြစ်နေပြီ။ (လေးတဲ့ပစ္စည်း သယ်တာ၊မတာ၊ ဒါတွေတော့ ကပ်မပြောကြဖို့ တောင်းပန်ပါရစေ) ဒါကြောင့် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာဟာ ပညာမတတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီတော့ အားနွဲ့သူက မိန်းမလည်း ဖြစ်နိုင်တယ်၊ ယောကျာ်းလည်းဖြစ်နိုင်တယ်။

ဟိုတစ်လောက ဆိုင်တစ်ဆိုင်မှာထိုင်နေုတုန်း ကျွန်တော့်ရှေ့ကနေ နိုင်ငံခြားသားစုံတွဲနှစ်ယောက် ဖြတ်လျှောက်သွားတယ်။ သူတို့ထုံးစံအတိုင်း မိန်းကလေးဖြစ်သူကလည်း သူ့အထုပ်သူသယ်တာပေါ့။ အဲဒါကို နောက်ကလိုက်လာတဲ့ မြန်မာကောင်လေးနှစ်ယောက်က ကဲ့ရဲ့နေကြတယ်။ ယောကျာ်းဖြစ်ပြီး မိန်းမကို အထုပ်သယ်ခိုင်းရသလား တဲ့။ ဒီမှာက အထုပ်ဆို ယောကျာ်းလေးတွေကပဲ သယ်ရဆွဲရတာ များတယ်။ မိန်းကလေးတွေကိုယ်တိုင်ကလည်း တခုခုဆို 'ငါတို့က မိန်းကလေးတွေ' ဆိုတာမျိုး လုပ်တတ်ကြတာကိုး။ အဲဒီလို လူမြင်ကွင်းမှာ “ညှာတာစရာ” ဖြစ်နေခဲ့တဲ့သူတွေဟာ အမှောင်ထဲရောက်တဲ့အခါ၊ လူသူကင်းဝေးတဲ့နေရာ ရောက်တဲ့အခါကျတော့ “အနိုင်ကျင့်စရာ”အဖြစ် ပြောင်းလဲရှုမြင်ခံကြရတော့တာပေါ့။

တစ်ခါကလည်း ကလေးထပ်မယူတော့ဘူးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်တားပစ္စည်းတစ်ခု ထည့်ပေးလိုက်တယ်။ နောက်ရက်ကျတော့ မျက်နှာမှာ အညိုအမဲစွဲပြီး ပြန်ရောက်လာတယ်။ သူ့ယောကျာ်းက "နင် ဒါတွေသုံးတာ ငါ့နောက်ကွယ်မှာ လင်ငယ်နေချင်လို့လား" ဆိုပြီး ရိုက်နှက်လိုက်တာတဲဲ့။ ကျွန်တော်တို့က မခံနိုင်လို့ ပြောကြတော့ သူက ပြန်ပြောတယ်၊ "ကိုယ့်ယောကျာ်းက ချစ်လို့ ဆုံးမတာပဲ ဆရာရယ်၊ လက်ခံရမှာပေါ့" တဲ့။

မိန်းမကောင်းဆိုတာ လင်ယောကျာ်းကို စိတ်မငြိုငြင်ရအောင် ပြုစုရမယ်၊ သူပြောတာ နာခံရမယ်၊ အလုပ်ထွက်လုပ်စရာ မလိုဘူး၊ အိမ်ထောင်မှုနိုင်နင်းရင် ရပြီ၊ အစရှိတဲ့ မိန်းမဆိုတာ တစ်ဆင့်နိမ့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို အမျိုးသမီးတွေကိုယ်တိုင် လက်ခံထားကြတာက တော်တော်ဆိုးပါတယ်။

ခေါင်းဆောင်မှုနဲ့ပတ်သက်ရင်လည်း ဒီလိုပဲ။ အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ဦးဆောင်ကြတဲ့အခါ တွေဝေတာ၊ မပြတ်သားတာ၊ မဆုံးဖြတ်ရဲတာတွေ ရှိတယ်။ အဲဒီအခါ မိန်းမတွေမှာ ဦးဆောင်နိုင်စွမ်း မရှိဘူးလို့ ထင်လာကြတော့တာပေါ့။ တကယ်တော့ ဒါဟာ ငယ်ငယ်လေးကတည်းက နေရာပေးမခံရတာ၊ ရဲရဲတင်းတင်း နေခွင့်မရခဲ့တာ၊ ထုံးတမ်းစဉ်လာတွေအောက်မှာ ပိပြားနေခဲ့ရတာတွေနဲ့ အများကြီးသက်ဆိုင်မှုရှိပါတယ်။

ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ မွေးကင်းစ ကျားပေါက်လေးတစ်ကောင်ဟာ ကံဆိုးချင်တော့ မိသားစုနဲ့ ကွဲသွားပြီး ဆိတ်တွေကြားထဲကို ရောက်သွားသတဲ့။ အနေကြာလာတော့ သူ့ကိုယ်သူလည်း ဆိတ်လို့ပဲ ထင်လာတယ်။ အသံထွက်တာတောင်မှ ကျားတစ်ကောင်လို မဟိန်းဟောက်နိုင်တော့ဘူး၊ 'ပဲပဲ ပဲပဲ'နဲ့ပဲ အသံထွက်တော့တယ်။ အဖေဖြစ်တဲ့ကျားကြီးနဲ့ ပြန်တွေ့တော့မှ ကျားပေါက်လေးကို ရေကန်အစပ်နား ခေါ်သွား၊ ရေထဲမှာ ပေါ်လာတဲ့ ကိုယ့်ပုံရိပ်ကို မြင်အောင်ကြည့်ခိုင်း၊ 'မင်းဟာ ကျားတစ်ကောင်ဖြစ်တယ်' လို့အားပေးပြီး ကျားလိုဟိန်းဟောက်ခိုင်းတယ်။ အစပိုင်းတော့ 'ပဲပဲ ပဲပဲ' ပဲအသံထွက်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကျားသံပေါက်လာပြီး တကယ့်ကျားစစ်စစ် ပြန်ဖြစ်သွားတော့သတဲ့။

အမျိုးသမီးတွေရဲ့အဖြစ်ကလည်း အဲဒီကျားပေါက်လေးလိုပဲ။ တစ်ဆင့်နိမ့်တယ်ဆိုတဲ့ အမြင်တွေအောက်မှာ အနေကြာလာတော့ ကိုယ်ကိုယ်တိုင်ကပါ ကိုယ့်ကိုကိုယ် ကျားဆိုတာ မေ့သွားတယ်။ ငါတို့က အားနွဲ့တယ်လေ၊ အားကိုးရှိမှ၊ ယောကျာ်းကိုမှီခိုရမယ်၊ ဦးမဆောင်နိုင်ဘူး၊ ငါတို့ မလုပ်နိုင်ပါဘူး၊ ငါတို့ဒီလောက်ပဲ တတ်နိုင်တယ် ဆိုပြီး ကိုယ့်အစွမ်းအစကိုယ် ပိတ်ပင်ပစ်လိုက်ကြတယ်။

ဒါကြောင့် ကိုယ့်ကိုကိုယ် မြင်အောင်ကြည့်ကြစေချင်တယ်။ တကယ်တော့ အမျိုးသမီးတွေဟာ အားနွဲ့သူတွေ မဟုတ်ကြပါဘူး။

ကျားပီပီ အသံထွက်လာအောင် ဟိန်းဟောက်ကြည့်ပါ။ စစချင်းတော့ 'ပဲပဲ ပဲပဲ' ဆိုတဲ့အသံပဲ ထွက်လိမ့်မယ်။ စိတ်ဓါတ်မကျပါနဲ့၊ ဒီလိုသတ်မှတ်ချက်တွေအောက်မှာ ဒီလောက်အကြာကြီး နေလာခဲ့ကြမှပဲဟာ။ ဇွဲမလျှော့ဘဲ ကြိုးစားကြည့်။ တဖြည်းဖြည်းနဲ့ ကိုယ့်အသံတွေ ဟိန်းထွက်လာလိမ့်မယ်။ 
မဟိန်းဘဲ ရှိရိုးလား၊ နဂိုမူလ သရုပ်အမှန်က ကျားတွေပဲကိုး။

ဒေါက်တာဖြိုးသီဟ
akhamaet.com

Labels: