Tuesday, May 9, 2017

ဆီးစပ် နာကျင်ရခြင်းဟာ အောက်ပါအချက်များမှ တခုခုကြောင့် ဖြစ်ပါတယ်

လူမှန်ရင် ကျားကျား၊ မမ အနည်းနဲ့ အများ ကြုံဖူးကြမယ့် ဝေဒနာတခုက ဆီးခုံ၊ ဆီးစပ် နာကျင်တာပါ။ ဆီးခုံ၊ ဆီးစပ် ဆိုတာ ကတော့ ဝမ်းဗိုက်ကြွက်သားတွေရဲ့အောက်ဘက် (ချက်အောက်ပိုင်း) နဲ့ ခြေထောက် (ပေါင်) တွေရဲ့ အထက်ပိုင်းကို ဆိုလိုတာပါ။ အမျိုးသမီးတွေ သွေးမဆုံးမီ ကာလမှာ ဖြစ်တာ၊ သာမန် လေထိုးတာလောက်က သိပ်မဆိုးလှ ပေမယ့် တချို့ အကြောင်းတွေကျတော့ ဆေးရုံဆေးခန်း သွားကို သွားရမယ့် အရေးပေါ် မီးနီပြ ဥသြဆွဲသံ ဖြစ်နေပြန် ပါတယ်။
အူအတက်ရောင်
ဘယ်ဘက်ဆီးစပ်မှာ စူးရှနာကျင်ပြီး အော့အန်မယ်၊ ဖျားမယ် ဆိုရင်တော့ အူအတက် ရောင်တာ ဖြစ်ဖို့ များပါတယ်။ ဒါတွေ ပူးတွဲ ဖြစ်ရင်တော့ အရေးပေါ်ကို ပြေးရပါလိမ့်မယ်။ ပိုးဝင်ပြီး ရောင်ရမ်းနေတဲ့ အူအတက်က ခွဲစိတ်ဖို့ လိုတတ် ပါတယ်။ ပေါက်ထွက် သွားရင်တော့ တကိုယ်လုံး ရောဂါပိုးတွေ ပျံ့နှံ့ ဝင်ရောက်ရာက အသက်အန္တရာယ် အထိ ဒုက္ခ ပေးပါတယ်။
အူမကြီးမတည်ငြိမ်
တချို့ ဖြစ်လေ့ ရှိပါတယ်။ ဗိုက်ထဲကနာ၊ ပြည့်ကယ်၊ ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် အမြဲတမ်းလိုလို ဖြစ်နေတာမျိုးပေါ့။ ဒါကတော့ Irritable Bowel Syndrome (IBS) ခေါ်တဲ့ အူမကြီး မတည်ငြိမ်တဲ့ အခြေအနေပါ။ ဒါမျိုးကတော့ သေချာပြီ လို့ စစ်ဆေး သတ်မှတ်ပြီးရင် အစားအသောက် ဆင်ခြင်၊ စိတ်ဖိစီးမှု လျော့အောင်လုပ်၊ ဆေးတွေ ပေးပြီး သက်သာအောင် လုပ်လို့ ရပါတယ်။
မျိုးဥကြွေနာ
အမျိုးသမီးတွေ ဓမ္မတာ တကြိမ်နဲ့ တကြိမ်ကြား ပုံမှန် နာကျင်တတ်တယ် ဆိုရင်တော့ မျိုးဥကြွေတဲ့ လက္ခဏာပါ။ မျိုးဥအိမ် ကနေ မျိုးဥက သွေးစီးကြောင်းနဲ့ အရည်တွေထဲ ဆင်းလာလို့ ဖြစ်တာပါ။ ဓမ္မတာ ၂ ကြိမ်ရဲ့ အလယ် ကာလမှာ နာကျင်တတ်တာမို့ ဂျာမန်စကား Mittleschmerz အရ အလယ်ကာလ နာကျင်မှု (Middle pain) လို့် ခေါ်ကြပါတယ်။ တကြိမ်နဲ့ တကြိမ် နာကျင်တဲ့ နေရာ မတူသလို နာရီပိုင်းနဲ့ သက်သာ သွားတတ်ပါတယ်။
ရာသီနာ
ဓမ္မတာ လာတိုင်း ကြုံရတတ်ပါတယ်။ ဝမ်းဗိုက် အောက်ပိုင်းမှာ ဆုပ်ဆွဲထားသလို နာတာ၊ ခါးမှာ နာတာ စသဖြင့်ပေါ့။ ၁ ရက်ကနေ ၃ ရက်လောက် အထိ နာပါတယ်။ သားအိမ်က လစဉ်သူ့ရဲ့ မျက်နှာပြင် အသစ် လဲရတာကိုး။ ဒါမှလည်း သန္ဓေသား ခိုလှုံ ဖွံ့ထွားဖို့ အဆင်ပြေမှာ ပါ။ သန္ဓေမတည်တဲ့ အခါ ကျတော့ မျက်နှာပြင်က ကွာကျပေးရတဲ့ အတွက် ရာသီသွေး ဆင်းလာတာ ပေါ့။ အဲဒီ အချိန်မျိုးမှာ သားအိမ်က အဲဒါတွေ ညှစ်ထုတ်ပေးရာက နာကျင်မှု ရစေတာ ပါ။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်၊ ရေနွေးအိပ်လေး ကပ်ပြီး သက်သာအောင် လုပ်နိုင်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု အလေ့အကျင့် လုပ်တာ၊ စိတ်ဖိစီးမှု လျှော့ဖြေ ပေးတာတွေက အထောက်အကူ ဖြစ်ပါတယ်။ တော်ရုံနဲ့ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
သားအိမ်ပြင်ပ သန္ဓေတည်
ရံဖန်ရံခါ သားအိမ်ပြင်ပမှာ သန္ဓေတည်ပြီး ကြီးထွား လာတတ်ပါတယ်။ အများအားဖြင့် မျိုးဥပြွန် Fallopian tube မှာ ပေါ့။ စူးစူးဝါးဝါး ဆီးစပ်မှာ နာကျင်ပြီး မိန်းမကိုယ်က သွေးတွေ ဆင်းမယ်၊ အော့အန်၊ မူးဝေ စတာတွေလည်း ဖြစ်ပါ တယ်။ ဒါမျိုးကတော့ အသက်အန္တရာယ် ပေးနိုင်တဲ့ အရေးပေါ်အခြေအနေပါ။
လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ
ဆီးစပ် နာကျင် ကိုက်ခဲတာက လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း သတိမူရမှာ ပါ။ ဂနိုလို့ အသိများတဲ့ Gonorrhea နဲ့ Chlamydia ရောဂါတွေ ကတော့ ဒီလက္ခဏာ အဖြစ်များပါတယ်။ တခါတလေ ၂ မျိုး တပြိုင်နက် ဖြစ်နေတတ် ပြန်ပါတယ်။ အမြဲတမ်း လက္ခဏာ ပြတာမျိုး မဟုတ်ပေမယ့် ဆီးသွားရင် နာကျင်တာ၊ အဖြူဆင်းတာ၊ ရာသီအလယ် နာကျင်တာတွေ တွဲဖြစ်တတ် ပါတယ်။ ဒါမျိုးတွေ ကျရင်တော့ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော် ကိုပါ စစ်ဆေး ကုသတာမျိုး လုပ်မှ အဆင်ပြေပါတယ်။
အဲဒီ လိင်ကနေတဆင့် ကူးစက်တာတွေကနေ Pelvic Inflammatory Disease  ခေါ်တဲ့ နောက်ဆက်တွဲ ရောဂါ တခု ဆင့်ပွား လာပြန်ပါတယ်။ အသေအချာ ကာကွယ်လို့ ရပေမယ့် မကုဘဲထားရင် သားသမီး မရတဲ့ အကြောင်းရင်း တခုလည်း ဖြစ်စေပြန် ပါတယ်။ သားအိမ်၊ မျိုးဥအိမ်၊ မျိုးဥပြွန်တွေမှာ နာတာရှည် ထိခိုက်နေစေတဲ့ ရောဂါပါ။ ဆီးစပ်နာ၊ ဖျား၊ အဖြူတွေဆင်း၊ ဆီးသွားချိန်နဲ့ လိင်ဆက်ဆံချိန် တွေမှာ နာကျင် စတာတွေ ဖြစ်ပါတယ်။ ပဋိဇီဝ ဆေးတွေနဲ့ ကုသလို့ ရပြီး ပြင်းထန်ရင်တော့ ဆေးရုံတင် ကုရတာမျိုး အထိ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံဖက်ကိုပါ ကုသပေး ရပါတယ်။
မျိုးဥအိမ်ထဲက အိတ် (အလုံး)
သားဥအိမ်လည်း ခေါ်ကြတဲ့ မျိုးဥအိမ်က လစဉ် မျိုးဥတွေ ခြွေပါတယ်။ အဲဒီအချိန်မှာ မျိုးဥ ထွက်ပေါက်လေး မပွင့်သေးတာနဲ့ ကြုံရသလို ပြန်ပိတ်သွားချိန်မှာ မျိုးဥအိမ်ထဲ အရည်တွေနဲ့ တင်းကျန် နေတတ် ပါတယ်။ အဲဒါကနေ မျိုးဥအိမ်ထဲ အလုံးလေးတွေ ဖြစ်တတ် ပါတယ်။ တကယ်တော့ စိုးရိမ်စရာ သိပ်မလိုဘဲ သူ့ဖာသာ ပြန်သက်သာ သွားတတ် ပါတယ်။ ဒါပေမယ့် အနီးအနားတွေကို ဖိတာ၊ ဖောင်းကားလာတာ စတာတွေ ကနေ နာကျင်မှု ဖြစ်စေပြန် ပါတယ်။ တခါတရံ အဲဒီ အိတ်ကလေးတွေ ပေါက်ထွက်တာ၊ လိမ်သွားတာက ပြင်းပြင်းထန်ထန် နာကျင်စေပြီး အရေးပေါ်ခန်း ရောက်သွား တတ်ပါတယ်။ Ultrasound လို စမ်းသပ် စစ်ဆေးမှုတွေနဲ့ ရှာဖွေကုသလို့ ရပါတယ်။
သားအိမ်ထဲက အသားမျှင်လုံး
သားအိမ်နံရံမှာ အဲဒီ Uterine fibroid အလုံးတွေ ဖြစ်လာတတ် ပါတယ်။ ကင်ဆာ မဟုတ်တဲ့ အလုံးအဖုတွေလို့ ဆိုရမှာ ပေါ့။ အသက် ၃၀ ကနေ ၄၀ အကြား အမျိုးသမီးတွေ အဖြစ်များ ပါတယ်။ သာမန်အားဖြင့်တော့ ပြဿနာ မဟုတ်ပါဘူး။ တချို့ကျတော့ ဝမ်းဗိုက်မှာ အင့်နေတာ၊ ခါးနာတာ၊ ရာသီပေါ်ချိန် သွေးအများကြီးဆင်းတာ၊ လိင် ဆက်ဆံချိန် နာကျင်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲတွေ့တာတွေ ဖြစ်လေ့ ရှိပါတယ်။ ဖယ်ရှားပစ်ဖို့ လိုအပ်ရင် လိုအပ်တာမို့ သားဖွားမီးယပ် ဆရာဝန်တွေ ဆီမှာ အကြံ တောင်းခံသင့်ပါတယ်။
ပြင်ပရောက် သားအိမ်တစ်ရှူး
