Monday, March 27, 2017

Cervicitis သားအိမ်ဝရောင်ခြင်း ပြဿနာ

ဆရာမင်္ဂလာပါရှင့်။ ကျွန်မအသက်က ၂၉ နှစ် အပျိုပါ။ ရာသီလာတိုင်း အမြဲလိုလို ပထမရက်တွေမှာ ခါးကိုက်တယ်။ ဆီးစပ်ကနာတယ်။ မီးယပ်အဖြူလဲ အမြဲလိုလိုနည်းနည်းဆင်းလိုက် များများ ဆင်းလိုက်ဖြစ်နေပါတယ်။ ဘာဆေး သောက်ရမလဲပြောပြပေးပါ။ ဖီလီမောသားအိမ်ဆေးအကြောင်းလဲသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရာသီလာချိန်ကိုက်တာ အများအားဖြင့် ရောဂါမဟုတ်ပါ။ အနာအကိုက်သက်သာဆေး တခုခု ဥပမာ Ibuprofen 200 mg သောက်နိုင်တယ်။ ရေနွေးအိတ်ကပ်ပေးနိုင်တယ်။ အဖြူဆင်းတာက ရာသီလာတာနဲ့ ဆက်စပ်ရင်လည်း ဆေးမလိုပါ။ အပျို (အတွေ့အကြုံမရှိသူ) ဆေးမလိုပါ။ ဖီလီမောကထုတ်တာမှန်သမျှ အားလုံးဟာ ကြော်ငြာဆေးသာဖြစ်တယ်။ ထိရောက်မှု နဲ့ ဘေးထွက်ဆိုးကျိုး ဆေးသုတေသနမရှိပါ။

ဟုတ်ကျေးဇူးတင်ပါတယ်ဆရာ။ ဒါပေမဲ့ OG ပြကြည့်တော့ တခါမှလဲလိင်မဆက်ဆံဖူးပဲ ရောဂါလက္ခဏကပြနေတော့ သားအိမ်ထဲပစ္စည်းထည့်ကြည့် ဘိုင်အော့ပ်စီစစ်တော့ သားအိမ်ခေါင်းရောင်တာတဲ့။ ကျွန်မလဲ အတော်စိတ်ဆင်းရဲပါတယ်။ တခါမှမဆက်ဆံဖူးပါဘူး။ ဘာလို့ အာ့လိုရောဂါဖြစ်လဲသိချင်ပါတယ်။ OG on တဲ့ဆေးလဲ တပါတ်စာပဲသောက်ဖြစ်တယ်။ နောက်ပြဖို့ကြတော့ ရှက်တာရော အလုပ်ကမအားတာရောနဲ့ ထပ်မပြဖြစ်တော့ပါဘူး။ ဆရာဆေးညွှန်လို့ရရင် ညွှန်ပေးပါ။ ကျေးဇူးတင်ပါတယ်ရှင်။

သားအိမ်အဝရောင်တဲ့ရောဂါ အဖြစ်များတယ်။ အမျိုးသမီးတဝက်လောက် တသက်မှာတခါ ဖြစ်တတ်ကြတယ်။ ဖြစ်နေမှန်း မသိကြတာလဲ မနည်းဘူး။ (ဗဂျိုင်းနား) ရောင်ရာကနေလဲ ဆက်ဖြစ်လာနိုင်တယ်။ အသက်ငယ်ငယ်နဲ့ ဖို-မဆက်ဆံတာ၊ လိင်ဆက်ဆံနည်းဆန်းပြားတာ၊ (ကွန်ဒွမ်) မပါဘဲ ဆက်ဆံတာ၊ အရင်က လိင်ကတဆင့်ကူးစက်ရောဂါ ဖြစ်ဘူးတာ၊ လိင်ဆက်ဆံဘက် အဖေါ်များတာတွေက ဒီရောဂါပိုဖြစ်စေပါတယ်။

