ရန်ကုန်- စစ်တွေ အဝေးပြေးယာဉ် မီးလောင်၊ တစ်ဦးသေဆုံး ...ဗီဒီယို အပြည့်စုံကြည့်ရန်..
စစ်တွေ၊ မတ် ၂ ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာသည့် အောင်ပြည့်စုံ ခရီးသည်တင်ယာဉ်သည် အမ်းမြို့နယ်အတွင်း ယနေ့ (မတ်လ ၂ ရက်)နံနက် ၆ နာရီကျော်က ကားဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့ရာ အမျိုးသမီးတစ်ဦး ပိတ်မိသေဆုံးခဲ့ကြောင်း အမ်းမြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။ ခရီးသည် ၁၈ ဦး တင်ဆောင်လာသည့် အောင်ပြည့်စုံ ခရီးသည်တင်ယာဉ်သည် အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ အုန်းတည်ချောင်းကျေးရွာအနီးရှိ မိုင်တိုင်၂၄ အရောက်တွင် ဝါယာရှော့ဖြစ်ရာမှမီးလောင်ခဲ့ပြီး ဂတ်စ်အိုးများ ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး ကားအတွင်း ပိတ်မိသေဆုံးကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အမ်းမြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းမီးလောင်မှုတွင် အောင်ပြည်စုံ ယာဉ်မောင်း ကောင်းဆက်နိုင်မှာ ထွက်ပြေးသွားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) /၃၃၇ /၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း အမ်းမြို့နယ် ရဲစခန်းထံမှ သိရသည်။ THE VOICE
Labels: နေ့စဉ် သတင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home