Sunday, June 11, 2017

ရုတ္တရက္ အိပ္ေပ်ာ္တတ္ျခင္း အအိပ္လြန္ေရာဂါအေၾကာင္း

အအိပ္လြန္ေရာဂါဆိုတာ ပုံမွန္အိပ္ခ်ိန္မွာ မဟုတ္ဘဲ ႐ုတ္တရက္ အိပ္ေပ်ာ္တတ္တဲ့ နာတာရွည္ ဦးေႏွာက္ေရာဂါ ျဖစ္ပါတယ္။

ဒီေရာဂါျဖစ္ေနတဲ့သူမွာ ဦးေႏွာက္ဟာ ပုံမွန္ အိပ္ခ်ိန္ထခ်ိန္တို႔ကို မွန္ေအာင္ မထိန္းခ်ဳပ္နိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ညဘက္မွာ အိပ္မေပ်ာ္ျဖစ္ၿပီး ေန႔ဘက္မွာ အိပ္ငိုက္တာ၊ အိပ္ခ်င္စိတ္ေၾကာင့္ အာ႐ုံ မစူးစိုက္နိုင္တာ၊ ႐ုတ္တရက္ အိပ္ေပ်ာ္သြားတတ္တာ၊ ႂကြက္သားေတြကို မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ႐ုတ္တရက္ ရယ္တာ၊ ေဒါသထြက္တာစတဲ့ မ်က္ႏွာအမူအရာေတြကို မလုပ္နိုင္ ျဖစ္တတ္ပါတယ္။
ဒါ့အျပင္ ျပန္နိုးလာခ်ိန္ ခဏအတြင္း စကားမေျပာနိုင္တာ၊ လွုပ္လို႔မရတာ (sleep paralysis) လဲ ျဖစ္တတ္ပါတယ္။ အအိပ္လြန္ေရာဂါဟာ ကိုယ္ခႏၶာကို ေရရွည္ထိခိုက္ေစတဲ့ က်န္းမာေရးျပႆနာေတာ့ မဟုတ္ေပမယ့္ ၾကာလာရင္ ေန႔စဥ္အလုပ္ေတြနဲ႔ လူမွုဆက္ဆံေရးကို ထိခိုက္ေစနိုင္ပါတယ္။
ေရာဂါလကၡဏာမ်ား
အအိပ္လြန္ေရာဂါကိုခံစားေနရတဲ့သူေတြဟာ တစ္ဦးနဲ႔တစ္ဦး ေရာဂါ လကၡဏာေတြ တစ္ထပ္တည္း မတူညီနိုင္ပါဘူး။ ဒါေပမယ့္ ေရာဂါလကၡဏာ တစ္ခုတည္းကိုေတာ့ ထပ္ခါထပ္ခါ ခံစားရပါတယ္။ ေရာဂါ လကၡဏာေတြဟာ ႏွစ္နဲ႔ခ်ီမွ တျဖည္းျဖည္း ေပၚလာနိုင္သလို ရက္သတၱပတ္ အတြင္းလဲ ႐ုတ္တရက္ ေပၚလာနိုင္ပါတယ္။ အသက္ႀကီးလာေလ ပိုဆိုးလာေလ ျဖစ္နိုင္ပါတယ္။
အအိပ္လြန္ေရာဂါရဲ့ လကၡဏာေတြကေတာ့ …
