ထမီ ႏွင္႔ စကပ္ ဒီလို ကြာပါတယ္ သမီးတို႕ရယ္ ( မိန္းခေလးတိုင္း ဖတ္ရန္)
ထမီက ၀တ္ရင္း၊ ထိုင္ရင္းကေန တေနရာမွာ တခုခုစြန္းသြားေပသြားလိုကရွိရင္ အဲ့ဒီအစြန္းအေပကို လြယ္လြယ္လွည့္၀တ္လို႔ရတယ္။ ဖံုးကြယ္လို႔ရတာေပါ့။ စကပ္ကေတာ့ ေဘာင္းဘီလိုပဲ ဘယ္ေနရာေပေပ ဒီအေပကို လွည့္လို႔လည္းမရဘူး။
ဒါေၾကာင့္ ဖံုးလို႔ကြယ္လို႔မရဘူးေပါ့။ ေနာက္တခုက ျမန္မာမိန္းကေလးေတြ ေဘာင္းဘီ၀တ္တာကိုလည္းေျပာခ်င္ေသးတယ္။ ေတာထဲေတာင္ထဲ ခရီးၾကမ္းသြားလို႔ ထိုင္ထေကာင္းတဲ့ေဘာင္းဘီမို႔ ၀တ္တာမ်ိဳးကို အေမမေျပာလိုေပမယ့္ အခုေခတ္ျမိဳ႕ေပၚက ျမန္မာမိန္းကေလးေတြ၀တ္တဲ့ ေဘာင္းဘီမ်ိဳးကိုေတာ့ အေမအေတာ္အံ့ၾသမိတယ္။
ခ်က္ေပၚေအာင္၀တ္တယ္။ အေပၚအက်ီ တိုနံ႔နံ႔နဲ႔မို႔ ေဘာင္းဘီနဲ႔ ကုန္းကြေနရင္ အမ်ိဳးသမီးေအာက္ခံ ဘာေရာင္၀တ္တယ္ဆိုတာေတာင္ ေမာင္နဲ႔ႏွမ သားနဲ႔အမိ အျမင္မေတာ္တာေတြေတြေနၾကရျပီ။
အေမတို႔ ျမန္မာဓေလံထံုးစံက မိန္းကေလး၀တ္တဲ့ အ၀တ္အစားဟာ “ဣေျႏၵရတယ္´´ ဆိုတဲ့ ဆိုင္းဘုတ္ပါရတယ္။ အ၀တ္အစားကိုက လွ်ပ္ေပၚတယ္၊ ေလာ္လီတယ္ ဆိုတာမ်ိဳးမျဖစ္ေစရဘူး။ အခုေတာ့တမင္ပဲ လွ်ပ္ေပၚေလာ္လီတဲ့ အဆင္အျပင္ကိုေရြး၀တ္ေနၾကတယ္။
အေမတို႔ျမန္မာမိန္းမေတြမွာ ဖံုးကြယ္အပ္တဲ့အရာဆိုတာရွိတယ္။ ေဖာ္လွစ္သင့္တဲ့အရာဆိုတာရွိတယ္။ ဘယ္ဟာကဘာလဲလို႔ မသဲကြဲရင္ အေမ့ကိုတိုးတိုးေမး။ အခုေတာ့ တခ်ိဳ႕မိန္းကေလးေတြက ဖံုးကြယ္အပ္တဲ့အရာကို အလြန္တရာ ေဖာ္ခ်င္လွစ္ခ်င္ျဖစ္ေနၾကတယ္။
ဒါဟာ ေခတ္မီတာ ေခတ္ဆန္တာလို႔ ထင္ေနသလား။ အဲ့ဒီေနရာမွာတို႔အေရွ႕နဲ႔ အေနာက္ကေျပာင္းျပန္ပါ။ အေနာက္ကမိန္းကေလးေတြက ဘာနဲ႔မဆို စြဲေဆာင္ႏိုင္တယ္လို႔ ခံယူတယ္။ တို႔အေရွ႕တိုင္းကအဲ့ဒီလိုမဟုတ္ဘူး။
တို႔အေရွ႕တိုင္းသူမိန္းမေတြဟာ အေနာက္တိုင္းသူမိန္းမေတြနဲ႔မတူတာတခ်က္ရွိတယ္။ တို႔အေရွ႕တိုင္းသူေတြက ကိုယ္မွာရွိတဲ့ အရည္အခ်င္းအစစ္ေတြနဲ႔ လုပ္စရာရွိတာကို လုပ္ႏိုင္တယ္။ အဲ့ဒီေတာ့ တို႔အေရွ႕တိုင္းသူေတြက အေနာက္တိုင္းမိန္းမေတြထက္သာပါတယ္။
သမီးမိန္းကေလးတို႔ ျပိဳင္ခ်င္သပဆိုရင္ေျပာတာပါ။ ခုေခတ္မိန္းကေလးေတြရဲ႕အျမင္က အေမတို႔နဲ႔ ေတာ္ေတာ္ကို ကြာဟေနတယ္။ ဥပမာဆိုပါေတာ့ အေမတို႔ တသက္လံုးလက္ခံလာတာက `ခ်က္´ဆိုတာ မိန္းမတစ္ေယာက္ရဲ႕ ေဖာ္လွစ္အပ္တဲ့အရာမဟုတ္ဘူး။
လံုလံုျခံဳျခံဳ ဖံုးကြယ္ထားရမဲ့အရာမ်ိဳး။ အခုေခတ္မိန္းကေလးေတြက ဒီခ်က္ၾကီးကို ေဖာ္ရံုလွစ္ရံုမကဘူး ေရႊေငြရတနာမ်ား ဆင္ယင္ေသးသတဲ့။ အံ့ၾသလို႔မဆံုးဘူး။ သူတို႕အေဖေတြကလည္း ဒါကိုၾကည့္ေနၾကသတဲ့။ အဲ့ဒီေတာ့ေခတ္ၾကီးကိုပဲ အျပစ္တင္ရမလား လူေတြကဲလာရဲလာတာကိုပဲ အျပစ္တင္ရမလား၊ အေမ အသက္ရွည္ေနေသးတာကိုပဲ အျပစ္တင္ရမလား မေျပာတတ္ေတာ့ဘူး။

