Monday, June 12, 2017

တနေ့ဘယ်နှစ်နာရီ လိုင်းသုံးပါသလဲRadiation ကြောင့် အန္တရယ်ရှိလို့ သတိထားနေရမယ့် Smart Phone နည်းလမ်းတကျသုံးနည်းလေးဖတ်ထားနော်

  1. ဦးနှောက်မှတ်ဥာဏ်စွမ်းရည်ကို ထိခိုက်ခြင်း
  2. အာရုံစူးစိုက်မှုတွေလျော့ကျခြင်း
  3. မူးဝေခြင်း တွေကိုလည်း ဖြစ်စေပါတယ်။
    crd;;;;
    akhamaet.com
    အခုခေတ်လို စမတ်ဖုန်းကို လက်ကမချတမ် းအသုံးပြုနေကြတဲ့ခေတ်မှာ စမတ်ဖုန်း အသုံးများခြင်းကြောင့် အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ စမတ်ဖုန်းကို နီးနီးကပ်ကပ် ကိုင်တွယ်အသုံးပြုတဲ့အခါ ရောင်ခြည်လှိုင်း (radiation) တွေဟာ ခန္ဓာကိုယ်ထဲ ဖောက်ဝင် သွားပါတယ်။ ရေရှည်အသုံးပြုမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ကြောင်း ပြောကြားချက်တွေ ရှိတဲ့အပြင် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်ခြင်း အာရုံစူးစိုက်မှုတွေလျော့ကျခြင်း မူးဝေခြင်း တွေကိုလည်း ဖြစ်စေပါတယ်။ ဖုန်းအသုံးပြုတာများတဲ့သူ၊ နေ့စဉ်ရေရှည်ဖုန်းပြောရတဲ့လူ ဖြစ်နေတယ်ဆိုရင်တော့ ဖက်ရှင်အဟောင်းဖြစ်တဲ့ ကြိုးဖုန်းတွေကို အသုံးပြုတာ အသင့်တော်ဆုံးပါပဲ။ စကားပြောနေတုန်းလမ်းလျှောက်ရတာကြိုက်တယ်ဆိုရင် ကြိုးရှည်ရှည်လေး သုံးပေးပါ။ ဖုန်းအသုံးပြုမှုကြာလေ ဖုန်းကထွက်တဲ့လှိုင်းတွေနဲ့ ထိတွေ့မှု များလေပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ နားကြပ် (သို့) bluetooth ear phone နဲ့ ပြောတာအကောင်းဆုံးပါပဲ။ ဖုန်းခေါ်နေစဉ် တစ်ဘက်ဖုန်းသို့ ခေါ်နေချိန် ဖုန်းကို နားနဲ့ကပ်မထားပါနဲ့။ လိုင်းချိတ်နေတဲ့အချိန်မှာ radiation တွေကို ဖုန်းက ပိုသုံးပါတယ်။ လိုင်းချိတ်မိပြီဆိုတာ သေချာမှ ဖုန်းကို နားထောင်ပါ။ ဖြစ်နိုင်ရင်ဖုန်းပြောမယ့်အစား မက်ဆေ့ ပို့ပါ။ မက်ဆေ့ ပို့ရင်လည်း မျက်နှာနဲ့ ခွာပြီးမှ စာရိုက်ပါ။ ဖုန်းပြောတဲ့အခါ ငြိမ်ငြိမ်လေးပြောတာ အကောင်းဆုံးပါပဲ။ ဖုန်းဟာ ပြောင်းလဲသွားတဲ့ အနေအထားအတိုင်း လိုက်ပြောင်းဖို့ လုပ်ရမှာ radiation တွေကို ပိုမိုထုတ်ပါတယ်။ မသုံးတဲ့အချိန်မှာ လွယ်တဲ့အိတ်ထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။ ဘောင်းဘီအိတ်ထဲ ထည့်တဲ့ အလေ့ အကျင့် လုပ်ထားတဲ့အခါ ပေါင်ခြံနဲ့နီးနေတာကြောင့် ဖိုမျိုးဥ (sperm) အရေအတွက်ကို ၃၀ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း (အသည်း၊ နှလုံး စသဖြင့်) တွေနဲ့ ဝေးဝေးထားပါ။ ညအိပ်ချိန်တွေမှာလည်း ဖုန်းကို ဝေးဝေးထားအိပ်ဖို့ မမေ့နဲ့နော် ...!!! crd;;;; akhamaet.com

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home