Thursday, June 1, 2017

မင်္ဂလာဦးည မတိုင်မှီ ဒါတွေ ပြင်ဆင်ထားပါ

လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလော တကြီး လုပ်လို့ မရပါဘူး။
အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။

လက်မထပ်ခင် ဆေးစစ်ခြင်း

လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေး မစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။

ရောဂါတွေ့ခဲ့လျှင်

ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ် သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါ ရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ် မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေး အားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

သားသမီးရယူရေး

အိမ်ထောင် သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေး မယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင် လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။

သားသမီးဦးရေ

ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။

စောင့်ထိန်းမှု

အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီး လှပါတယ်။
CRD;;;
akhamaet.com (အခမဲ့)
လက္ထပ်တော့မယ္လိျု့ပင္ဆင်နေတဲ့ အခိန္မွာ စိတ္လှုပ်ရွားရင္ခုန်ရတာက တစ္ဖက်၊ ပင္ပန်းရတာက တစ္ဖက်ျဖစ်နေနိုင္ပါတယ်။ ဝတ္စုံအပ္တာ၊ ဖိတ္စာမွာတာ၊ မဂင်္လာခန်းမ ငွားတာ.. ဘယ်အရာကိုမွ အေလာ တကြီး လုပ္လို့ မရပါဘူး။
အရာရာတိုင်းကို အခိန်ယူပြီး စနစ္တက် စီစဉ်ဆောင်ြရက္မွသာ မဂင်္လာအခိန္မွာ အစစအရာရာ အဆင်ျေပ ခော်မြေ့ သြားပါလိမ့်မယ်။ မဂင်္လာခန်းမမွာ အဆင်ျေပေခ်ာမြေ့ရုံနဲ့တော့ တစ္ဘဝလုံး သာယာမယ္လို့ မဆိုနိုင္ပါဘူး။ မဂင်္လာဆောင်ပြီးခိန္မွာ တစ္ဘဝလုံး သာယာခ်မ်ျးေမ့ စေရးအတြက် အျေခခံက်တဲ့ လိုအပ္ခ်က်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ က်န်းမာရေးအေပ်ါမွာ မူတည်နေပါတယ်။

လက္မထပ္ခင် ဆေးစစ်ျခင်း

လက္မထပ္ခင္မွာ သတို့သားရော သတို့သမီးပါ က်န်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမွာ တစ်ဦးမွ တစ်ဦးကို လိင္မွ တစ္ဆင့်ကူးစက္တတ္တဲ့ ရောဂါတြေ ရွိ၊ မရွိနဲ့ မိုးရိုးလိုက္တတ္တဲ့ရောဂါတြေ ရွိ။ မရွိ ဆိုတာကိုစစ်ဆေးသင့်တျာဖစ္ပါတယ်။ ဆေးစစ်ကြည့်လို့ လိင္မွ တစ္ဆင့်ကူးစက္တတ္တဲ့ ရောဂါတြေ ရွိမွန်းသိခဲ့ရင် ကုသေပ်ာက္ကင်းပြီးမွသာ လက္ထပ်သင့်တျာဖစ္လို့ပါ။ လက္မထပ္ခင် ဆေး မစစ္ဘဲ ပေါင်းသင်းပြီးခါမွ ရောဂါ ကူးစက္ခံရတဲ့ အိမ်ထောင်သည်တြေ (အမ်ားအာျးဖင့် ဇနီးမယားတြေ)ကို အေတြ့ရမ်ားနေတဲ့အတြက် ဆေးစစ်ျခင်းဟာ အေလးထားသင့်တဲ့ က်န်းမာရေး စောင့်ရွောက္မှု တစ်ရပ်ျဖစ်နေပါတယ်။