ကူးစက်ပိုးမဝင်ပဲလည်းဖြစ်နိုင်တယ်။ အလာဂျီခေါ် မတည့်တာကနေဆက်ဖြစ်တယ်။ အလှအပသုံးပစ္စည်းတွေ၊ ဆေးကြောရည်တွေ။ အမွှေးအကြိုင်တွေ။ နောက်ပြီး ရောဂါတခုခုကြောင့် ဗက်တီးရီးယားဆေးသောက်ရင် ဗဂျိုင်းနားထဲမှာ ပုံမှန်ရှိနေတဲ့ဗက်တီးရီးယားတွေအခြေအနေပြောင်းရာကနေလည်းဖြစ်နိုင်တယ်။

အရင်ဆုံးသိလာမဲ့လက္ခဏာကတော့ မွေးလမ်းကြောင်းကနေ တခုခုဆင်းတာဖြစ်တယ်။ အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင်၊ အစိမ်းရောင်တွေ ဆင်းနိုင်တယ်။ ရာသီဆင်းအပြီး ပိုသိသာတယ်။ ယားမယ်၊ အနေရခက်မယ်၊ ဆက်ဆံရင် မနာသင့်ပဲနာမယ်၊ ကြားရက်ဖြစ်ဖြစ်၊ ဆက်ဆံနေတုံးဖြစ်ဖြစ် သွေးဆင်းမယ်၊ ဆီးပူ-ဆီးအောင့်မယ်၊ ခါးဖြစ်ဖြစ် ဆီးစပ်ဖြစ်ဖြစ် နာမယ်။ ဆိုးတဲ့အဆင့်ဖြစ်လာရင် အနံ့ဆိုးဝါးတာတွေဆင်းမယ်။ ဒိနောက် ကိုယ်ပူလာမယ်၊ ပျို့ခြင်လာမယ်။

ရောဂါလို့ သံသယနဲ့လာသူကို ရောဂါရာဇဝင်မေးတယ်။ ခံစားနေရာတာအပြင် လိင်ဆက်ဆံရေး၊ အိမ်ထောင်ရေးမေးမယ်။ မွေးလမ်းစစ်ဆေးမယ်။ မွေးလမ်းကဆင်းနေတာကို ရယူစစ်ဆေးမယ်။ သားအိမ်အဝကင်ဆာ ဟုတ်-မဟုတ်ကို Pap smear test နည်းနဲ့ သိနိုင်တယ်။

လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက ဂနိုရီးယား၊ (ကလာမိုင်ဒီယား)၊ (ထရွိုင်ကိုမိုးနပ်စ်)၊ (အိတ်ခ်ျအိုင်ဗွီ)၊ လိင်လမ်း ရေယုံတွေကနေ ဖြစ်လာစေနိုင်တယ်။ လိင်လမ်း-ကြွက်နို့ကနေ အဲလို ဖြစ်လာနိုင်တယ်လို့ဆိုပေမဲ့ သက်သေ မရှိဘူးလို့ ဆိုတာလည်းရှိပါတယ်။

ရောဂါပိုးမဟုတ်ပေမဲ့ မွေးလမ်းကြောင်းသုံး သန့်ရှင်းရေးဆေးရည်တွေ၊ (တကိုယ်ရေသန့်ရှင်းရေးလုပ်နည်းစာဖတ်ပြီး လိုက်နာပါ။) ရာသီလာတုံးသုံးတဲ့ ပစ္စည်းတွေ၊ ကိုယ်ဝန်တား ပစ္စည်း-ဆေးတွေ၊ သုတ်ပိုးသတ်ဆေး၊ (ကွန်ဒွမ်) တွေနဲ့ မတည့်သူတွေမှာလဲ ပိုးဝင်တာ ပိုလွယ်စေတယ်။ စစ်ဆေးရာမှာသုံးတဲ့ ခွဲစိတ်ကရိယာတွေကနေလဲ ပိုးမသန့်ရင် ဖြစ်နိုင်တယ်။ ဗဂျိုင်းနားထဲမှာနေတဲ့ ဗက်တီးရီးယားတွေ ပုံမှန်မဟုတ်ရာကနေလည်း ဖြစ်စေနိုင်တယ်။ ဥပမာ ပိုးသေဆေး။ ပိုးသေဆေးတွေကို မလိုအပ်ပဲမသောက်ပါနဲ့။ တချို့မှာ ဘာလို့ဖြစ်သလဲ ရှာမတွေ့တတ်ပါ။

