Thursday, May 11, 2017

ကိုယ်ဝန်ရှိမရှိ ကိုယ်တိုင်စစ်ဆေးသိနိုင်ဖို့



ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။ သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။ Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။

ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။
akhamaet.com
ဒေါက်တာတင့်ဆွေ



ကိုယ်ဝန်ရျွိခင်း လက္ခဏာတြေကို တခို့မွာ ဘာမွမခံစားရဘူး။ တခို့ကြ လူမမာကြီးလို အေတ္ခာံစားရတယ်။

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ျပီးသား မိုးဥက သားအိမ် အတြင်းဆုံးလွှာကို လျာပီးတြယ္ကပ္ခိန္မွာ သြေးနဲနဲ စြန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင္တယ်။ ရာသီလာလို့နာတာနဲ့ ချြဲခားရမယ်။ မိုးဥထြက္ခိန္ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက္မျွာဖစ္တယ်။
၂။ ကိုယ့္ကိုယ္ကို ကိုယ်ဝန်ရွိနေတယ္လို့ထင်ျခင်း၊
၃။ ပို့-အန်ျခင်း၊ အစားမစားခ်င်ျဖစ္လျာခင်း၊
၎။ အတူနေခ်င္စိတ်ျေပာင်းလဲလျာခင်း၊
၅။ ရင်သားနျာခင်း၊
၆။ ရင်သား ပိုကြီးထြားလျာခင်း၊
၇။ ရင်သား အေရာင်ရင့်အဝိုင်းမွာ အသီးငယ်လေးတြေ ထြက္လျာခင်း၊ ရျွိပီးသားတြေက ပျိုပီးသိသာလျာခင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထြက်နိုင်ျခင်း၊
၉။ ဆီးခဏခဏသြားရျခင်း၊ ကိုယ်ဝန်ဆောင် အမ်ားစုက ၆-၈ ပါတ္မျွာဖစ်ကြတယ်။ ဆီးလမ်းပိုးဝင္တာ၊ ဆီးခိုရောဂါ နဲ့ ဆီးသြားစေတဲ့ဆေးတြေကြာင့်လဲ အဲလို ဆီးခဏခဏသြားခ်င္တာနဲ့ ချြဲခားရမယ်။
၁ဝ။ ခ်င်ျခင်းတပ်ျခင်း၊
၁၁။ အားကုန်ျခင်း၊
၁၂။ အသားအေရျေပာင်းလဲလျာခင်း၊
၁၃။ မတ္တပ်ရပ္လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ္ခ်င်သလျိုဖစ္မယ်။
၁၄။ ဆီး-သြေးစစ္လ်ွင် အေပါင်ျးပျခင်း၊
၁၅။ ဗိုက္ထဲက ကေလးလှုတ္တာကိုသိနျေခင်း အမ်ားဆုံးက ၂ဝ ပါတ်ကေ်္မွာသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလျဲဖစ်နိုင္တယ်။
၁၆။ ဗိုက်ကြော စသည်ျပတ်ျခင်း (နောက္ပိုင်းမွသျာဖစ္တယ်)၊
၁၇။ ဓါတ္မွန်ရိုက်ရင်ျမင်ရျခင်း၊
၁၈။ (အာလ္ထြာဆောင်း) ရိုက္လ်ွင်တြေ့ရျခင်း၊ ကိုယ်ဝန် ၄ ပါတ္ခြဲမွာ Gestational sacျမင်ရျပီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ္ခြဲမျွာမင်ရျပီ။
၁၉။ ကေလးနွလုံးခုန်သံ နားထောင်၍ရျခင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက္မွသာ ကြားရတာမ်ားတယ်။ စကြားရခိန္မယ် တမိနစ္ကို ၁၈ဝ အထျိမန္တယ်။ နောက္ပိုင်း ပုံမွန် ၁၂ဝ-၁၆ဝ အထိရွိတယ်။ (အာလ္ထြာဆောင်း) နဲ့စမ်းရင် ၆ ပါတ္မွာ ၉ဝ-၁၁ဝ၊ ၉ ပါတ္မွာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလျာခင်း၊ ကိုယ်ဝန် ၁၂ ပါတ္ကဈပီး ဆီးစပ်နေရာကေန သားအိမ်အျမင့်ကို လက္နဲ့စမ်းလို့ရျပီ။