ေန႔လည္ဘက္ အလြန္အကၽြံ အိပ္ငိုက္ျခင္း အမ်ားစုမွာ ေတြ႕ရတဲ့ အအိပ္လြန္ျခင္းရဲ့ ေရွးဦးလကၡဏာ ျဖစ္ပါတယ္။ ေန႔လည္ခင္းမွာ အျမဲအိပ္ငိုက္ေနၿပီး အိပ္ခ်င္စိတ္ကို အျမဲတြန္းလွန္ေနရတာေၾကာင့္ ေက်ာင္းစာ နဲ႔ အလုပ္ေတြမွာ အာ႐ုံမစိုက္နိုင္ ျဖစ္လာတတ္ပါတယ္။ ဒီေရာဂါရွင္ေတြကို ပတ္ဝန္းက်င္နဲ႔ သဟာဇာတ မျဖစ္တဲ့သူ၊ စိတ္ဆိုးလြယ္တဲ့သူ၊ ငပ်င္းေတြအျဖစ္ ေတြ႕ရတတ္ပါတယ္။
႐ုတ္တရက္ အိပ္ေပ်ာ္တတ္ျခင္း
စကားေျပာေနစဥ္၊ အစားစားေနစဥ္မွာေတာင္ အိပ္ေပ်ာ္သြားတတ္ ၾကပါတယ္။ တခ်ိဳ႕မွာ အိပ္ငိုက္သြားသလို ခဏပဲျဖစ္တတ္ၿပီး တခ်ိဳ႕မွာ အၾကာႀကီး အိပ္ေပ်ာ္ သြားတတ္တာေတြလဲ ရွိပါတယ္။ ဒီေရာဂါကို မကုသရင္ တေန႔တည္းမွာဘဲ ႐ုတ္တရက္ အိပ္ေပ်ာ္ျခင္း ခဏခဏ ျဖစ္ေနတတ္ပါတယ္။ လမ္းသြားရင္း၊ အလုပ္လုပ္ရင္း ဒီလိုအိပ္ေပ်ာ္ေနရင္ေတာ့ မေတာ္တဆ ထိခိုက္မွုေတြျဖစ္နိုင္လို႔ အထူးသတိထားရပါမယ္။
႐ုတ္တရက္ ႂကြက္သားမ်ား အားနည္းျခင္း၊ မထိန္းခ်ဳပ္နိုင္ျခင္း
ႂကြက္သားမ်ား အားနည္းျခင္းေၾကာင့္ လွုပ္ရွားမွုမ်ားကို မထိန္းခ်ဳပ္နိုင္ျဖစ္ကာ ႐ုတ္တရက္ စိတ္လွုပ္ရွားျခင္း၊ ရယ္ျခင္း၊ စိတ္ဆိုးျခင္းတို႔ျဖစ္စဥ္တြင္ ပါးစပ္ေစ့၍ မရျခင္း၊ ေခါင္းငိုက္စိုက္က်ျခင္း၊ ေျခေထာက္မ်ား မသယ္နိုင္ျခင္း၊ စကား ပလုံးပေထြးေျပာျခင္း၊ အျမင္မ်ားမထင္ရွားျခင္း၊ ႏွစ္ထပ္ျမင္ျခင္းတို႔ ျဖစ္တတ္ ပါတယ္။ ႂကြက္သား မထိန္းခ်ဳပ္နိုင္ျခင္းဟာ ခဏအတြင္း ျပန္ေကာင္းနိုင္သလို အခ်ိန္အနည္းငယ္ၾကာမွ ျပန္ေကာင္းတာေတြလဲ ရွိပါတယ္။ ဒီျပႆနာေတြေၾကာင့္ ေရာဂါသည္ေတြဟာ စိတ္ဓာတ္က်တာ၊ လူၾကားသူၾကားထဲ မသြားဘဲ တစ္ဦးထဲ သီးျခားျဖစ္လာတာတို႔ကို ေတြ႕ရပါတယ္။
အိပ္ေပ်ာ္စဥ္ႏွင့္ ျပန္နိုးလာခ်ိန္တို႔တြင္ မလွုပ္နိုင္ျခင္း၊ စကားမေျပာနိုင္ျခင္း
လွုပ္မရတာ၊ စကားေျပာ၍ မရတာေတြဟာ ခဏအတြင္း ျပန္ေကာင္းနိုင္ေပမယ့္ ႐ုတ္တရက္ေတာ့ လန႔္သြားနိုင္ပါတယ္။

