အမေး ပို့စ်တခုကို Public တင်လိုက်လို့ ဆဲဆိုကြတဲ့ အပျိုတွေကို ပညာပေးလိုက်တဲ့ ဆရာဝန်တစ်ယောက်
အပျိုများနှင့် ငြင်းခုန်ခြင်း
"ဆရာ.သမီးကအပျိုပါ..အရင်နှစ်ရက်က အီးစီးတူးသောက်ပြီးအခုရာသီလာနေလို့အဲဒါ ကလေးရနိုင်လား ဖြေပေးပါဦးနော်"
မနေ့က ပို့စ်တခုတင်တော့ ကနေ့ ကွန်မန့်တွေ တက်လာတယ်။ ဝေဖန်မှုတွေရှိတယ်။ တချု့်က ဆရာဝန်ဖြစ်ပြီး လူနာကို ဟာသလုပ်တင်တယ်ဆိုပြီး ရေးတယ်။တချို့ကလညိး ကျင့်ဝတ်နဲ့မညီဘူး ဆိုပြီး ဝေဖန်တယ်။ ထောက်ပြသူအများစုက မိန်းကလေးထုဖြစ်တယ်။ တချို့က အပျိုဆိုတာ single ဖြစ်တယ်။ အပျိုစင်(virgin)လို့ ပြောမထားဘူး နားလည်ရဲ့လားဆိုပြီး အကျအန ပြန်ချေပတယ်။ ကွန်မန့်တခ်ျု့က သူတို့အယူဆကို ဒီလိုပြောတယ်။
(၁) ဒါက ဆရာ့ဆီလာမေးတဲ့ လူနာဆိုရင် သူ့ကိုငှဲ့ညှာပါ
သူ့ခမျာလည်း အပြင်ဆေးခန်းမပြဝံ့လို့ အားကိုးတကြီးလာမေးရှာတာနေမာပါ
လာမေးတဲ့သူသာ ဒီစာတွေ့သွားရင် ဘယ်လောက်ရှက်ပြီး မျက်နှာပူနေမလဲ မသိဘူး
နောက်ဆို ကျန်းမားရေး အကြောင်းအရာ လာမေးရဲမှာ မလောက်တော့ဘူး
အပြောမှားသွားရင်ခွင့်လွှတ်ပါ
(၂) သူရေးတဲ့စာကိုဆရာဝန်တယောက်အနေနဲ့နားလည်ရဲ့သားနဲ့ တမင်လှောင်ပြောင် တဲ့အနေနဲ့ဖော်ပြလိုက်တော့ဆရာဟာဆရာဝန်မပီသလိုက်တာလို့ သိလိုက်ရတယ် အထင်ကြီးပီး follow လုပ်ထားတာ ကိုကမှားသွားပီ
(၃)မိန်းခလေးက လက်မထပ်ရသေးတာကိုပြောချင်တာနေမှာပါ ဒါပေမယ့် ဆရာဝန် ethic အရ ကိုယ့်ကို ဒီလို မေးလာတာကို ခုလို လှောင်သလိုလုပ်ပီး public လုပ်တာရယ် နည်းနည်းလေးတောင်ကွန့်တွေးတတ်တဲ့ဥာဏ်မရှိတာရယ်

(၄) ဆရာက သမီးက အပျိုမဟုတ်ပါဘူး
အီးစီးတူးသောက်ပီးရာသီလာနေလို့
အာ့ဘာဖြစ်တာလဲ မသိလို့ပါဆွင် ခုလို ss ပြီး public တင်ခံရမှာမဟုတ်ဘူးဗြဲ...ဆြာ ရက်စက်တယ်

ဝေဖန်သံတွေ ရှိသလို အတင်းပြောဖို့ စောင့်နေသူတွေလည်း ရှိဦးမယ်။ နဂိုတည်းက မကျေနပ်သူတွေလည်း ပါနေနိုင်မယ်။ သို့သော် အားလုံးဟာ ဆဲတာတွေ မရှိ။ခံစားချက်ကို ပြေပြေလည်လည်ရေးကြတယ်။မဆီမဆိုင် ethicဆိုတဲ့ စကားလုံးတွေ တွင်တွင်သုံးတာလည်း လေး၊ငါးယောက်လောက် တွေ့ရတယ်။ ကွန်မန့်တွေ ထပ်ဖတ်တယ်။
(၁) She means she does not get married

she told her secrect and problem cause u r doctor
she truely believed u that is why she asked :-)should not show this on public

- သူက လက်မထပ်ရသေးတာပြောတာ၊ ဆရာဝန်မို့ လျှို့ဝှက်ချက်ပြောတာ၊ လူကြားထဲ ချမပြသင့်ဘူး
(၂) Shame on u Mr. Doc. She didn't say she's virgin. She said "အပျို" which in english is "single." Hav u NOT heard the term "SINGLE MOTHER." I wonder how u became a doc without knowing medical ethics.
