Thursday, March 23, 2017

မန္တလေးတွင် ဆိုင်ကယ်စီးရင်း နဖူးတည့်တည့် ကျည်မှန်ခဲ့ခြင်းဟာ Twist ဖြစ်ပြီး မှန်တာပါဆိုတဲ့ ရဲချုပ်ဦးဇော်ဝင်းရဲ့ သုံးသပ်ချက်


မန္တလေး မြို့ပြည်ကြီး တံခွန်မြို့နယ်မှာ မတ်လ၂၂ ရက်နေ့က ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတစ်ဦးရဲ့ နဖူးတည့်တည့်ကို သေနတ် ကျည်ဆန် ထိမှန်ခဲ့ခြင်းမှာ လုပ်ကြံပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ တန်ပြန်ထိမှန်ခဲ့ခြင်းသာဖြစ်နိုင်တလို့ ရဲချူပ်ဇော်ဝင်းက သုံးသပ်လိုက်ပါတယ်။ “အဲသည်အမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြည့်တဲ့ အနေအထားက အက်စီးဒန့်ပါ။ ကျည်ဆန်က တစ်နေရာရာကနေ့ Twist ဖြစ်ပြီး မတော်တဆ လာမှန်တာ ၊ ပစ်ခတ်လုပ်ကြံတာတော့ မဟုတ်ဘူး၊ အ့လိုတော့ မတွေ့ဘူး၊ အဲ့နားမှာ လာပစ်ခတ်သံမှလည်း မကြားရဘူး၊ တနေရာရာကနေ Twist ဖြစ်ပြီး လာထိတဲ့ သဘောလို့ ထင်တယ်။ အဲ့တော့ ဘယ်လိုဆိုတဲ့ Case ကတော့ မသိရသေးဘူး။” လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချူပ်ဇော်ဝင်းက ပြောပါတယ်။
ဆိုင်ကယ်မောင်းနေစဉ်မှာ လာရောက်ထိမှန်တဲ့ ကျည်ဆန်ဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု မဟုတ်ပဲ မတော်တဆ Twist ဖြစ်ပြီး ထိမှန်သေဆုံးခဲ့တာဆိုတာဟာအဝေးတစ်နေရာကနေပစ်ခတ်လိုက်တဲ့ကျည်ဆန်ကို ဓာတ်တိုင်(သို့မဟုတ်) သစ်ပင်ကဲ့သို့ မာကြောတဲ့ အရာကို ထိပြီးတော့မှ တစ်ဆင့် ပြန်လည် ထိမှန်ခြင်းလို့ အသုံးပြုခြင်းဖြစ်ပါတယ်။

“ကျည်ဆန်က ဘယ်က ကျည်ဆန်လည်း ဆိုတာကို ကျွမ်းကျင်သူတွေနဲ့ စစ်နေဆဲ ဖြစ်ပါတယ်။ “လို့ ရဲချူပ်ဇော်ဝင်းကပြောပါတယ်။
ကျည်ဆန်ထိမှန်သေဆုံးသူ ကိုရဲဝင်းဟာ ကျန်စစ်သားလမ်း အရှေကဘက်မှ ဆိုင်ကယ်မောင်းလာစဉ် ၇၁လမ်းနဲ့ ၇၂ လမ်းကြား၊ ကျန်စစ်သားလမ်းရှိ ဓမ္မာရုံလမ်းဘေး ဓာတ်တိုင်ဘေးမှာ လဲကျသေဆုံးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
author မိုးမိုး
Credit: Kumudra

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home