၁။ (ကလာမိုင်ဒီးယား) ပိုးက (ဂနိုးရီးယား) ပိုးထက်ပိုပြီး အဖြစ်များတယ်။
(ကလာမိုင်ဒီးယား) ကို ကုသရတာ မခက်ပါ။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• HIV-positive ဖြစ်နေသူတွေလဲ အတူတူပေးနိုင်တယ်။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို 95% ပျောက်မယ်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁ဝဝ% ပျောက်တယ်။
• Ofloxacin, Trovafloxacin, Minocycline, Lymecycline, Clarithromycin, Ampicillin, Rifampicin ဆေးတွေ ပေးတာကို တိကျတဲ့အထောက်အထား မရှိသေးဘူး။
• Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုကတွေ့ပြီး နောက်တခုက မတွေ့ရဘူး။
• ကိုယ်ဝန်ဆောင်ကို Azithromycin တခါတည်းပေးတာက ၇ ရက်ပေးတာထက် ပိုကောင်းတယ်။
• ဆေးသောက်နေတုံးမှာ အတူနေတာကို တပါတ်ရှောင်နေသင့်ကြတယ်။

၂။ နည်းနည်းပါးပါး ဖြစ်တတ်တဲ့ (HSV) ရေယုံ နဲ့ (ထရွိုင်ကိုမိုးနပ်စ်) ပိုးတွေကနေ သားအိမ်အဝရဲ့ အပေါ်ယံလွှာကို ထိခိုက်စေတယ်။ မွေးလမ်းရေယုံဆိုရင် Acyclovir (Zovirax) ဆေးပေးမယ်။

၃။ Mycoplasma genitalium, Streptococci (A and B) (ဗက်တီးရီးယား) တွေကလဲ ဖြစ်စေတယ်။ ပိုးသေဆေးတွေကနိုင်တယ်။ ဥပမာ Amoxicillin အမောက်ဆာစလင် 250-500 mg တနေ့ ၂-၃ ကြိမ်။ (သို့) 500 mg တနေ့ ၂ ကြိမ် (သို့) 750 mg တနေ့ ၂ ကြိမ်၊ ကလေး = 125-250 mg တနေ့ ၃ ကြိမ် ၁ဝ-၁၄ ရက်။ ကလေး = 20-40 mg/kg/day တနေ့ ၃ ကြိမ်။

၎။ Cytomegalovirus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရင် လက္ခဏာမပြတာ များတယ်။

ပိုးသေဆေးတွေက အတော်နိုင်ပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုရင် ဆိုင်ရာ-နိုင်ရာဆေးတွေ ပေးရမယ်။ စိတ်ချရတဲ့ လိင်ဆံမှုပြုပါ။ ကိုယ့်အဖေါ်ကိုယ်သိပါ။ အဖေါ်များတာ မကောင်းပါ။ ရောဂါပိုးက မွေးလမ်းမှာ ရောဂါစကတည်းက သားအိမ်အထိမရောက်ခင် ဆေးကုပါ။

ဘာမှမခံစားရလို့ မကုဘဲနေရင် ကြာတော့ -
၁။ PID ခေါ် တင်ပဆုံတွင်းအင်္ဂါတွေ ရောင်တာ ဆက်ဖြစ်လာနိုင်တယ်။
၂။ ကလေးမရ ဖြစ်နိုင်တယ်။
၃။ သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။
၎။ ဆီးစပ်နေရာ တာရှည် နာနေတတ်တယ်။
၅။ သူ့အလိုလို ကိုယ်ဝန် ပျက်တတ်တယ်။
၆။ သားအိမ်အဝကင်ဆာ ဖြစ်နိုင်တယ်။
၇။ ကလေး စောမွေးနိုင်တယ်။
၈။ မွေးလာတဲ့ကလေး ပိုးဝင်နိုင်တယ်။ နူမိုးနီးယား၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။