အျခားလကၡဏာမ်ားအေနနဲ႔
တကယ္မရွိေသာ အရာမ်ားကို ျမင္ေယာင္ျခင္း၊ ၾကားေယာင္ျခင္း
မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း
- ေခါင္းကိုက္ျခင္း
- အလြန္အမင္းပူျခင္း၊ အိမ္မက္ဆိုးမ်ားမက္ျခင္း တို႔ေၾကာင့္ ခဏခဏ လန႔္နိုးျခင္း
- စိတ္ျဖင့္ မထိန္းခ်ဳပ္ဘဲ အလိုအေလ်ာက္ျပဳမူျခင္း
- စိတ္ဓာတ္က်ျခင္း တို႔လဲ ျဖစ္နိုင္ပါတယ္။
အအိပ္လြန္ေရာဂါ ဘာလို႔ျဖစ္လဲ
အအိပ္လြန္ေရာဂါဟာ ဦးေႏွာက္အတြင္းရွိ ပုံမွန္အိပ္ခ်ိန္ကို ထိန္းခ်ဳပ္ေပးတဲ့ ေအာ္ရီဇင္ (orexin) ဆိုတဲ့ ဓာတုပစၥည္းကို ခႏၶာကိုယ္ရဲ့ ခုခံအားအဖြဲ႕အစည္းက မွားၿပီး ဖ်က္ဆီးမိလို႔ ျဖစ္ရတာပါ။ ေဟာ္မုန္း အေျပာင္းအလဲျဖစ္တဲ့ အပ်ိဳေဖာ္ဝင္ အရြယ္နဲ႔ ေသြးဆုံးခ်ိန္ေတြမွာလဲ ျဖစ္တတ္ ပါတယ္။ စိတ္ဖိစီးမွုမ်ားတာ၊ အိပ္ခ်ိန္အေျပာင္းအလဲျဖစ္တာနဲ႔ တုပ္ေကြးျဖစ္ခ်ိန္ တို႔နဲ႔လဲ ဆိုင္ပါတယ္။ ဒါ့အျပင္ ဦးေခါင္းကို ထိခိုက္မိျခင္း၊ ဦးေႏွာက္အတြင္း အက်ိတ္ျဖစ္ျခင္း၊ ဦးေႏွာက္ အေျမႇးေရာင္ျခင္း တို႔ေၾကာင့္ ဦးေႏွာက္ အတြင္း ေအာရီဇင္ထုတ္တဲ့ ေနရာကိုထိခိုက္မိၿပီး အအိပ္လြန္ေရာဂါ ရနိုင္ပါတယ္။
အအိပ္လြန္ေရာဂါကို ဘယ္လိုကုရမလဲ
အအိပ္လြန္ေရာဂါကို လုံးဝ ေပ်ာက္ေအာင္ေတာ့ ကုလို႔မရပါဘူး။ အိပ္ခ်ိန္ေတြကိုုေျပာင္းျခင္း၊ ေဆးေသာက္ျခင္းျဖင့္ ေရာဂါ လကၡဏာေတြကို သက္သာေအာင္ လုပ္နိုင္ပါတယ္။ တေန႔လုံး အိပ္ငိုက္ မေနေအာင္ ေန႔လည္ခင္းမွာ တေရးအိပ္တဲ့ အက်င့္ကိုလုပ္ပါ။ ဘာကိစၥေတြပဲ ရွိရွိ ပုံမွန္အခ်ိန္မွာ အိပ္ရာဝင္ပါ။
အရက္ႏွင့္ ေဆးလိပ္တို႔ကို ေရွာင္ပါ။ ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။ ေရာဂါရွိသူမ်ား အေနျဖင့္ မိမိတြင္ အအိပ္လြန္ေရာဂါရွိေၾကာင္း အလုပ္ရွင္ သို႔မဟုတ္ ဆရာအား ေျပာထားပါ။ နားလည္မွုျဖင့္ တေရးအိပ္ခ်ိန္ရပါက အလုပ္ခြင္ႏွင့္ ေက်ာင္းတို႔တြင္ မလိုလားအပ္ေသာ ဆိုးက်ိဳးမ်ားကို ေလၽွာ့ခ်နိုင္ ပါတယ္။