- ရှက်စရာပဲ၊ သူ့ကိုသူ ဗာဂျင်(အပျိုစင်)လို့ မပြောထားဘူး၊ အပျိုလို့ပဲပြောတယ်။အင်္ဂလိပ်လိုဆို စင်ဂဲလ်ပေါ့။ စင်ဂဲလ်မားသားဆိုတာ မကြားဖူးဘူးလား၊ ကျင့်ဝတ်တောင်မသိဘဲ ဘယ်လိုလုပ် ဆရာဝန်ဖြစ်လာလဲမသိဘူး။
(၃)Dear Dr.,
As we are doctors and we'd learnt medical ethics since final part1 in forensic, sir should not have done this kind of unethical behaviour even though u didn't mention her account. And i think she wanted to let u know that she's a single according to that consultation, maybe she doesn't know how to explain living together in myanmar words. Now u are making fun of her little mistake in social network.
This kind of act shouldn't be done by doctors especially famous doctor like u. No offense.jux giving an advice. everyone want to attack doctors nowadays.So be careful.
- ဆရာရေ..ကျွန်မတို့ဟာနောက်ဆုံးနှစ်အပိုင်း(က)ထဲက ကျင့်ဝတ်သင်ကြားခဲ့တယ်။ နာမည်မဖော်ပေမယ့် ဒီလိုမျိုးမလုပ်သင့်ဘူး။ သူက စင်ဂဲလ်ဆိုတာ သိစေချင်တာ၊ အခုတော့ သူ့ရဲ့ အမှားသေးသေးလေးကို ဟာသလုပ်နေတယ်။ ဒီလိုအပြုမူမျိုးဆရာ့လို နာမည်ကြီးတယောက်အနေနဲ့ မလုပ်သင့်ဘူး။ တိုက်ခိုက်တာမဟုတ်ပါဘူးဆရာ။ အကြံပေးတာ၊ ဒီနေ့ခေတ်ဆရာဝန်တွေ တိုက်ခိုက်ခံရတယ်လေ၊ သတိထားပါ
(၅)Hello! I think you should not post your patient confidentiality in social media even if it is truly funny or contradictory. Please don't take any wrong about this comment. I am just sharing my thoughts. Peace!
- ဟာသပဲဖြစိဖြစ်၊ ကွဲလွဲစရာဝိရောဓိပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာမှာ မတင်သင့်ဘူးရှင့်။ ကျမအမြင်ကိုပြောခြင်းဖြစ်တယ်
(၆)Means a 'single',doesn't mean 'virgin'.Got it???
Whatever, should respect to her as your patient !!!