သားအိမ်ဝဟာ သားအိမ်ကို ပိုးမဝင်အောင် တားထားသလိုလုပ်တာမို့ သူကရောင်နေရင် သားအိမ်ကိုပါ ရောင်စေနိုင်တယ်။ အထူးသဖြင့် လိင်ကတဆင့်ကူးစက်ရောဂါပိုးတွေဖြစ်တယ်။ PID ခေါ် တင်ပါးဆုံတွင်းအင်္ဂါတွေရောင်စေနိုင်တယ်။ အဲလိုကနေ HIV ဝင်လာမှာလည်းသတိပြုရမယ်။

နာတာရှည်သားအိမ်ဝရောင်ခြင်း
စောစောကဖြစ်ခဲ့တာကို ကုသမှုမလုပ်ရင် နာတာရှည်သားအိမ်ဝရောင်ခြင်းဖြစ်လာနိုင်တယ်။ နောက်ဆက်တွဲ သက်ရောက်မှုတွေရှိလာနိုင်တယ်။ သားအိမ်ဝကိုစစ်ကြည့်ရင် နီနေမယ်။ အနာလိုလည်း မြင်နိုင်တယ်။ တခုခုဆင်းနေမယ်။ ယားယံနိုင်တယ်။ အတူနေတာ မနာသင့်ဘဲ နာနိုင်တယ်။ နာတာရှည်သားအိမ်ဝရောင်ကို ကလေးမွေးဖူးသူတွေမှာ ဖြစ်တယ်။ အရွယ်မရေးတော့ဖြစ်နိုင်ပေမယ့် အသက်ရသူတွေမှာ ပိုဖြစ်တယ်။ မွေးလမ်းကို ဆေးရည်ဖြန်းဆေးသူတွေ ပိုဖြစ်နိုင်တယ်။ လိင်ကတဆင့်ကူးစက်ရောဂါရသူတွေ ပိုဖြစ်တယ်။ ဗဂျိုင်းသုံး တားဆေးသုံးသူ ပိုဖြစ်တယ်။ အတူနေဖေးများသူတွေနဲ့ အကာကွယ်မဲ့ဆက်ဆံသူတွေ ပိုဖြစ်တယ်။

နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တာတွေရှိတယ်။ ကူးစက်မှုက ဘေးပြန့်သွားမယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်း ဖြစ်မယ်။ ကလေးမရဖြစ်မယ်။ သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ပျက်နိုင်တယ်။ HIV အပါအဝင် လိင်ကတဆင့်ရောဂါပိုး ဝင်တာ ပိုဖြစ်နိုင်တယ်။

ဘာကနေဖြစ်စေလဲကိုကြည့်ပြီး ကုသရပါမယ်။ ခံစားနေရတာတွေကိုလည်းကုပေးမယ်။ နာတာ၊ ယားတာ။ ပိုးသေဆေး ပေးမယ်။ ခွဲစိတ်တာလိုရင် လုပ်ရတယ်။ ကုရင် အလားအလာကောင်းပါတယ်။ ပြန်ဖြစ်တတ်တယ်။ ဆောရီး။

Dr. တင့်ဆွေ

Labels:

မာယာမဲ့ ကိုသိပ်ချစ်တဲ့ ကောင်လေးကို ရုန်းမထွက်နိုင်အောင် သင် ဘယ်လို ဆွဲဆောင်နိုင်ပါ့မလဲ

မိန်းကလေးတွေ ဆွဲဆောင်မှုရှိဖို့ဆိုတာ ခက်မလိုလိုနဲ့ အရမ်းကိုရိုးရှင်းပါတယ်။ တချို့သူတွေကတော့ ကိုယ်မွေးကတည်းကပါလာတဲ့အရာကို ထုတ်မသုံးတတ်ကြတာပါ။ မိန်းကလေးတစ်ယောက်ကိုဆွဲဆောင်မှုအရှိစေဆုံးသောအရာတွေကတော့


၁)နှုတ်ခမ်းကိုက်တာ။
 မိန်းကလေးတွေနှူတ်ခမ်းကိုက်လိုက်တာဟာ ယာကျ်ျားလေးတစ်ယောက်ရဲ့မေတ္တာတင်မကပဲ နှုတ်ခမ်းတစ်စုံက အာရုံစူးစိုက်မှုကိုပါရရှိစေပါတယ်။