ကားေမာင္းေနသူျဖစ္ပါက ကားေမာင္းျခငး္ကို ရပ္သင့္ပါတယ္။ မျဖစ္မေန ေမာင္းရန္ရွိပါကလည္း ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ေရာဂါအေျခအေန သက္သာေနမွသာ ေမာင္းသင့္ပါတယ္။ ႐ုတ္တရက္ ႂကြက္သားအားနည္းျခင္း၊ ေန႔လည္ခင္း အိပ္ငိုက္ျခင္း တို႔ကိုေလၽွာ့ခ်ရန္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး အာ႐ုံေၾကာ အဖြဲ႕အစည္းကို လွုံ႔ေဆာ္သည့္ ေဆးမ်ားျဖင့္ ကုသမွုခံယူနိုင္ပါတယ္။

Lei (Healthcare.com.mm)
akhamaet.com
အအိပ်လွန်ရောဂါဆိုတာ ပုံမှန်အိပ်ချိန်မှာ မဟုတ်ဘဲ ရုတ်တရက် အိပ်ပျော်တတ်တဲ့ နာတာရှည် ဦးနှောက်ရောဂါ ဖြစ်ပါတယ်။

ဒီရောဂါဖြစ်နေတဲ့သူမှာ ဦးနှောက်ဟာ ပုံမှန် အိပ်ချိန်ထချိန်တို့ကို မှန်အောင် မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ညဘက်မှာ အိပ်မပျော်ဖြစ်ပြီး နေ့ဘက်မှာ အိပ်ငိုက်တာ၊ အိပ်ချင်စိတ်ကြောင့် အာရုံ မစူးစိုက်နိုင်တာ၊ ရုတ်တရက် အိပ်ပျော်သွားတတ်တာ၊ ကြွက်သားတွေကို မထိန်းချုပ်နိုင်တော့ဘဲ ရုတ်တရက် ရယ်တာ၊ ဒေါသထွက်တာစတဲ့ မျက်နှာအမူအရာတွေကို မလုပ်နိုင် ဖြစ်တတ်ပါတယ်။

ဒါ့အပြင် ပြန်နိုးလာချိန် ခဏအတွင်း စကားမပြောနိုင်တာ၊ လှုပ်လို့မရတာ (sleep paralysis) လဲ ဖြစ်တတ်ပါတယ်။ အအိပ်လွန်ရောဂါဟာ ကိုယ်ခန္ဓာကို ရေရှည်ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမယ့် ကြာလာရင် နေ့စဉ်အလုပ်တွေနဲ့ လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

ရောဂါလက္ခဏာများ

အအိပ်လွန်ရောဂါကိုခံစားနေရတဲ့သူတွေဟာ တစ်ဦးနဲ့တစ်ဦး ရောဂါ လက္ခဏာတွေ တစ်ထပ်တည်း မတူညီနိုင်ပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာ တစ်ခုတည်းကိုတော့ ထပ်ခါထပ်ခါ ခံစားရပါတယ်။ ရောဂါ လက္ခဏာတွေဟာ နှစ်နဲ့ချီမှ တဖြည်းဖြည်း ပေါ်လာနိုင်သလို ရက်သတ္တပတ် အတွင်းလဲ ရုတ်တရက် ပေါ်လာနိုင်ပါတယ်။ အသက်ကြီးလာလေ ပိုဆိုးလာလေ ဖြစ်နိုင်ပါတယ်။

အအိပ်လွန်ရောဂါရဲ့ လက္ခဏာတွေကတော့ …

- နေ့လည်ဘက် အလွန်အကျွံ အိပ်ငိုက်ခြင်း အများစုမှာ တွေ့ရတဲ့ အအိပ်လွန်ခြင်းရဲ့ ရှေးဦးလက္ခဏာ ဖြစ်ပါတယ်။ နေ့လည်ခင်းမှာ အမြဲအိပ်ငိုက်နေပြီး အိပ်ချင်စိတ်ကို အမြဲတွန်းလှန်နေရတာကြောင့် ကျောင်းစာ နဲ့ အလုပ်တွေမှာ အာရုံမစိုက်နိုင် ဖြစ်လာတတ်ပါတယ်။ ဒီရောဂါရှင်တွေကို ပတ်ဝန်းကျင်နဲ့ သဟာဇာတ မဖြစ်တဲ့သူ၊ စိတ်ဆိုးလွယ်တဲ့သူ၊ ငပျင်းတွေအဖြစ် တွေ့ရတတ်ပါတယ်။