- စင်ဂဲလ်ကိုပြောတာ၊ အပျို(စင်)မဟုတ်ဘူး၊ နားလည်ရဲ့လား၊ ဘာပဲဖြစ်ဖြစ် လူနာကို လေးစားသင့်တယ်
ဝေဖန်ရေး၊ လေကန်ရေးသာမက တချို့က အင်္ဂလိပ်စာစကားလုံး အကျအန သင်ပေးကြတယ်။ ကျေးဇူး၊ ကျတော့်ဖက်မှာတော့ ချေပဖို့ စိတ်ကူးမရှိ။ စိတ်မဝင်စား။ စိတ်ဝင်စားစရာက သူတို့ နောက်ကွယ်က အတွေးအခေါ်။ ကနေ့ခေတ် မိန်းကလေးတွေရဲ့ ခံယူချက်က ဘာလဲ။ကွန်မန့်တွေက အဖြေပေးသွားတယ်။
(၁) သူက Virgin လို့ပြောတာမှမဟုတ်ပဲ အပျိုဆိုတာ အိမ်ထောင်မရှိသေးတာကိုခေါ်တာ
(၂) အိမ်ထောင်မရှိရင် အပျိုပဲလေ. အပျိုစင်လိုပြောတာမှမဟုတ်တာ
(၃) ရှင်းပြရရငိ အရှည်ကြီးးဘဲ ညလေးရယ်၊ ဘယ်နိုင်ငံကလူကိုဘဲသွားမေးမေး
ဘယ်သူ့မေးမေးး single နဲ့ married ရဲ့ အဓိပာယ်ကိုသိကြပါတယ်။ single - လက်မထပ်ရသေးးသော သူကို ပြောတာပါ။ ဘယ်လောက်ဘဲ ချစ်သူနဲ့အတူနေဖူးးဖူးသူပာာ လက်မထပ်ရသေးရင် အပျိုပါဘဲ
အပျို နဲ့ အပျိုစင်ဆိုတာ ကွဲပါတယ်ရှင့် ၊ Dr. တယောက်အနေနဲ့ အ့လောက် knowledge တော့ရှိမယ်ထင်တာဘဲ။ ဒါကို joke တခုလို လှောင်လိုက်တော့ ပြောစရာတေဖြစ်ကုန်တာပေါ့
အပျို ဆိုတိုင်း အပျိုစင် မဖြစ်နိုင်သလို လက်မထပ်ရ သေးဘဲနဲ့ အတူနေပီးတိုင်းး အအိုလို့ ပြောလို့မရဘူးလေ
ကောင်မလေးးးပြောတဲ့ထဲ
လိမ်ပြောတဲ့စကားးမပါပါဘူးးကွယ်



နောက်ဆုံးစာကြောင်းက ရီစရာလုပ်ထားပေမယ့် ကျတော်မရီနိုင်ပါ။ ကွန်မန့်ထဲက မိန်းကလေးရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို သတိထားမိတယ်။ တုန်လှုပ်မိတယ်။ နောက်ထပ် ဒီသဘောဆန်ဆန် အလားတူကွန်မန့်တွေ ရှိနေသေးတယ်။ ဒီနေရာမှာ မိန်းကလေးအများစု လက်ခံထားတဲ့ အပျို နဲ့ ကျတော်တို့ နားလည်တဲ့အပျို ကွာခြားချက်က ကြီးမားလာပြီ။
သူတို့လက်ခံထားတဲ့ အပျိုသည် တရားဝင်အိမ်ထောင်မကျသေးသ၍ မိန်းကလေးတိုင်း အပျိုဟုသာ သတ်မှတ်သည်။ ကျန်တာ ဘယ်လိုပင်နေထိုင်ပါစေ အပျိုသာဖြစ်တယ်ဆိုတဲ့ တထစ်ချ အတွေးအခေါ် ခံယူချက်အများမှာ ရှိတယ်။ယောကျာ်းလေးတွေက အပျိုမှန်သမျှ virginဟု ဟိုးအရင်ကတည်းက နားလည်ခဲ့တယ်။ ၂၁ ရာစုမှာ မဟုတ်တော့ပါ။ ဒါတွေဟာ နားလည်မှု လွဲမှားတာဖြစ်တယ်။
ယောကျာ်းလေး- အပျိုလို့ပြောတာနဲ့ အပျိုစင်ဟု နားလည်ပါတယ်။
မိန်းကလေး - မှားပါတယ်။ အပျိုဆိုတာက single ကို ပြောတာ၊ အပျိုစင်(virgin)လို့ ပြောတာမဟုတ်ဘူးရှင့်။ သဘောပေါက်ရဲ့လား။
