ကြောက်မက်ဖွယ် မုန်တိုင်းကြား မြေပြင်မဆင်းသက်နိုင်ပဲ အကြိမ် ၂၀ ပျံဝဲခဲ့ရသည့် လေယာဉ် (ရုပ်သံ)
ဗီဒီယိုကြည့်ရန် နှိပ်ပါ ကြောက်မက်ဖွယ် မုန်တိုင်းတိုက်ခတ်နေချိန် လေပြင်းပြင်းထန်ထန်တိုက်ခတ်နေချိန်မှာ လေယာဉ်တစင်းအနေနဲ့ မြေပြင်ဆီ ဆင်းသက်နိုင်ဖို့ တကယ့်ကို မလွယ်ကူလှပါဘူး။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရိုင်ယန်အဲလေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ်တစင်းဟာ မုန်တိုင်းနဲ့ ကြုံချိန်မှာ လေဆိပ်တွင်း ဆင်းသက်ဖို့ ကြိုးစားခဲ့တာကို တွေ့ရမှာပါ။
ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ စတဲန်းစတက်ဒ်လေဆိပ်ဆီ ဆင်းသက်ဖို့ ကြိုးစားချိန်မှာ ဒေါရစ်စ်မုန်တိုင်းနဲ့ ကြုံပြီး အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတာကို ရိုက်ယူထားခဲ့တာပါ။
လေယာဉ်ဟာ မဆင်းသက်နိုင်ပဲ လေပေါ်မှာ အကြိမ် ၂၀ လောက် လှည့်ပတ်ပျံဝဲ နေခဲ့ရတာကို ထိတ်လန့်ဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လေယာဉ်ဟာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Labels: ဗဟုသုတ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home