Credit: အေမမာ #Unicode Version ထဘီက ဝတ်ရင်း၊ ထိုင်ရင်းကနေ တနေရာမှာ တခုခုစွန်းသွားပေသွားလိုကရှိရင် အဲ့ဒီအစွန်းအပေကို လွယ်လွယ်လှည့်ဝတ်လို့ရတယ်။ ဖုံးကွယ်လို့ရတာပေါ့။ စကပ်ကတော့ ဘောင်းဘီလိုပဲ ဘယ်နေရာပေပေ ဒီအပေကို လှည့်လို့လည်းမရဘူး။ ဒါကြောင့် ဖုံးလို့ကွယ်လို့မရဘူးပေါ့။ နောက်တခုက မြန်မာမိန်းကလေးတွေ ဘောင်းဘီဝတ်တာကိုလည်းပြောချင်သေးတယ်။ တောထဲတောင်ထဲ ခရီးကြမ်းသွားလို့ ထိုင်ထကောင်းတဲ့ဘောင်းဘီမို့ ဝတ်တာမျိုးကို အမေမပြောလိုပေမယ့် အခုခေတ်မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့ ဘောင်းဘီမျိုးကိုတော့ အမေအတော်အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။ အပေါ်အကျီ တိုနံ့နံ့နဲ့မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတွေနေကြရပြီ။ အမေတို့ မြန်မာဓလေံထုံးစံက မိန်းကလေးဝတ်တဲ့ အဝတ်အစားဟာ “ဣနြေ္ဒရတယ်´´ ဆိုတဲ့ ဆိုင်းဘုတ်ပါရတယ်။ အဝတ်အစားကိုက လျှပ်ပေါ်တယ်၊ လော်လီတယ် ဆိုတာမျိုးမဖြစ်စေရဘူး။ အခုတော့တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကိုရွေးဝတ်နေကြတယ်။ အမေတို့မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့အရာဆိုတာရှိတယ်။ ဖော်လှစ်သင့်တဲ့အရာဆိုတာရှိတယ်။ ဘယ်ဟာကဘာလဲလို့ မသဲကွဲရင် အမေ့ကိုတိုးတိုးမေး။ အခုတော့ တချို့မိန်းကလေးတွေက ဖုံးကွယ်အပ်တဲ့အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ခေတ်ဆန်တာလို့ ထင်နေသလား။ အဲ့ဒီနေရာမှာတို့အရှေ့နဲ့ အနောက်ကပြောင်းပြန်ပါ။ အနောက်ကမိန်းကလေးတွေက ဘာနဲ့မဆို စွဲဆောင်နိုင်တယ်လို့ ခံယူတယ်။ တို့အရှေ့တိုင်းကအဲ့ဒီလိုမဟုတ်ဘူး။ တို့အရှေ့တိုင်းသူမိန်းမတွေဟာ အနောက်တိုင်းသူမိန်းမတွေနဲ့မတူတာတချက်ရှိတယ်။ တို့အရှေ့တိုင်းသူတွေက ကိုယ်မှာရှိတဲ့ အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။ အဲ့ဒီတော့ တို့အရှေ့တိုင်းသူတွေက အနောက်တိုင်းမိန်းမတွေထက်သာပါတယ်။ သမီးမိန်းကလေးတို့ ပြိုင်ချင်သပဆိုရင်ပြောတာပါ။ ခုခေတ်မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တသက်လုံးလက်ခံလာတာက `ချက်´ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဖော်လှစ်အပ်တဲ့အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ ဖုံးကွယ်ထားရမဲ့အရာမျိုး။ အခုခေတ်မိန်းကလေးတွေက ဒီချက်ကြီးကို ဖော်ရုံလှစ်ရုံမကဘူး ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။ သူတို့အဖေတွေကလည်း ဒါကိုကြည့်နေကြသတဲ့။ အဲ့ဒီတော့ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား လူတွေကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား၊ အမေ အသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား မပြောတတ်တော့ဘူး။ ဖိုးသူတော်
akhamaet.com
Credit: အမေမာ
Labels: အလွအပေရးရာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home