ရောဂါတြေ့ခဲ့လ်ွင်

ဆေးစစ်ကြည့်လိုက္လ်ွင် တစ်ဦးဦးမွာ ရောဂါတစ္ခုခု ရွိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက္ထပ္ဖို့ ဆုံျးဖတ္ခ်က္ခ်တဲ့အခါ အဆင်ျေပျေပ ညှိနှိုင်းနိုင္ပါတယ်။ျဖစ္တဲ့ ရောဂါကို လက္မထပ္ခင် ကုသေပ်ာက္ကင်းအောင် ကုနိုင္ဖို့ ဆရာဝန္နဲ့ ညှိနှိုင်းတာမိုး၊ ဒါမွမဟုတ် အပြီးတိုင် မေပ်ာက်နိုင္ဘဲ ထိန်းထားနိုင္တဲ့ HIV ပိုးရွိခဲ့ရင် အကာအကြယ် သုံးပြီး ပေါင်းသင်း နေထိုင္ဖို့ ဆုံျးဖတ္တာမိုးတျြေပုလုပ်နိုင္ပါတယ်။ လက္ထပ်ပြီးမွ ရောဂါ ရွိမွန်း သိခဲ့ရင်တော့ “ဆုပ္လည်းစူး၊ စားလည်းရူး”လို အျဖစ် မိုးတျြေဖစ်ြသားနိုင္ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နွစ်ဦးစလုံးမွာ ရွိခဲ့ရင် မိုးရိုးလိုက်နိုင်ျေခမ်ားတဲ့ ရောဂါတြေ (ဥပမာ - ဆီးခိုရောဂါ၊ သြေး အားနည်းရောဂါ) ရွိခဲ့ရင္လည်း ဆရာဝန္နဲ့ တိုင္ပင် ဆြေးနြေးပြီးမွ လက္ထပ္ဖို့ ဆုံျးဖတ်နိုင္ပါတယ်။

သားသမီးရယူရေး

အိမ်ထောင် သားမြေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ျပုပြီးရင် ကေလးယျူခင်းကပါ တဲပြါလာပါတယ်။ ခ်က္ခ်င်း ကေလး မယူခ်င်သေးဘူးဆိုရင် ကာကြယ္တားဆီးထားဖို့နဲ့ ကေလးယူမယ္လို့ ဆုံျးဖတ္ထားရင် လည်း ဆောင်သင့်၊ ရွောင်သင့်တဲ့အခ်က်တြေ (ဥပမာ - အမိုးသမီးအေနနဲ့ အာျးဖည့်ဆေး ကြိုတင္မွီဝဲထားနိုင္ဖို့) ဆရာဝန္နဲ့ ကြိုတင်ဆြေးနြေး ထားသင့်ပါတယ်။ အထူးသျဖင့် သတို့သမီးနဲ့ အသက် ၂၅ နွစ်ကော််နေရင်ျမန်ျမန် ကေလးယူဖို့ ဆရာဝန်တြေက တိုက္တြန်းလေ့ ရွိပါတယ်။

သားသမီးဦးရေ

ဒီနေ့ခေတ္မွာ စီးပြားရေး၊ လူမှုရေး၊ အလုပ်အကိုင္စတဲ့ အေကြာင်းကြောင်းတြေကြာင့် ကေလးအမ်ားကြီး မယူလိုကြေတာ့ပါဘူး။ အေကာင်းဆုံးကေတာ့ ကေလးယူတဲ့အခါမွာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနွစ်လောက်ျခားသင့်ပါတယ်။ တစ်နွစ္တစ်ယောက်နှုန်းနဲ့ ကေလးမြေးနေရင် မိခင္မွာ ပင္ပန်းနိုင်သလို မြေးလာတဲ့ ကေလးတိုင်းကို အျပည့်အဝ ဂရုစိုက်နိုင္ဖို့ မလြယ္ပါ။

စောင့်ထိန်းမှု

အိမ်ထောင္မျပုခင္က ဆေးစစ္လိုက်တော့ ဆေးအောင္ပါရဲ့။ အိမ်ထောင်ျပုပြီးခိန္မွာ အိမ်ထောင္ဖက္တစ်ဦးက ထင်သလို စိုင်းလိုက္မယ္ဆိုရင်တော့ ဇနီးမောင်နွံ နွစ်ဦးစလုံးအတြက် ကိုယ့်က်န်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပော််ရွှင္မှုကိုပါ ထိခိုက်စေနိုင္ပါတယ်။ ဒါကြောင့် မဂင်္လာဆောင် ပြီးခိန္မွာလည်း ခင္ပြန်းက်င့်ဝတ္နဲ့ ဇနီးက်င့်ဝတ္တို့ကို လိုက္နာပြီး သစ္စာရွိရွိ ပေါင်းသင်းနေထိုင်ြသားဖို့ အေရးကြီး လွပါတယ်။

CRD;;;

akhamaet.com (အခမဲ့)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home