တချို့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ သားအိမ်ကို ကာရံထားတဲ့ တစ်ရှူးက ပြင်ပ အင်္ဂါတွေဆီ ရောက်သွားတဲ့ Endometirosis ခေါ်ပါတယ်။ မျိုးဥအိမ်၊ မျိုးဥပြွန်၊ ဆီးအိမ်၊ အူနဲ့ တခြားအစိတ်အပိုင်းတွေမှာ သားအိမ် တစ်ရှူး ရောက် နေတတ်တာပါ။ ဓမ္မတာ လာချိန်မှာ အဲဒီတစ်ရှူးတွေ ကွာကျရပါတယ်။ အပြင်ကို ထွက်လို့ မရတဲ့ တစ်ရှူးတွေကြောင့် နာကျင်မှု ခံစားရတတ် ပါတယ်။ ရှားရှားပါးပါး အမာရွတ် ကျန်လေ့ ရှိတာကတော့ ကိုယ်ဝန်ရဖို့ ခက်ခဲတတ် ပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ နာကျင်မှု သက်သာအောင်၊ သန္ဓေတားဆေးတွေ၊ ဟော်မုန်းတွေနဲ့ ဓမ္မတာ မလာအောင် ရပ်ထားတာမျိုး လုပ်လို့ ရပါတယ်။ ခွဲကြောင်းရာ သေးသေးလေးခွဲပြီး ကုသရတာမျိုး ရှိသလို၊ သားအိမ် ထုတ်ရတဲ့ အထိ လည်း ကုသရတတ် ပါတယ်။
ဆီးလမ်းကြောင်းရောဂါပိုးဝင်
ဆီးမကြာခဏ သွားချင်နေတယ်၊ ဆီးသွားတဲ့အခါ နာတယ်၊ ဆီးအိမ် တင်းနေသလို ခံစားရတယ် ဆိုရင်ဖြင့် ဆီးလမ်းကြောင်း ပိုးဝင်လေသလား စဉ်းစားရတော့မှာပါ။ UTI (Urinary Tract Infection) ခေါ်ပါတယ်။ ကုသလိုက်ရင် လွယ်ကူမြန်ဆန် ပျောက်ကင်းတတ် ပေမယ့် တခါတလေလည်း ပြင်းထန် ဆိုးရွားတတ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ် အထိ ရောဂါပိုးပျံ့နှံ့ပြီ ဆိုရင် စိုးရိမ်ရတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်။ ကျောက်ကပ် ရောဂါပိုးဝင်တဲ့ အခါ ဖျားမယ်၊ အော့အန်မယ်၊ ခါးတခြမ်းနာမယ် ဆိုတာမျိုးတွေပါ တွဲပြီး ဖြစ်တတ်တာ သတိပြုရပါမယ်။
ဆီးကျောက်တည်
ဆီးသွားတဲ့ အခါ ခန္ဓာကိုယ်ထဲက ဆားနဲ့ သတ္တုဓာတ်တွေ စွန့်ပစ်တဲ့ နည်းလမ်းပါ။ အဲဒီ အရာဝတ္ထုတွေက သဲမှုန် လောက်ကနေ ဂေါက်သီးလောက် အထိ ရှိကြပါတယ်။ ဆီးသွားတဲ့ အခါ နာတယ်၊ ဆီးရောင်က သွေးကြောင့် ပန်းရောင် ဒါမှ မဟုတ် အနီ ဖြစ်လာတယ် ဆိုရင်ဖြင့် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပြီလား ဆိုတာ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ တချို့ ကျောက်တွေလည်း သူ့ဘာသာ ထွက်သွားတာ တွေ့ဖူးကြမှာပါ။ တချို့ ကျတော့လည်း ကုသမှု ခံယူရပါတယ်။ သူ့အလိုလို ကျောက်က ထွက်သွားဦးတော့ နာကျင်ကိုက်ခဲမှု အတွက် ဆရာဝန်ပေးတဲ့ ဆေးတွေသောက်ဖို့နဲ့ ရေများများသောက်ဖို့ကတော့ လိုအပ်ပါသေးတယ်။
ဆီးအိမ်နာ
ဆီးခုံ၊ ဆီးစပ်မှာ မပြတ်နာကျင်နေတဲ့ အကြောင်း တခုအဖြစ် ဆီးအိမ်ရောင်တာ ကိုလည်း ထည့်တွက်ရပါတယ်။ အသက် ၃၀ ကနေ ၄၀ အကြား အမျိုးသမီးများ ပိုဖြစ်လေ့ ရှိပါတယ်။ အကြောင်းရင်း ကတော့ တိတိကျကျ ပြော မရသေးတဲ့ ဝေဒနာပေါ့။ ဆီးအိမ်မှာ နှိုးဆွပေးနေသလို ဖြစ်ပြီး တနာရီ အတွင်းမှာ အကြိမ်များစွာ ဆီးသွားချင်နေပါ တယ်။ ဆီးစပ် အပေါ်မှာ ဖိထားသလို ခံစားရပြီး ဆီးသွားနေချိန်၊ လိင်ဆက်ဆံချိန်တွေမှာ နာကျင်မှုခံစားရပါတယ်။ တကယ်လို့ အချိန်ကြာမြင့်စွာ ဒီလို ခံစားနေရပြီ ဆိုရင် ကုသမှုခံယူပြီး သက်သာစေနိုင်တာကို သတိရပါ။
အင်္ဂါ အစိတ်အပိုင်းတွေ လျော့ရဲတာ
အသက်ကြီးလာတာနဲ့ အမျှ ဆီးခုံအတွင်းထဲက အင်္ဂါအစိတ် အပိုင်းတွေ လျော့ရဲ လာတတ်ပါတယ်။ ဆီးအိမ်က သားအိမ်ပေါ် ပိလာပြီး သားအိမ်ကို နိမ့်ဆင်းစေတာမျိုးပေါ့။ သာမန်အားဖြင့် သိပ်အန္တရာယ်မရှိလှဘူး ဆိုနိုင်ပေမယ့် အတော် စိတ်မသက်သာ ဖြစ်ရတဲ့ ရောဂါမျိုးပါ။ မိန်းမကိုယ်မှာ လေးပင်နေသလို ခံစားရပြီး ဝမ်းဗိုက် အောက်ပိုင်းမှာ လည်း တင်းကျပ်ကျပ် ခံစားနေရတာမျိုး ပါ။ ခါးအောက်ပိုင်းရော၊ ပေါင်ခြံတဝိုက်တွေမှာပါ နာကျင်ရတာပါ။ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်ကုသမှုတွေနဲ့ သက်သာစေနိုင်ပါတယ်။
ဆီးခုံအတွင်းပိုင်း သွေးပြန်ကြောတွေ