၂)နူးညံ့တဲ့အသားအရည်။
အသားရည်နူးညံ့တဲ့ မိန်းကလေးတွေထက် ဆွဲဆောင်မှုရှိတာ ဘာမှမရှိတော့ပါဘူး။ ဒါကြောင့်ပဲ ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ ရောမလူမျိုးတွေက ခန္ဓာကိုယ်အမွှေးတွေကို ရိပ်သိမ်းခဲ့ကြတာလေ။

၃)ဆံပင်ကိုရှင်းလင်းနေအောင်ချည်ထားတာ။
လည်ပင်းနဲ့ နားရွက်ပေါ်အောင် ဆံပင်စည်းထားတာကလည်း မိန်းကလေးတစ်ယောက်ကို ပိုပြီးတော့အထာကျစေပါတယ်။

၎)ထူးခြားတဲ့ပုံစံ။
ယောက်ျားလေးတွေက ထူးဆန်းတဲ့မိန်းကလေးတွေတွေ့ရင် အရမ်းကိုခင်မင်လိုစိတ်ပြင်းပြကြတယ်။ ဆန်းသစ်တီထွင်တတ်တဲ့သူတွေဟာ လူတိုင်းကိုဆွဲဆောင်နိုင်စွမ်းရှိတယ်။ တက်တူး တို့ ဆံပင်အပြာရောင်ဆိုးထားတာတို့ဟာ စကားစပြောဖို့အခွင့်အရေးပေးတဲ့အရာတွေပေါ့။

၅)ပခုံးအထက်ကနေ လျှပ်တစ်ပြတ်ကြည့်လိုက်တာ။
ပခုံးအထက်ကနေပြီးတော့ လျှပ်တစ်ပြတ်ပဟေဠိဆန်ဆန်ကြည့်လိုက်တာက ယောက်ျားလေးတွေရဲ့ နှလုံးသားကိုတလှပ်လှပ်လုပ်သွားစေတဲံအချက်ပါ။

၆)ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတာ။
ကိုယ့်ကိုကိုယ်လှတယ်လို့ထင်တဲ့ မိန်းကလေးဟာအခန်းထဲဝင်လိုက်တာနဲ့ ယောက်ျားလေးတွေအားလုံးရဲ့မျက်လုံးကို သံလိုက်နဲ့ဆွဲလိုက်သလို ကိုယ့်ဆီရောက်အောင်ဆွဲဆောင်လိုက်ပြီးသားဖြစ်သွားတယ်လေ။ ယုံကြည်မှုလွန်မကဲသွားဖို့တော့ တစ်ချက်သတိထားရပါမယ်။

၇)သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းချယ်တာ။
ယောက်ျားလေးတော်တော်များများဟာ မိတ်ကပ်ထူထူကြီးလိမ်းတာထက် သဘာဝကျကျပြင်ဆင်တာကိုပိုပြီးသဘောကျကြလေ့ရှိတယ်။

၈)ရိုးသားဖြူစင်တဲ့ရယ်သံ။
မိန်းကလေးတွေတော်တော်များများထင်တာကတော့ အရမ်းရယ်လိုက်တာသူတို့ကို အိ​နြေ္ဒပျက်ပြားစေတယ်ပေါ့။ အမှန်တော့အဲ့လိုမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်ကို လွတ်လွတ်လပ်လပ်ဖော်ထုတ်ပြတဲ့ ကောင်မလေးတွေကိုကောင်လေးတိုင်းသဘောကျကြပါတယ်။

Credit:(ရွှေအင်းလေး)

Labels:

Friday, March 24, 2017

25.3.2017 ထုတ် မြန်မာ့ အလင်း ကြေးမုံ စောင့်ကြည့် ဂျာနယ် ဖတ်ရန်



Labels:

အရည်ထဲမှာ ဆေးခတ်ထား၊မထား သိနိုင်တဲ့ လက်သည်းနီ

သောက်မယ့်အရည်ထဲမှာ စိတ်ကြွဆေး၊အိပ်ဆေး အစရှိတဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ ဆေးခတ်တာတွေကြောင့် ဘ၀ပျက်ခဲ့၊ဒုက္ခေ ရာက် ခဲ့ရတဲ့ အမျိုးသမီးတွေ အများကြီးပါ။အထူးသဖြင့် ဘားလို နေရာမျိုးေ တွမှာဆိုရင် ကိုယ်သောက်မယ့် သောက်စရာထဲကို အလွယ်တကူ မကောင်းတဲ့ဆေးတွေခတ်လို့ရတယ်ဆိုတာကို အမျိုးသမီးတော်တော် များများ အမှုမဲ့အမှတ်မဲ့နေမိတတ်ကြပါတယ်။