သိပ္မသိသာတဲ့၊ လူတိုင်ျးဖစ္ခ်င္မျွဖစ္မဲ့ အခ်က်တြေကေတာ့ -
ခေါင်းကိုက္တာ၊ စိတ္မျူေပာင်ျးခင်း၊ စိတ္တျိုခင်း၊ (ဒီအခ်က်တြေဟာ ရာသီမလာခင်ျဖစ္ခ်င္တာတြေနဲ့ အတူတျူဖစ္တယ်။) ဝမ်းခ်ုပ္တာ Progesterone ကြောင့်ျဖစ္တယ်။ ဒီဟ္မောုန်းက အစာကိုအောက္ဆင်းတာ နွေးစေတယ်။ (ဗဂိုင်းနား) နံရံတြေက ပိုထူလာတယ်။ (ဗဂိုင်းနား) ပျိုပီးစိုတာ၊ျဖူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရွိနေတဲ့ကာလ တေလွ်ာက္လုံးမွာလဲ အဲလိုရွိနေနိုင္တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အေရာင်ျေပာင်းလာရင်တော့ ဆေးစစ်ျပီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရွိ-မရွိ စမ်းသပ်ျခင်း
Urine Pregnancy Test ဆီးစစ္နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရွိနေပမဲ့ အနုတ်ျပနိုင္တယ်။ ရာသီလာရမဲ့ရက္ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရွိမယ္ထင်ပေမဲ့ အနုတ်ျပေနရင် နောက္တပါတ် အကြာမွာ တခါထပ္စမ်းပါ။ မနက္ခင်းသြားဆီးကို စစ္ပါ။ ရေလဲ မေသာက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထာျးပီး သြားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရွိနေသူဆိုရင် ဘယ်အခိန်ြသားတဲ့ဆီျးဖစ်ျဖစ်ရတယ်။

ဆီးစစ်ရမဲ့ရက္ဆိုတာ မ-မိုးဥထြက္ခိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက္မျွာဖစ္တယ်။ ဒိထက်စျောပီး ဘယ္နည်းနဲ့ စမ်းစမ်း မသိနိုင္ဘူး။ မ-မိုးဥက ပုံမွန် ၁၄ ရက္မွာ ထြက်ပေမဲ့ နောက္က်နေသူတြေဆိုရင် မတူနိုင္ဘူး။ ကိုယ်ဝန် ရွိ-မရွိ စမ်းတယ္ဆိုတာ တိက်ဘို့ရာ ဘယ်ရက္မွာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက္မွာ မိုးဥထြက်သလဲက အေရးပါတယ်။ သုက္ပိုးတြေက ပုံမွန္ဆိုရင် သားအိမ်ျပြန္ထဲမွာ မိုးဥထြက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရွင်နေနိုင္တယ်။ သားအိမ် အတြင်းလွှာမွာ လာတြယ္ကပ္ဘို့ နောက္ထပ် ၁၂ ရက်ကြာစောင့်ရေသးတယ်။ ဆိုလိုတာက ဘယ်လောက္တိက်တဲ့ နည်းနျဲ့ဖစ်ျဖစ် သုက္ပိုးဝင္လျာပီးနောက် (၅ + ၁၂ = ၁၇) ရက္ထက်စျောပီး မသိနိုင္ဘူး။ တခို့စမ်းသပ္နည်းက hCG ဟ္မောုန်း (100 mIU/mL) ရွိရင္စမ်းလို့ရတယ်။ ဒါကြောင့်နောက္ထပ် ၃-၄ ရက် စောင့်ရျပန်သေးတယ်။ ဒါကြောင့် လိင္ဆက္ဆံမျှုပျုပီးတဲ့နောက္မွာ ၃ ပါတ် (၂၁ ရက်) အတြင်းစမ်းရင် မမွန္တဲ့ အနုတ်ျပနိုင္တယ်။

Blood pregnancy tests သြေးစစ္နည်းကိုလဲ လုပ်နိုင္တယ်။ ဆီးစစ္တာထက် ပိုသျေခာတယ်။ အရည်ေအသြးရော အေရအတြက္ပါ စမ်းနိုင္တယ်။ ယေဘုယ်ျေပာရရင် hCG ဟ္မောုန်းက ကိုယ်ဝန်ရွိစ လေတြမွာ တရက္နဲ့ တရက် ဆတိုး မ်ားမ်ားလာတယ်။ ၄၈ နာရျီခား သြေးစစ်နေရင် ကိုယ်ဝန်ရဲ့အျေခအေနကို မွန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန္က ကောင်ျးပီး ရင့်ရင့်လာတာ၊ ပ်က္ခ်င္တာနဲ့ သားအိမ်ျပင္ပ သေန္ဓတည္တာ၊ အမွျှာဖစ်နေတာတြေ ခြဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ္ဘို့ လူတိုင်း မလိုပါ။ Quantitative blood tests ဟ္မောုန်းအနည်း-အမ်ားကို စမ်းတဲ့သြေးစစ္နည်းကေတာ့ မိုးစပ်ျပီးသား သေန္ဓက သားအိမ်အတြင်းဆုံးလွှာကို လာကပ်ျပီဆိုတာနဲ့ သိနိုင္တယ်။

ရာသီလဲ မလာ၊ ကိုယ်ဝန်ရွိတယ္လဲထင်ရင် ဆီးစစ်ပေမဲ့ အေပါင်းမျပရင် ၂-၃-၄ ရက် စောင့်ျပီး ထပ္စစ္ပါ။ တခို့ဆေးညွှန်းတြေက ၇ ရက္တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ္စစ္လို့ အနုတ်ျဖစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန္က စမ်းဘို့ လိုမယ်။ (အာလ္ထြာင်းဆောင်း) ရိုက္ခ်င်ရိုက္မယ်။
akhamaet.com
ဒေါက္တာတင့်ဆြေ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home