Varicose vein ခေါ်တဲ့ ခြေထောက်က သွေးပြန်ကြောတွေ ဖောင်းပြီး ထုံးနေတာမျိုး တွေ့ဖူးကြမယ် ထင်ပါတယ်။ ဆီးခုံ အတွင်းပိုင်းက သွေးပြန်ကြောတွေ မှာလည်း အဲဒီလို ဖြစ်တတ်ပါတယ်။ သွေးပြန်ကြောတွေ ဖောင်းကားပြီး ရောင်ရမ်းလာတောာ့ နာကျင်မှုခံစားရပါတယ်။ Pelvic Congestion Syndrome ခေါ်ပါတယ်။ ထိုင်နေရင်၊ ဒါမှမဟုတ် ရပ်နေရင် ပိုဆိုးတတ်ပါတယ်။ လဲလျောင်းနေရင် သက်သာ သွားတတ်ပါတယ်။ ဒီရောဂါကတော့ အသေးစား ခွဲစိတ်မှု လေးတွေနဲ့  ပြုပြင် ကုသနိုင်ပါတယ်။
အမာရွတ်တစ်ရှူး
တကယ်လို့ ဝမ်းဗိုက်အောက်ပိုင်း ခွဲစိတ်မှုတွေ ခံယူခဲ့ဖူးရင် ဆီးစပ်၊ ဆီးခုံနာကျင်မှုတွေ ခံစားရနိုင် ပါသေးတယ်။ အဲဒီအခါ အတွင်း အင်္ဂါတွေမှာ ကျန်ခဲ့တဲ့ အမာရွတ်တွေ (Adhesions) ကပ်ကျန်နေခဲ့ကြပါတယ်။ မဆက်စပ်ရမယ့် အစိတ်အပိုင်း တွေကို သွားကပ်နေမိရင် နာကျင်မှုရော၊ တခြားပြဿနာတွေပါ ခံစားရတာပါ။ သူတို့ ရှိတဲ့ နေရာလိုက်လို့ပေါ့။ ဒါမျိုးကလည်း ပြန်ပြီး ခွဲစိတ်ဖယ်ရှားရတာမျိုးတွေ လုပ်ရပါတယ်။
မိန်းမကိုယ် နာကျင်မှု
စက်ဘီးစီးတဲ့ အခါမျိုး၊ လိင်ဆက်ဆံချိန်မျိုးမှာ နာကျင်တတ်တဲ့ ရောဂါ တမျိုးရှိပါသေးတယ်။ မိန်းမကိုယ် အဝနားမှာ ပူစပ်စပ် နာကျင် ခံစားရတာမျိုးပါ။ Vulvodynia လို့ ခေါ်ပါတယ်။ တခြားဖြစ်တတ်တဲ့ ရောဂါတွေ ရှာမတွေ့ရင် ဒီဝေဒနာလို့ သတ်မှတ်ရမှာပါ။ နာလိုက်ပျောက်လိုက် ဖြစ်လေ့ရှိပြီး ရောဂါပိုးကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဆေးဝါးတွေ၊ လေ့ကျင့်ခန်း တွေနဲ့ သက်သာစေနိုင်ပါတယ်။
လိင်ဆက်ဆံချိန် နာကျင်မှု
ဒါကတော့ အကြောင်းပေါင်းများစွာနဲ့ သက်ဆိုင်နေသလို အများစုက ကုသလို့ ရပါတယ်။ မိန်းမကိုယ်မှာ ရောဂါပိုး ဝင်ရောက်တာမျိုး ဖြစ်နိုင်သလို ချောမွေ့မှု လိုအပ်တာလည်း ဖြစ်တတ်ပါတယ်။ Dyspareunia ခေါ်တဲ့ လိင်ဆက်ဆံချိန် နာကျင်မှု အတွက်တော့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကုသမှုတွေ လိုအပ်တတ်ပါတယ်။
အထက်မှာ ဆိုခဲ့တာတွေက ဆီးစပ်၊ ဆီးခုံ နာကျင်စေတာတွေထဲက တွေ့ရများတဲ့ အခြေအနေတွေ ပါ။ တကယ်လို့ အနည်းဆုံး ၆ လလောက် နာနေပြီ ဆိုမှဖြင့် နာတာရှည် ဆီးစပ်နာကျင်မှု အဖြစ် စဉ်းစားရပါတော့မယ်။ ဒါက အတော် ခံရ ဆိုးပါတယ်။ အိပ်ပျက်၊ စိတ်ပျက်၊ အလုပ်ပျက်၊ ဆက်ဆံရေး ပျက်တွေ ဖြစ်လာမှာပါ။ ဆရာဝန်နဲ့ တိုင်ပင်ကုသရမှာ ပါ။ အများစုက ပျောက်ကင်း သက်သာစေတဲ့ အကြောင်းတွေပါ။ တခါတလေလည်း အဖြေမရတဲ့ ပုစ္ဆာလို ဖြစ်နေတတ် ပါတယ်။ ဒါပေမယ့် ဆရာဝန်ကတော့ သက်သာရာ သက်သာကြောင်းတွေ ကူညီပေးနိုင်ပါလိမ့်မယ်။ ဆီးခုံ၊ ဆီးစပ် နာကျင်မှုကို အလေးထား သတိမူစေချင်တယ် လို့သာ သတင်းပေးလိုက် ပါရစေ။    ။
Crd..: :
akhamaet.com
 လူမွန်ရင် က်ားက်ား၊ မမ အနည်းနဲ့ အမ်ား ကြုံဖူးကြမယ့် ဝေဒနာတခုက ဆီးခုံ၊ ဆီးစပ် နာက်င္တာပါ။ ဆီးခုံ၊ ဆီးစပ် ဆိုတာ ကေတာ့ ဝမ်းဗိုက်ကြက်သားတြေရဲ့အောက္ဘက် (ခ်က်အောက္ပိုင်း) နဲ့ျေခေထာက် (ပေါင်) တြေရဲ့ အထက္ပိုင်းကို ဆိုလိုတာပါ။ အမိုးသမီးတြေ သြေးမဆုံးမီ ကာလမျွာဖစ္တာ၊ သာမန် လေထိုးတာလောက္က သိပ္မဆိုးလွ ပေမယ့် တခို့ အေကြာင်းတြေက်တော့ ဆေးရုံဆေးခန်း သြားကို သြားရမယ့် အေရးပေါ် မီးနျီပ ဥသြဆြဲသျံဖစ်နျေပန် ပါတယ်။

