Tuesday, June 13, 2017

တစ်လုံးကို မြန်မာငွေ ကျပ် သိန်း၈၀ မှ ၁၂၀ခန့်ထိရရှိတဲ့ ထိုင်းဒူးရင်းသီး လေလံပွဲ

ကမ္ဘာမှာဈေးအများဆုံး ဒူးရင်းသီး......
ဒူးရင်သီး တစ်လုံးကို ဘတ်ငွေ 2 သိန်းကျော်မှ 3 သိန်း (ကျပ်သိန်း 80 မှ သိန်း 120 ခန့် ) အထိတန်ဘိုးမြင့်ရောင်းချနိုင်ခဲ့တယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်ဘက်အရပ် နွန်ထါ့ဘူရီ ခရိုင်း နာမည်ကြီး ဒူးရင်းခြံက ဒူးရင်းသီး မွန်ထောင်းမျိုး 6 လုံး ညှာတံရှည်(ကန့် ယောင်း) မျိုး 3 လုံး စုစုပေါင်း 9 လုံးကို လေလံတင်ခဲ့တယ်။ တစ်လုံးကို မွန်ထောင်းက ဘတ် 2 သိန်းမှ 2သိန်းကျော်အထိရရှိပြီး ညှာတံရှည် (ကန့် ယောင်း) မျိုးက ဘတ် 2 သိန်းခွဲမှ 3 သိန်းအထိရရှိပါတယ်။ဒူးရင်းသီးပြပွဲနဲ့ အတူလေလံပွဲကို 8-12 ဇွန် 2017 ရက်နေ့ အထိ ဘန်ကောက်မြို့ က ကုန်တိုက်တခုမှာ ပြုလုပ်ခဲ့ပြီး လေလံပွဲကို ဇွန်လ 10 ရက်နေ့ မှာကျင်းပခဲ့တာဖြစ်ပါတယ်။
နွန်ထါ့ဘူးရီခရိုင်က ဒူးရင်းသီးက ရေမြေအနေအထားကြောင့် အရသာပိုထူးကဲတယ်လို့ နာမည်ရထားပါတယ်။ ဒူးရင်ခြံတစ်ခြံဆိုရင် တစ်လုံးကို ဘတ် 5000 (ကျပ် 2 သိန်း) ကနေ ဘတ် 20000 (ကျပ် 8 သိန်း) အထိဈေးနှုန်းနဲ့ 
ရောင်းချနေတယ်။ ၀ယ်ချင်သလို ၀ယ်လို့ မရဘူး။ တစ်နှစ်ကြိုတင်ငွေနဲ့  မှာထားရပါတယ်။
နွန်ထါ့ဘူရီ ခရိုင် ဘန်ကောက်မြို့ နီးလို့  တိုးတက်ဖွံ့ ဖြိုးလာတောကြောင့် သစ်သီးခြံတွေကို ရောင်းပြီး အိမ်ယာတိုးချဲ့ တဲ့လုပ်ငန်းတွေဖြစ်ကုန်တယ်။ အခုလို လေလံပွဲပြုလုပ်တာဟာ ခြံမြေတွေကနေ ၀င်ငွေကောင်းအောင်လုပ်နိုင်စွမ်းရှိတာကို ပြသနိုင်ပြီး ခြံမြေတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အတွက်ဖြစ်တယ်လို့ နွန်ထါ့ဘူရီခရိုင်ဝန်က လေလံပွဲမှာပြောကြားပါတယ်။



မြန်မာမှာလည်း သစ်သီးဝလံဈေးကွက်ကျယ်ပြန့် လာဖို့ မျိုးကောင်းမျိုးသန့် ဖြစ်အောင် စိုက်ပျိုးပြီး လေလံပွဲမျိုးနဲ့ တွန်းအားပေးသင့်ပါတယ်။
BBC Win Myint

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home