ဝိရောဓိစကားလုံးတွေရဲ့ နားလည်မှုလွဲမှားတဲ့ ပြဿနာနဲ့ ခံယူချက်ကို ဇာတ်ရည်လည်စပြုလာတယ်။ မိန်းကလေးတွေ လက်ခံထားတဲ့အမြင်နဲ့ ယောကျာ်းတို့ နားလည်တဲ့အမြင် မတူညီပါ။ ခေတ်ရေစီးကြောင်းပြောင်းလဲမှုတွေနဲ့အတူ၊ ခံယူချက်တွေ၊ အသုံးအနှုန်းတွေ ကွဲလွဲလာတယ်၊ ကိုယ်တိုင်နောက်ကျနေခဲ့တာလည်း ဖြစ်မယ်။ တချို့ စကားလုံးအသေးစိတ်ကအစ အကျအနကောက်ပြီး အဓိပ္ပါယ်ဖွင့်တယ်။ အပျိုဆိုတာ singleမို့ virginဖြစ်ဖို့မလို။
ဒီကြားထဲ သူတပါးကို ဟာသလုပ်တာဆိုတဲ့ အမြင်လည်း ရှိပါတယ်။ တင်သမျှပို့စ်တိုင်း မိုက်ရိုင်းတာ၊ဆဲဆိုတာ၊ ပါစင်နယ် တိုက်ခိုက်တာမပါပေမယ့် ဝေဖန်မှုတွေရောက်လာပါတယ်။ သို့သော် "virgin - အပျိုသုံးစွဲမှု - အီးစီးတူးယဉ်ကျေးမှု၊ ဒီနေ့ခေတ်လူငယ်တွေ အသုံးအနှုန်း"က ဘာတခုမှ ရေရေရာရာ အဖြေမရှာပေး။ လိုရင်းမရောက်။ ဆက်စပ်မရတော့။ ကျွန်တော်တို့ နေချင်သလိုနေမယ်။ ခင်ဗျားနဲ့ မဆိုင်။ ခင်ဗျားက မေးတာဖြေ။ public တင်ရင် ပါစင်နယ်တိုက်ခိုက်တာ။ ethic နဲ့ ငြိတယ်။ ဒါဟာ ခင်ဗျားအလုပ်မဟုတ်ဘူး။ ခက်တာက အလားတူမေးခွန်းမေးသူတွေက တဦးတယောက် မဟုတ်ပါ။
ခေတ်က တိုးတက်လာတယ်။ ဘာတွေတိုးတက်လဲ။ မိမိခံယူချက်ကို အွန်လိုင်းမှာ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်လာနိုင်တာ။ ချုပ်တည်းစရာ ဘာတခုမှမလိုတော့တာ။ ပြချင်တာတွေ ပွင့်ပွင့်လင်းလင်းပြတာ။ ပါစင်နယ်ကွန်မန့်ကအစ နာမည်အဆုံး အတိအကျဓာတ်ပုံရိုက်ပြီး တင်လာကြတာတွေ အစုံရှိတယိ။ သို့သော် ဒီလူတွေကပဲ ကျင့်ဝတ်တွေ ပြန်သင်ပြတယ်။
ကျင့်ဝတ်အကြောင်းပြောပြီးတာနဲ့ ဝတ်လစ်စလစ်ပုံ၊ အဓမ္မပြုခံရသူများပုံကို ဖေ့စ်ဘွတ်တွင် ဝမ်းသာအားရ ရှယ်လာကြသည်။ သွေးသံရဲရဲ လက်ရဲဇက်ရဲ တင်လာတယ်။ မျက်လုံးဖုံးကွယ်ဖို့ သတိမရ။ နားမလည်။ သို့သော် ပါးစပ်က ကျင့်ဝတ်ကိုတော့ နည်းနည်းမှအထိပါးမခံ။ နာမည်အစ မက်ဆေ့ခ်ျမှာပြောတာအဆုံး screen shot ရိုက်တင်တာလည်း ကျင့်ဝတ်ဖောက်ဖျက်ခြင်း မဟုတ်ဟု မိမိဘာသာ ခံယူကြတယ်။