အူအတက်ရောင်

ဘယ္ဘက္ဆီးစပ္မွာ စူးရွနာက်င်ပြီး အော့အန္မယ်၊ ဖ်ားမယ် ဆိုရင်တော့ အူအတက် ရောင္တျာဖစ္ဖို့ မ်ားပါတယ်။ ဒါတြေ ပူးတျြဲဖစ်ရင်တော့ အေရးပေါ်ကိုျေပးရပါလိမ့်မယ်။ ပိုးဝင်ပြီး ရောင်ရမ်းနေတဲ့ အူအတက္က ခြဲစိတ္ဖို့ လိုတတ် ပါတယ်။ ပေါက္ထြက် သြားရင်တော့ တကိုယ္လုံး ရောဂါပိုးတြေ ပ်ံ့နွံ့ ဝင်ရောက်ရာက အသက်အန္တရာယ် အထိ ဒုက္ခ ပေးပါတယ်။

အူမကြီးမတည်ငြိမ်

တခိျု့ဖစ်လေ့ ရွိပါတယ်။ ဗိုက္ထဲကနာ၊ျပည့်ကယ်၊ ဝမ်းပ်က္လိုက်၊ ဝမ်းခ်ုပ္လိုက် အမြဲတမ်းလိုလျိုဖစ်နေတာမိုးပေါ့။ ဒါကေတာ့ Irritable Bowel Syndrome (IBS) ခေါ်တဲ့ အူမကြီး မတည်ငြိမ္တဲ့ အျေခအေနပါ။ ဒါမိုးကေတာ့ သေခ်ာပြီ လို့ စစ်ဆေး သတ္မွတ်ပြီးရင် အစားအေသာက် ဆင်ျခင်၊ စိတ္ဖိစီးမှု လော့်အောင္လုပ်၊ ဆေးတြေ ပေးပြီး သက်သာအောင် လုပ္လို့ ရပါတယ်။

မိုးဥကြေနာ

အမိုးသမီးတြေ ဓမ္မတာ တကြိမ္နဲ့ တကြိမ်ကြား ပုံမွန် နာက်င္တတ္တယ် ဆိုရင်တော့ မိုးဥကြေတဲ့ လက္ခဏာပါ။ မိုးဥအိမ် ကေန မိုးဥက သြေးစီးကြောင်းနဲ့ အရည်တြေထဲ ဆင်းလာလိျု့ဖစ္တာပါ။ ဓမ္မတာ ၂ ကြိမ်ရဲ့ အလယ် ကာလမွာ နာက်င္တတ္တာမို့ ဂ်ာမန္စကား Mittleschmerz အရ အလယ္ကာလ နာက်င္မှု (Middle pain) လို့် ခေါ်ကြပါတယ်။ တကြိမ္နဲ့ တကြိမ် နာက်င္တဲ့ နေရာ မတူသလို နာရီပိုင်းနဲ့ သက်သာ သြားတတ္ပါတယ်။

ရာသီနာ

ဓမ္မတာ လာတိုင်း ကြုံရတတ္ပါတယ်။ ဝမ်းဗိုက် အောက္ပိုင်းမွာ ဆုပ္ဆြဲထားသလို နာတာ၊ ခါးမွာ နာတာ စသျဖင့်ပေါ့။ ၁ ရက္ကေန ၃ ရက်လောက် အထိ နာပါတယ်။ သားအိမ္က လစဉ်သူ့ရဲ့ မ်က်နျွာပင် အသစ် လဲရတာကိုး။ ဒါမွလည်း သေန္ဓသား ခိုလှုံ ဖြံ့ထြားဖို့ အဆင်ျေပမွာ ပါ။ သေန္ဓမတည္တဲ့ အခါ က်တော့ မ်က်နျွာပင္က ကြာက်ပေးရတဲ့ အတြက် ရာသီသြေး ဆင်းလာတာ ပေါ့။ အဲဒီ အခိန္မိုးမွာ သားအိမ္က အဲဒါတြေ ညှစ္ထုတ်ပေးရာက နာက်င္မှု ရေစတာ ပါ။ အကိုက်အခဲ ပော်က်ဆေးတြေ သောက်၊ ရေနြးအိပ်လေး ကပ်ပြီး သက်သာအောင် လုပ်နိုင္ပါတယ်။ ကိုယ္လက် လှုပ်ရွားမှု အေလ့အက်င့် လုပ္တာ၊ စိတ္ဖိစီးမှု လွော့်ျေဖ ပေးတာတြေက အေထာက်အကျူဖစ္ပါတယ်။ တော်ရုံနဲ့ မသက်သာရင် ဆရာဝန္နဲ့ တိုင္ပင္ပါ။

သားအိမ်ျပင္ပ သေန္ဓတည်

ရံဖန်ရံခါ သားအိမ်ျပင္ပမွာ သေန္ဓတည်ပြီး ကြီးထြား လာတတ္ပါတယ်။ အမ်ားအာျးဖင့် မိုးဥပြန် Fallopian tube မွာ ပေါ့။ စူးစူးဝါးဝါး ဆီးစပ္မွာ နာက်င်ပြီး မိန်းမကိုယ္က သြေးတြေ ဆင်းမယ်၊ အော့အန်၊ မူးဝေ စတာတြေလည်ျးဖစ္ပါ တယ်။ ဒါမိုးကေတာ့ အသက်အန္တရာယ် ပေးနိုင္တဲ့ အေရးပေါ်အျေခအေနပါ။