 ‘Roofies’ ဆိုတဲ့ စိတ်ငြိမ်ဆေးကို မုဒိန်းကောင်တွေက အမ်ိဳးသမီးေ လးေ တြကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့အသုံးပြုနေကြပါတယ်။ အဲ့ဒီေ ဆးကို သောက်မိလိုက်ရင် ဘာကိုမှမသိတော့ပဲ အလွယ်တကူ ခေါ် သွားနိုင်ကာ မုဒိန်းကောင်တွေရဲ့ လက်ထဲကို အလွယ်တကူသက်ဆင်း သွားစေနိုင်ပါတယ်။ဒီလိုဆေးခတ်ပြီး မကောင်းကြံတဲ့ ရာဇ၀တ်မှုတွေ ပပျောက်လိုတဲ့ရည်ရွယ်ချက်နဲ့  North Carolina State University  မှ ကျောင်းသား(၄)ယောက်ဟာ ပစ္စည်းတစ်ခုကို တီ ထွင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
 အဲ့ဒီပရောဂျက်ကိုတော့ ‘Undercover Colors’ လို့ခေါ်ပြီး အထူးဖန် တီးထားတဲ့ လက်သည်းဆိုးဆေးပါ။အဲ့ဒီလက်သည်းဆိုးဆေးဟာ ဘ ယ်လို အရည်မျိုးမှာမဆို ဆေးခတ်ထား၊မထားကို ဖော်ထုတ်ပေးနိုင်ပါ တယ်။တစ်ခုခုမူမမှန်ဘူးလို့ ခံစားရရင် အထူးလက်သည်းနီဆိုးထားတဲ့ လက်သည်းထိပ်လေးကို ခွက်ထဲက အ ရည်နဲ့နည်းနည်းလေးထိကြည့် ပါ။ လက်သည်းနီအရောင်ပြောင်းခဲ့ရင်တော့ ဒီခွက်ထဲမှာ ဆေးတစ်မျိုး မျိုး ထည့်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ဆေးခတ်ပြီး မကောင်း တာအကြံခံရသူအများစုဟာ အမျိုးသမီးတွေ ဆိုပေမယ့် အမျိုးသား တွေ မှာလည်း ဒီလိုအန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရတာတွေရှိပါတယ်။ဒါကြောင့် အမျိုးသားတွေအတွက် ရည်ရွယ်ပြီး အေ ရာင်မရှိတဲ့၊လက်သည်းဆိုးေ ဆးအကြည်ကို ထုတ်ဖို့ စီစဉ်နေပါတယ်။Ref;viral4real

Labels:

မိန်းမကိုယ်မှာ ဒီလိုလက္ခဏာတွေ ပေါ်လာရင် မပေါ့ဆသင့်

အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်က ပြနေတဲ့ တစ်ချို့သော လက္ခ ဏာတွေကို လုံးဝလျစ်လျူရှုမထားသင့်ပါဘူး။မိန်းမကိုယ် သန့်ရှင်းမှု ဟာအမျိုးသမီးတိုင်းအတွက် အလွန်အရေးကြီးပါတယ်။မိန်းမကိုယ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပေါ်ရတာဟာ စိတ်ချလုံခြုံမှုရှိတဲ့ လိင်ကိစ္စကြောင့်၊သန့်ရှင်းမှုမရှိတာကြောင့်၊တားဆေးတွေကြောင့်၊ဟော်မုန်းပြဿနာ၊အသက်အရွယ် ..အစရှိတဲ့ အကြောင်းအရင်းတွေကြောင့် ပါ။ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ ဒီလိုလက္ခဏာတွေ ပြနေ ရင်တော့ လုံးဝမပေါ့ဆသင့်ပဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
 (၁)ယားယံတာ မိန်းမကိုယ်မှာ ယားယံတာ၊စပ်ဖျဉ်းဖျဉ်း ခံစားမှုတွေကို ရုတ်တရက် ခံ စားလာရင်ပြီဆိုရင်တော့ ဒါဟာ မှိုရောဂါတစ်မျိုး(သို့)STI ကြောင့်ပါ။ မိန်းမကိုယ်မှာ အရေပြားနီရဲရောင်အန်းနာကျင်နေတာဆိုရင်တော့ ဒါ ဟာ ဆပ်ပြာ၊မိန်းမကိုယ်သန့်စင်ဆေးရည်တွေနဲ့ ဓါတ်မတည့်တာကို ပြနေတာပါ။ယားယံရုံတစ်ခုတည်းမဟုတ်ပဲ ရောင်ရမ်းတာတွေပါ ဖြစ်လာရင်တော့ ဒါဟာ STI ကြောင့်လို့ ယူဆရပါတယ်။ အဖြူနဲ့အနီေ ရာင်အရည်ကြည်ဖုလေးတွေပါ ပေါ်လာရင်တော့ ဒါဟာ ရေယုန်ဗိုင်း ရပ်စ်ကြောင့်ပါ။ရေယုန်ဆိုရင်တော့ လိင်ဆက်ဆံမှုကြောင့် ဖြစ်တာလို့ ယူဆရပါတယ်။ယားယံတာတွေကို လိင်ဆက် ဆံပြီးမှ ခံစားရတာ ဆိုရင်တော့  condom နဲ့ဓါတ်မတည့်တာ ၊လိင် ဆက်ဆံတဲ့အဖော် အမျိုးသားရဲ့သုတ်ပိုးနဲ့ဓါတ်မတည့်လို့ပါ။ဒီလိုအခြေအနေနဲ့ကြုံလာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါ။ (၂)ဆီးသွားရင် နာကျင်၊ပူတာ(ဆီးလမ်းကြောင်း ပိုးဝင်) ဒါကလည်း လုံးဝမပေါ့ဆသင့်တဲ့ လက္ခဏာပါ။ဆီးလမ်းကြောင်းမှာ ပိုး ၀င်သွားလို့ပါ။အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေ ထက် ပိုတိုတာကြောင့် ပိုးဝင်လွယ်ပါတယ်။ပိုးဝင်ရတဲ့ အကြောင်းအ ရင်းတွေကတော့ လိင်ဆက်ဆံမှုများတာ၊အမျိုးသမီး သန္ဓေတား ကွန် ဒုံးနဲ့ဆေးဝါးတွေကြောင့်၊သွေးဆုံးပြီး အမျိုးသမီးတွေမှာဆိုရင် အမျိုး သမီးဟော်မုန်းတမျိုးနည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းေ ကြာင်းနဲ့ ဆီးအိမ်နံရံ ပါးလာ၊ပွန်းပဲ့ လွယ်တာတွေကြောင့် ပိုးဝင်ရ တာ ပါ။ဒီလိုဖြစ်လာရင်တော့ ဆေးမီးတိုနဲ့ ကုသတာမျိုး လုံးဝမလုပ်ပါ နဲ့။မှန် ကန်တဲ့ ကုသမှုကို မရနိုင်ရင် ပိုဆိုးလာနိုင်ပါတယ်။