ဒါတွေဟာ ပြဿနာရဲ့ အစသာရှိသေးတယ်။ ဒုတိယပြဿနာဆက်လာဦးမယ်။ ကိုယ်ဝန်ဖျက်ခြင်း နေ့စဉ်မရိုးရအောင် အီးမေးလ်ကနေ မေးနေကြတာတွေ ဘယ်လိုလုပ်မှာလဲ။ ဒါတွေဟာ တကယ်ရော မှန်ရဲ့လား။ ဖြစ်သင့်ရဲ့လား။ မဖြစ်သင့်တာ မဖြစ်ရအောင် အရေးပေါ်တွေ တားနည်းတွေအကြောင်း ရေးထားခဲ့တယ်။ မေးတော့ ရေးပြီးသား link ပို့တယ်။ မဖတ်ပါ။ သူတို့သိချင်တာဇွတ်မေးတယ်။ ဖြေမပေးရင် ရန်သူဖြစ်လာတယ်။ အကယ်၍ မတော်တဆ ကလေးရရင် ကိုယ်ဝန်ဖျက်ဖို့ အကူညီတောင်းဦးမယ်။ ဆရာဝန်လည်းခေါင်းခြောက်လာတယ်။ တရက်မဟုတ်၊ နေ့စဉ်ရက်ဆက်ဖြစ်တယ်။
ဒါနဲ့ပက်သတ်ရင် အမြင်နှစ်ဖက် ရှိနိုင်တယ်။
(၁) အမြင်တခု- ဆရာဝန်ဆိုတာ ဖြေရမှာပဲ။ တခြားမှာ ကိုယ်ဝန် သွားဖျက်ရင် ပိုဆိုးမှာပေါ့။လူနာအားကိုးတကြီးမေးတာတောင် မဖြေဘူးလား၊ ဆရာဝန်ကျင့်ဝတ်တွေ နားမလည်ဘူး။ ဒါက မေးတဲ့သူဖက်က အမြင်။
(၂) ဖြေတယ်ဆိုပြန်ရင် ဘယ်လိုပြောမယ်ထင်ပါသလဲ။ ဆရာဝန်တယောက်ဖြစ်ပြီး ကလေးဖျက်ဖို့ အကြံပေးတယ်။ ဆရာဝန်တွေ medical ethic ကို နားမလည်ဘူးလား။ စာနာစိတ်ကို မရှိဘူးလား။ ဒါက ဘေးလူအမြင်။
နှစ်ဖက်လုံး ethic တွေနဲ့ နှိပ်ကွပ်ထားတာ သတိပြုမိမယ်။ သို့သော် အဆိုပါ ethic ပြောတဲ့လူတွေကိုယ်တိုင် မလိုချင်တဲ့ကိုယ်ဝန်ရလာရင် ဘာဆက်လုပ်မယ်ထင်ပါသလဲ။ တွေးချင်စရာ။ ဘေးချော်သွားပြီ။ဆောရီး။
ဒီပြဿနာဟာ ယောကျာ်းလေး အမြင်နဲ့ မ်န်းကလေး အမြင် ကွဲပြားမှု၊ခြားနားချက်ဖြစ်တယ်။ (တချို့က ဟာသလုပ်တယ်ယုံကြည်ထားတယ်) မတူညီတာတော့ ကွန်မန့်တွေအရ သိခဲ့ရတယ်။ သို့သော် မိန်းကလေးတွေကြားမှာ ခေတ်သစ် ခံယူချက်၊အသုံးအနှုန်း အများစုက အံ့ဖွယ် တူညီနေတာ တွေ့ရတယ်။ ကိုယ်တိုင်တော့ အခုထိ ခေတ်ရေစီးကြောင်းကို လက်မခံချင်သေး။ မမြင်ဝံ့သေး။ အပျိုမှန်သမျှ virgin လို့သာ နားလည်နေစေချင်၊ မြင်ချင်နေချင်တဲ့စိတ်ကို စည်းဝိုင်းရဲ့ အတွင်းမှာသာ အမြဲနေစေချင်ခဲ့တယ်။ အပြင်ရောက်အောင် စကားနဲ့သာမက အမူအကျင့်၊အတွေးအခေါ်နဲ့ပါ စည်းရုံးသိမ်းသွင်းနေသူတွေရှိတယ်။ ပါမသွားဖို့ ဆုတောင်းတယ်။ တဖက်မှာလဲ မယိုင်မလဲ တန်ဖိုးထား နေထိုင်ကြတဲ့ အမျိုးသမီးတွေလည်း ရှိနေမယ် ယုံကြည်တယ်။ အရာအားလုံးဟာ မိမိခံယူချက်နဲ့သာ သက်ဆိုင်ပါတယ်။ အမြင်ကွဲပြားမှုတွေကတော့ နေရာတိုင်းမှာ ရှိနေတယ်။
(ကွန်မန့်တွေမှာ ဆဲတာမပါ၊ ဘလော့စရာ မပါ။ ကိုယ့်ယူဆချက်ကို အေးအေးဆေးဆေးပြောကြတာ ဝမ်းသာစရာ၊ ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်)
ဒေါက်တာ အေးမင်းထူး
Labels: ကျန်းမာရေးသုတ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home