လိင္ကတဆင့် ကူးစက္တဲ့ ရောဂါတြေ

ဆီးစပ် နာက်င် ကိုက္ခဲတာက လိင္က တဆင့် ကူးစက္တဲ့ ရောဂါတြေကိုလည်း သတိမူရမွာ ပါ။ ဂနိုလို့ အသိမ်ားတဲ့ Gonorrhea နဲ့ Chlamydia ရောဂါတြေ ကေတာ့ ဒီလက္ခဏာ အျဖစ္မ်ားပါတယ်။ တခါတေလ ၂ မိုး တပြိုင္နက်ျဖစ်နေတတ်ျပန္ပါတယ်။ အမြဲတမ်း လက္ခဏျာပတာမိုး မဟုတ်ပေမယ့် ဆီးသြားရင် နာက်င္တာ၊ အျဖူဆင်းတာ၊ ရာသီအလယ် နာက်င္တာတြေ တျြဲဖစ္တတ် ပါတယ်။ ဒါမိုးတြေ က်ရင်တော့ ကိုယ့်ရဲ့ လိင္ဆက္ဆံဖော် ကိုပါ စစ်ဆေး ကုသတာမိုး လုပ္မွ အဆင်ျေပပါတယ်။

အဲဒီ လိင္ကေနတဆင့် ကူးစက္တာတြေကေန Pelvic Inflammatory Disease  ခေါ်တဲ့ နောက္ဆက္တြဲ ရောဂါ တခု ဆင့်ပြား လျာပန္ပါတယ်။ အေသအခ်ာ ကာကြယ္လို့ ရေပမယ့် မကုဘဲထားရင် သားသမီး မရတဲ့ အေကြာင်းရင်း တခုလည်ျးဖစ်ဈေပန် ပါတယ်။ သားအိမ်၊ မိုးဥအိမ်၊ မိုးဥပြန်တြေမွာ နာတာရွည် ထိခိုက်နေစတဲ့ ရောဂါပါ။ ဆီးစပ္နာ၊ ဖ်ား၊ အျဖူတြေဆင်း၊ ဆီးသြားခိန္နဲ့ လိင္ဆက္ဆံခိန် တြေမွာ နာက်င် စတာတျြေဖစ္ပါတယ်။ ပဋိဇီဝ ဆေးတြေနဲ့ ကုသလို့ ရပြီျးပင်းထန်ရင်တော့ ဆေးရုံတင် ကုရတာမိုး အထျိဖစ္တတ္ပါတယ်။ လိင္ဆက္ဆံဖက္ကိုပါ ကုသေပး ရပါတယ်။

မိုးဥအိမ္ထဲက အိတ် (အလုံး)

သားဥအိမ္လည်း ခေါ်ကြတဲ့ မိုးဥအိမ္က လစဉ် မိုးဥတြေျေခြပါတယ်။ အဲဒီအခိန္မွာ မိုးဥ ထြက်ပေါက်လေး မပြင့်သေးတာနဲ့ ကြုံရသလျိုပန္ပိတ်ြသားခိန္မွာ မိုးဥအိမ္ထဲ အရည်တြေနဲ့ တင်းက်န် နေတတ် ပါတယ်။ အဲဒါကေန မိုးဥအိမ္ထဲ အလုံးလေးတျြေဖစ္တတ် ပါတယ်။ တကယ်တော့ စိုးရိမ္စရာ သိပ္မလိုဘဲ သူ့ဖာသျာပန်သက်သာ သြားတတ် ပါတယ်။ ဒါပေမယ့် အနီးအနားတြေကို ဖိတာ၊ ဖောင်းကားလာတာ စတာတြေ ကေန နာက်င္မျှုဖစ်ဈေပန် ပါတယ်။ တခါတရံ အဲဒီ အိတ္ကေလးတြေ ပေါက္ထြက္တာ၊ လိမ်ြသားတာကျပင်ျးပင်းထန္ထန် နာက်င်စေပြီး အေရးပေါ်ခန်း ရောက်ြသား တတ္ပါတယ်။ Ultrasound လို စမ်းသပ် စစ်ဆေးမှုတြေနဲ့ ရွာဖြေကုသလို့ ရပါတယ်။

သားအိမ္ထဲက အသားမ်ွင္လုံး

သားအိမ္နံရံမွာ အဲဒီ Uterine fibroid အလုံးတျြေဖစ္လာတတ် ပါတယ်။ ကင္ဆာ မဟုတ္တဲ့ အလုံးအဖုတြေလို့ ဆိုရမွာ ပေါ့။ အသက် ၃၀ ကေန ၄၀ အကြား အမိုးသမီးတြေ အျဖစ္မ်ား ပါတယ်။ သာမန်အာျးဖင့်တေျာ့ပဿနာ မဟုတ္ပါဘူး။ တခို့က်တော့ ဝမ်းဗိုက္မွာ အင့်နေတာ၊ ခါးနာတာ၊ ရာသီပေါ်ခိန် သြေးအမ်ားကြီးဆင်းတာ၊ လိင် ဆက္ဆံခိန် နာက်င္တာ၊ ကိုယ်ဝန်ဆောင္ခိန္မွာ အခက်အခဲတြေ့တာတျြေဖစ်လေ့ ရွိပါတယ်။ ဖယ်ရွားပစ္ဖို့ လိုအပ်ရင် လိုအပ္တာမို့ သားဖြားမီးယပ် ဆရာဝန်တြေ ဆီမွာ အကြံ တောင်းခံသင့်ပါတယ်။