- ရုတ်တရက် အိပ်ပျော်တတ်ခြင်း
စကားပြောနေစဉ်၊ အစားစားနေစဉ်မှာတောင် အိပ်ပျော်သွားတတ် ကြပါတယ်။ တချို့မှာ အိပ်ငိုက်သွားသလို ခဏပဲဖြစ်တတ်ပြီး တချို့မှာ အကြာကြီး အိပ်ပျော် သွားတတ်တာတွေလဲ ရှိပါတယ်။ ဒီရောဂါကို မကုသရင် တနေ့တည်းမှာဘဲ ရုတ်တရက် အိပ်ပျော်ခြင်း ခဏခဏ ဖြစ်နေတတ်ပါတယ်။ လမ်းသွားရင်း၊ အလုပ်လုပ်ရင်း ဒီလိုအိပ်ပျော်နေရင်တော့ မတော်တဆ ထိခိုက်မှုတွေဖြစ်နိုင်လို့ အထူးသတိထားရပါမယ်။

- ရုတ်တရက် ကြွက်သားများ အားနည်းခြင်း၊ မထိန်းချုပ်နိုင်ခြင်း
ကြွက်သားများ အားနည်းခြင်းကြောင့် လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဖြစ်ကာ ရုတ်တရက် စိတ်လှုပ်ရှားခြင်း၊ ရယ်ခြင်း၊ စိတ်ဆိုးခြင်းတို့ဖြစ်စဉ်တွင် ပါးစပ်စေ့၍ မရခြင်း၊ ခေါင်းငိုက်စိုက်ကျခြင်း၊ ခြေထောက်များ မသယ်နိုင်ခြင်း၊ စကား ပလုံးပထွေးပြောခြင်း၊ အမြင်များမထင်ရှားခြင်း၊ နှစ်ထပ်မြင်ခြင်းတို့ ဖြစ်တတ် ပါတယ်။ ကြွက်သား မထိန်းချုပ်နိုင်ခြင်းဟာ ခဏအတွင်း ပြန်ကောင်းနိုင်သလို အချိန်အနည်းငယ်ကြာမှ ပြန်ကောင်းတာတွေလဲ ရှိပါတယ်။ ဒီပြဿနာတွေကြောင့် ရောဂါသည်တွေဟာ စိတ်ဓာတ်ကျတာ၊ လူကြားသူကြားထဲ မသွားဘဲ တစ်ဦးထဲ သီးခြားဖြစ်လာတာတို့ကို တွေ့ရပါတယ်။

- အိပ်ပျော်စဉ်နှင့် ပြန်နိုးလာချိန်တို့တွင် မလှုပ်နိုင်ခြင်း၊ စကားမပြောနိုင်ခြင်း
လှုပ်မရတာ၊ စကားပြော၍ မရတာတွေဟာ ခဏအတွင်း ပြန်ကောင်းနိုင်ပေမယ့် ရုတ်တရက်တော့ လန့်သွားနိုင်ပါတယ်။

အခြားလက္ခဏာများအနေနဲ့

- တကယ်မရှိသော အရာများကို မြင်ယောင်ခြင်း၊ ကြားယောင်ခြင်း
- မှတ်ဉာဏ်ချို့ယွင်းခြင်း
- ခေါင်းကိုက်ခြင်း
- အလွန်အမင်းပူခြင်း၊ အိမ်မက်ဆိုးများမက်ခြင်း တို့ကြောင့် ခဏခဏ လန့်နိုးခြင်း
- စိတ်ဖြင့် မထိန်းချုပ်ဘဲ အလိုအလျောက်ပြုမူခြင်း
- စိတ်ဓာတ်ကျခြင်း တို့လဲ ဖြစ်နိုင်ပါတယ်။

