Monday, June 5, 2017

ချစ်စရာကောင်းတဲ့ သင့်ရဲ့ အိမ်စီးကားလေး မဖြစ်မနေ ရေဖြတ်မောင်းရတော့မယ်ဆိုရင် ဒါတွေအရင်လုပ်ပြီးမှမောင်း

ဖြစ်နိုင်လျှင်ကားဘီးတစ်ဝက်နီးပါထက်ပိုမြုပ်နိုင်သောရေကိုဖြတ်မမောင်းပါနှင့်။
မဖြစ်မနေ ဖြတ်မောင်းရမည်ဆိုလျှင် -
၁။ အဲကွန်းပိတ်ပါ၊ အင်ဂျင် rpm idle speed နီးပါးကျသွားသည်အထိ စောင့်ပါ (အများအားဖြင့် ၈၀၀ - ၁၀၀၀ ကြားကျသွားပါသည်)။ Hi-speed fan ရပ်သွားသည်ကို ခွဲခြားနားထောင်နိုင်ပါက ပိုကောင်းပါသည်။
၂။ မီးလုံးများစိတ်မချရပါက ကားဘေးကင်းမည်ဆိုလျှင် ပိတ်လိုက်ပါ၊ (ညဖြစ်ပါက အခြားကားများ မြင်ရဖို့ silent မီးတော့ ဖွင့်ဖို့လိုပါသည်၊) အထူးသဖြင့် အနိမ့်ပိုင်းတွင် တပ်ဆင်ထားသော မီးများပိတ်ပါ။
၃။ အော်တိုကားဆိုပါက 2nd gear သို့ L ဖြင့် မောင်းပါ၊ Manual gear ဖြစ်ပါက ဂီယာအချိုးအကြီးဆုံး (1st or 2nd gear) ဖြင့် မောင်းပါ
၎။ အရှိန်ရနိုင်လျှင်ပင် မတင်ပါနှင့်၊ ဘရိတ်များ ချော်နေလေ့ရှိပါသည်
၅။ တတ်နိုင်သမျှ ဘရိတ်ကိုမသုံးပဲ ဂီယာဖြင့်သာ ထိန်းမောင်းပါ။ သဲကာမကောင်းက သဲများ ဘရိတ်ထဲဝင်ကာ ပြသနာဖြစ်နိုင်ပါသည်။
၆။ ရေအနည်းဆုံးလမ်းကြောကို တတ်နိုင်သမျှ ယူမောင်းပါ။
၇။ ရေကိုဖြတ်ပြီးသည့်အခါ ဖြစ်နိုင်လျှင် ခဏရပ်စောင့်ပါ။ အနည်းငယ်အကွာအဝေးအထိ ဂီယာကြီးကိုသုံးမောင်းပါ။ ဘရိတ်ကို အသာ စမ်းသုံးကြည့်ပါ။ ဘရိတ် စီးစီးပိုင်ပိုင်ရှိလာပါမှ ပုံမှန်မောင်းပါ (ဘရိတ်သည် အတန်ကြာသည်အထိ ချော်နိုင်ပါသေးသည်)
၈။ အောက်ပိုင်းအား ရေဆေး စစ်ဆေးနိုင်လျှင် ပိုကောင်းပါသည်။ ကားစက်ခန်းထဲတွင် ရေများစင်နေခြင်း အမှိုက်များ တင်နေခြင်း ရှိမရှိ (ပန်ကာတွင် ငြိနေခြင်း၊ radiator တွင် တင်နေခြင်း အစရှိသည်) တို့ကို တတ်နိုင်သမျှ စောစောစစ်ဆေးပါ။
အပျက်အစီးနည်းကြပါစေ၊
Bonus:
(Spare parts များသည် ပြည်တွင်းထုတ်မဟုတ်သဖြင့် တစ်စီးချင်းပျက်တာပေါင်းလျှင် နိုင်ငံအတွက် ဆုံးရှုံးမှုများမည်ပင်ဖြစ်သည်။ သင့်ကားကို သင် ဂရုစိုက်ခြင်းဖြင့် နိုင်ငံအကျိုးသယ်ပိုးရန် တိုက်တွန်းပါသည်😅)
Zaw Lin Thein
akhamaet.com

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home