ျပင္ပေရာက် သားအိမ္တစ်ရှူး

တခို့ အမိုးသမီးတြေမျွာဖစ္တတ္ပါတယ်။ သားအိမ္ကို ကာရံထားတဲ့ တစ်ရှူးကျပင္ပ အင်္ဂါတြေဆီ ရောက်ြသားတဲ့ Endometirosis ခေါ်ပါတယ်။ မိုးဥအိမ်၊ မိုးဥပြန်၊ ဆီးအိမ်၊ အူနဲ့ တျခားအစိတ်အပိုင်းတြေမွာ သားအိမ် တစ်ရှူး ရောက် နေတတ္တာပါ။ ဓမ္မတာ လာခိန္မွာ အဲဒီတစ်ရှူးတြေ ကြာက်ရပါတယ်။ အျပင္ကို ထြက္လို့ မရတဲ့ တစ်ရှူးတြေကြာင့် နာက်င္မှု ခံစားရတတ် ပါတယ်။ ရွားရွားပါးပါး အမာရြတ် က်န်လေ့ ရွိတာကေတာ့ ကိုယ်ဝန်ရဖို့ ခက္ခဲတတ် ပါတယ်။ အကိုက်အခဲ ပော်က်ဆေးတြေနဲ့ နာက်င္မှု သက်သာအောင်၊ သေန္ဓတားဆေးတြေ၊ ဟ္မောုန်းတြေနဲ့ ဓမ္မတာ မလာအောင် ရပ္ထားတာမိုး လုပ္လို့ ရပါတယ်။ ခြဲကြောင်းရာ သေးသေးလေးခြဲပြီး ကုသရတာမိုး ရွိသလို၊ သားအိမ် ထုတ်ရတဲ့ အထိ လည်း ကုသရတတ် ပါတယ်။

ဆီးလမ်းကြောင်းရောဂါပိုးဝင်

ဆီးမကြာခဏ သြားခ်င်နေတယ်၊ ဆီးသြားတဲ့အခါ နာတယ်၊ ဆီးအိမ် တင်းနေသလို ခံစားရတယ် ဆိုရင်ျဖင့် ဆီးလမ်းကြောင်း ပိုးဝင်လေသလား စဉ်းစားရေတာ့မွာပါ။ UTI (Urinary Tract Infection) ခေါ်ပါတယ်။ ကုသလိုက်ရင် လြယ္ကျူမန္ဆန် ပော်က္ကင်းတတ် ပေမယ့် တခါတေလလည်ျးပင်းထန် ဆိုးရြားတတ္ပါတယ်။ အထူးသျဖင့် ကော်က္ကပ် အထိ ရောဂါပိုးပ်ံ့နွံ့ပြီ ဆိုရင် စိုးရိမ်ရတဲ့ အကိုးဆက်တျြေဖစ္လာတတ္ပါတယ်။ ကော်က္ကပ် ရောဂါပိုးဝင္တဲ့ အခါ ဖ်ားမယ်၊ အော့အန္မယ်၊ ခါးတျခမ်းနာမယ် ဆိုတာမိုးတြေပါ တြဲပြီျးဖစ္တတ္တာ သတျိပုရပါမယ်။

ဆီးကော်က္တည်

ဆီးသြားတဲ့ အခါ ခန္ဓာကိုယ္ထဲက ဆားနဲ့ သတ္တုဓာတ်တြေ စြန့်ပစ္တဲ့ နည်းလမ်းပါ။ အဲဒီ အရာဝတ္ထုတြေက သဲမှုန် လောက္ကေန ဂေါက်သီးလောက် အထိ ရွိကြပါတယ်။ ဆီးသြားတဲ့ အခါ နာတယ်၊ ဆီးရောင္က သြေးကြောင့် ပန်းရောင် ဒါမွ မဟုတ် အနျီဖစ္လာတယ် ဆိုရင်ျဖင့် ကော်က္ကပ္နဲ့ ဆီးလမ်းကြောင်းမွာ ကော်က္တည်နေပြီလား ဆိုတာ ဆရာဝန္နျဲ့ပသဖို့ လိုပါတယ်။ တခို့ ကော်က်တြေလည်း သူ့ဘာသာ ထြက်ြသားတာ တြေ့ဖူးကြမွာပါ။ တခို့ က်တော့လည်း ကုသမှု ခံယူရပါတယ်။ သူ့အလိုလို ကော်က္က ထြက်ြသားဦးတော့ နာက်င္ကိုက္ခဲမှု အတြက် ဆရာဝန်ပေးတဲ့ ဆေးတြေသာက္ဖို့နဲ့ ရေမ်ားမ်ားသောက္ဖို့ကေတာ့ လိုအပ္ပါသေးတယ်။

ဆီးအိမ္နာ

ဆီးခုံ၊ ဆီးစပ္မွာ မျပတ္နာက်င်နေတဲ့ အေကြာင်း တခုအျဖစ် ဆီးအိမ်ရောင္တာ ကိုလည်း ထည့်တြက်ရပါတယ်။ အသက် ၃၀ ကေန ၄၀ အကြား အမိုးသမီးမ်ား ပျိုဖစ်လေ့ ရွိပါတယ်။ အေကြာင်းရင်း ကေတာ့ တိတိက်က်ျေပာ မရေသးတဲ့ ဝေဒနာပေါ့။ ဆီးအိမ္မွာ နှိုးဆြေပးနေသလျိုဖစ်ပြီး တနာရီ အတြင်းမွာ အကြိမ္မ်ားစြာ ဆီးသြားခ်င်နေပါ တယ်။ ဆီးစပ် အေပ်ါမွာ ဖိထားသလို ခံစားရပြီး ဆီးသြားနေခိန်၊ လိင္ဆက္ဆံခိန်တြေမွာ နာက်င္မှုခံစားရပါတယ်။ တကယ္လို့ အခိန်ကျြာမင့်စြာ ဒီလို ခံစားနေရပြီ ဆိုရင် ကုသမှုခံယူပြီး သက်သာစေနိုင္တာကို သတိရပါ။

အင်္ဂါ အစိတ်အပိုင်းတြေ လော့်ရဲတာ

အသက်ကြီးလာတာနဲ့ အမွ် ဆီးခုံအတြင်းထဲက အင်္ဂါအစိတ် အပိုင်းတြေ လော့်ရဲ လာတတ္ပါတယ်။ ဆီးအိမ္က သားအိမ်ပေါ် ပိလာပြီး သားအိမ္ကို နိမ့်ဆင်းစေတာမိုးပေါ့။ သာမန်အာျးဖင့် သိပ်အန္တရာယ္မရွိလွဘူး ဆိုနိုင်ပေမယ့် အေတာ် စိတ္မသက်သျာဖစ်ရတဲ့ ရောဂါမိုးပါ။ မိန်းမကိုယ္မွာ လေးပင်နေသလို ခံစားရပြီး ဝမ်းဗိုက် အောက္ပိုင်းမွာ လည်း တင်းက်ပ္က်ပ် ခံစားနေရတာမိုး ပါ။ ခါးအောက္ပိုင်းရော၊ ပေါင်ခြံတဝိုက်တြေမွာပါ နာက်င်ရတာပါ။ လေ့က်င့်ခန်းတြေ၊ ခြဲစိတ္ကုသမှုတြေနဲ့ သက်သာစေနိုင္ပါတယ်။