အအိပ်လွန်ရောဂါ ဘာလို့ဖြစ်လဲ

အအိပ်လွန်ရောဂါဟာ ဦးနှောက်အတွင်းရှိ ပုံမှန်အိပ်ချိန်ကို ထိန်းချုပ်ပေးတဲ့ အော်ရီဇင် (orexin) ဆိုတဲ့ ဓာတုပစ္စည်းကို ခန္ဓာကိုယ်ရဲ့ ခုခံအားအဖွဲ့အစည်းက မှားပြီး ဖျက်ဆီးမိလို့ ဖြစ်ရတာပါ။ ဟော်မုန်း အပြောင်းအလဲဖြစ်တဲ့ အပျိုဖော်ဝင် အရွယ်နဲ့ သွေးဆုံးချိန်တွေမှာလဲ ဖြစ်တတ် ပါတယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ချိန်အပြောင်းအလဲဖြစ်တာနဲ့ တုပ်ကွေးဖြစ်ချိန် တို့နဲ့လဲ ဆိုင်ပါတယ်။ ဒါ့အပြင် ဦးခေါင်းကို ထိခိုက်မိခြင်း၊ ဦးနှောက်အတွင်း အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်း တို့ကြောင့် ဦးနှောက် အတွင်း အောရီဇင်ထုတ်တဲ့ နေရာကိုထိခိုက်မိပြီး အအိပ်လွန်ရောဂါ ရနိုင်ပါတယ်။

အအိပ်လွန်ရောဂါကို ဘယ်လိုကုရမလဲ

အအိပ်လွန်ရောဂါကို လုံးဝ ပျောက်အောင်တော့ ကုလို့မရပါဘူး။ အိပ်ချိန်တွေကိုုပြောင်းခြင်း၊ ဆေးသောက်ခြင်းဖြင့် ရောဂါ လက္ခဏာတွေကို သက်သာအောင် လုပ်နိုင်ပါတယ်။ တနေ့လုံး အိပ်ငိုက် မနေအောင် နေ့လည်ခင်းမှာ တရေးအိပ်တဲ့ အကျင့်ကိုလုပ်ပါ။ ဘာကိစ္စတွေပဲ ရှိရှိ ပုံမှန်အချိန်မှာ အိပ်ရာဝင်ပါ။

အရက်နှင့် ဆေးလိပ်တို့ကို ရှောင်ပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ရောဂါရှိသူများ အနေဖြင့် မိမိတွင် အအိပ်လွန်ရောဂါရှိကြောင်း အလုပ်ရှင် သို့မဟုတ် ဆရာအား ပြောထားပါ။ နားလည်မှုဖြင့် တရေးအိပ်ချိန်ရပါက အလုပ်ခွင်နှင့် ကျောင်းတို့တွင် မလိုလားအပ်သော ဆိုးကျိုးများကို လျှော့ချနိုင် ပါတယ်။

ကားမောင်းနေသူဖြစ်ပါက ကားမောင်းခြငး်ကို ရပ်သင့်ပါတယ်။ မဖြစ်မနေ မောင်းရန်ရှိပါကလည်း ဆရာဝန်နှင့် တိုင်ပင်ပြီး ရောဂါအခြေအနေ သက်သာနေမှသာ မောင်းသင့်ပါတယ်။ ရုတ်တရက် ကြွက်သားအားနည်းခြင်း၊ နေ့လည်ခင်း အိပ်ငိုက်ခြင်း တို့ကိုလျှော့ချရန် ဆရာဝန်နဲ့ တိုင်ပင်ပြီး အာရုံကြော အဖွဲ့အစည်းကို လှုံ့ဆော်သည့် ဆေးများဖြင့် ကုသမှုခံယူနိုင်ပါတယ်။

 Lei (Healthcare.com.mm)

akhamaet.com

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home