ဆီးခုံအတြင်းပိုင်း သြေျးပန်ကြောတြေ

Varicose vein ခေါ်တဲ့ျေခေထာက္က သြေျးပန်ကြောတြေ ဖောင်းပြီး ထုံးနေတာမိုး တြေ့ဖူးကြမယ် ထင္ပါတယ်။ ဆီးခုံ အတြင်းပိုင်းက သြေျးပန်ကြောတြေ မွာလည်း အဲဒီလျိုဖစ္တတ္ပါတယ်။ သြေျးပန်ကြောတြေ ဖောင်းကားပြီး ရောင်ရမ်းလာတောာ့ နာက်င္မှုခံစားရပါတယ်။ Pelvic Congestion Syndrome ခေါ်ပါတယ်။ ထိုင်နေရင်၊ ဒါမွမဟုတ် ရပ်နေရင် ပိုဆိုးတတ္ပါတယ်။ လဲလော်င်းနေရင် သက်သာ သြားတတ္ပါတယ်။ ဒီရောဂါကေတာ့ အေသးစား ခြဲစိတ္မှု လေးတြေနဲ့ျပျုပင် ကုသနိုင္ပါတယ်။

အမာရြတ္တစ်ရှူး

တကယ္လို့ ဝမ်းဗိုက်အောက္ပိုင်း ခြဲစိတ္မှုတြေ ခံယူခဲ့ဖူးရင် ဆီးစပ်၊ ဆီးခုံနာက်င္မှုတြေ ခံစားရနိုင် ပါသေးတယ်။ အဲဒီအခါ အတြင်း အင်္ဂါတြေမွာ က်န္ခဲ့တဲ့ အမာရြတ်တြေ (Adhesions) ကပ္က်န်နေခဲ့ကြပါတယ်။ မဆက္စပ်ရမယ့် အစိတ်အပိုင်း တြေကို သြားကပ်နေမိရင် နာက်င္မှုရော၊ တျခာျးပဿနာတြေပါ ခံစားရတာပါ။ သူတို့ ရွိတဲ့ နေရာလိုက္လို့ပေါ့။ ဒါမိုးကလည်ျးပန်ပြီး ခြဲစိတ္ဖယ်ရွားရတာမိုးတြေ လုပ်ရပါတယ်။

မိန်းမကိုယ် နာက်င္မှု

စက္ဘီးစီးတဲ့ အခါမိုး၊ လိင္ဆက္ဆံခိန္မိုးမွာ နာက်င္တတ္တဲ့ ရောဂါ တမိုးရွိပါသေးတယ်။ မိန်းမကိုယ် အဝနားမွာ ပူစပ္စပ် နာက်င် ခံစားရတာမိုးပါ။ Vulvodynia လို့ ခေါ်ပါတယ်။ တျခာျးဖစ္တတ္တဲ့ ရောဂါတြေ ရွာမေတြ့ရင် ဒီဝေဒနာလို့ သတ္မွတ်ရမွာပါ။ နာလိုက်ပော်က္လိုက်ျဖစ်လေ့ရွိပြီး ရောဂါပိုးကြောင့်ျဖစ္တာမဟုတ္ပါဘူး။ ဆေးဝါးတြေ၊ လေ့က်င့်ခန်း တြေနဲ့ သက်သာစေနိုင္ပါတယ်။

လိင္ဆက္ဆံခိန် နာက်င္မှု

ဒါကေတာ့ အေကြာင်းပေါင်းမ်ားစြာနဲ့ သက္ဆိုင်နေသလို အမ်ားစုက ကုသလို့ ရပါတယ်။ မိန်းမကိုယ္မွာ ရောဂါပိုး ဝင်ရောက္တာမိုျးဖစ်နိုင်သလို ခော်မြေ့မှု လိုအပ္တာလည်ျးဖစ္တတ္ပါတယ်။ Dyspareunia ခေါ်တဲ့ လိင္ဆက္ဆံခိန် နာက်င္မှု အတြက်တော့ ရုပ္ပိုင်း၊ စိတ္ပိုင်း ကုသမှုတြေ လိုအပ္တတ္ပါတယ်။

အထက္မွာ ဆိုခဲ့တာတြေက ဆီးစပ်၊ ဆီးခုံ နာက်င်စေတာတြေထဲက တြေ့ရမ်ားတဲ့ အျေခအေနေတြ ပါ။ တကယ္လို့ အနည်းဆုံး ၆ လေလာက် နာနေပြီ ဆိုမျွဖင့် နာတာရွည် ဆီးစပ္နာက်င္မှု အျဖစ် စဉ်းစားရပါတော့မယ်။ ဒါက အေတာ် ခံရ ဆိုးပါတယ်။ အိပ္ပ်က်၊ စိတ္ပ်က်၊ အလုပ္ပ်က်၊ ဆက္ဆံရေး ပ်က်တျြေဖစ္လာမွာပါ။ ဆရာဝန္နဲ့ တိုင္ပင္ကုသရမွာ ပါ။ အမ်ားစုက ပော်က္ကင်း သက်သာစေတဲ့ အေကြာင်းတြေပါ။ တခါတေလလည်း အျေဖမရတဲ့ ပုစ္ဆာလျိုဖစ်နေတတ် ပါတယ်။ ဒါပေမယ့် ဆရာဝန္ကေတာ့ သက်သာရာ သက်သာကြောင်းတြေ ကူညီပေးနိုင္ပါလိမ့်မယ်။ ဆီးခုံ၊ ဆီးစပ် နာက်င္မှုကို အေလးထား သတိမူစေခ်င္တယ် လို့သာ သတင်းပေးလိုက် ပါရေစ။    ။

Crd..: :

akhamaet.com

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home