 (၃)အနံ့အသက်မကောင်းတာ မိန်းမကိုယ်မှာ အနံ့အသက်မကောင်းတာမျိုး နဲ့ ကြုံလာရပြီဆိုရင်ေ တာ့ ဒါဟာများသောအားဖြင့်တော့ (bacterial vaginosis) လို့ေ ခ်ါတဲ့ သားအိမ်လမ်းကြောင်းမှာ ဖြစ်တဲ့ ဗက်တီးရီးယားကြောင့်ပါ။ ဒီရောဂါရဲ့ အသိသာဆုံး လက္ခဏာကတော့ ချဉ်စုပ်စုပ်အနံ့နဲ့ငါးညှီနံ့လို အနံ့မျိုး မိန်းမကိုယ်က ထွက်လာတာပါ။အနံ့အသက်ကအရမ်းပြင်းပြီး စူးရှနေတာမျိုးပါ။ရောင်ရမ်းတာတွေပါ ဖြစ်လာနိုင်ပါတယ်။မိန်းမကိုယ် မှာ အနံ့ပြင်းလာတာမျိုးကို ရေချိုးခန်းဝင်ရင်၊လိင်ဆက်ဆံပြီးေ နာက် ပိုင်းအချိန်တွေ၊တစ်ကိုယ်ရေအာသာဖြေပြီးနောက်ပိုင်း အချိန်တွေ မှာ ပိုသိသာနိုင်ပါတယ်။သားအိမ်လမ်းကြောင်းမှာ ဗက်တီးရီးယား ၀င်ရ တာဟာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို မလဲပဲ အကြာကြီး ထား သုံးတာ၊ဆေးလိပ်သောက်တာ၊လိင်ဆက်ဆံတာများတာတွေကြောင့်ပါ။ (၄)အဖြူဆင်းတာ(အကျိအချွဲဆင်းတာ) ရာသီလာနေတဲ့ အချိန်မှာတော့ ဒီလိုတွေဆင်းတာ သဘာဝပါ။ဒါပေ မယ့် အဲ့ဒီအချိန်မဟုတ်ပဲ တခြားအချိန်တွေမှာ ပျစ်ချွဲချွဲအရည်တွေ ဆင်း တာကတော့ မကောင်းပါဘူး။ဒီလို အဖြူရည်တွေဆင်းတာဟာ candida ဆိုတဲ့ မှိုကြောင့်ပါ။မှိုဖြစ်ရတဲ့ အကြောင်း အရင်းတွေက အများကြီးရှိပါတယ်။ခန္ဓာကိုယ်မှထုတ်ပေးတဲ့ ဟော်မုန်း၊steroids, antibiotics တွေကြောင့်၊အကိုက်အခဲပျောက်ဆေး၊စိတ် ဖိစီးမှု အစ ရှိတာတွေကြောင့်ပါ။
 (၅)ခြောက်သွေ့ မိန်းမကိုယ်ဟာ ခြောက်သွေ့နေပြီး မအီမသာ ခံစားနေရရင် အထူး သဖြင့် လိင်ဆက်ဆံနေချိန်မှာ နာကျင်မှုခံစားနေရတာမျိုးပါ။ဒါဟာ ဟော်မုန်းမူမမှန်တာ၊သွေးဆုံးချိန်မှာ ခံစားရတာဆိုရင်တော့ ကလေးေ မွး တာနဲ့နို့တိုက်ရတာတွေကြောင့်ပါ။အပျိုဆိုရင်တော့ ဒါဟာ body wash ၊ဆပ်ပြာ၊အမွှေးအကြိုင်ပစ္စည်းနဲ့အမျိုးသမီးသန့်စင်သုံး အရည် မှာပါတဲ့ ဓါတုပစ္စည်းတွေကြာင့်ပါ။ Ref;lovepanky

Labels:

Thursday, March 23, 2017

၂၅.၃.၂၀၁၇ ထုတ် အင်အား နှင့် Inside weekly sport ဂျာနယ်

Labels:

24.3.2017 ထုတ် မြန်မာ့အလင်း၊ ကြေးမုံ နှင့် 8 day ဂျာနယ်

Labels:

အစာအဆိပ်သင့်ခြင်း ဘာကြောင့် ဖြစ်တာလဲ ဘယ်လိုဆင်ခြင်ရမလဲ?

Food poisoning အစာဆိပ်သင့်ခြင်း
သတင်း = အစာအဆိပ်သင့်သူ ၄၀၀ ခန့် မြောင်းမြဆေးရုံရောက်
၁၆-၃-၂ဝ၁၇ နေ့ကလည်း အီဂျစ်မှာ ကျောင်းသူကျောင်းသား ၃၃ဝဝ အစာဆိပ်သင့်တဲ့သတင်း ဖတ်လိုက်ရတယ်။ အစာဆိပ်သင့်တာ အဖြစ်များတယ်။ စားတာသောက်တာထဲမှာ အဆိပ်သင့်စေနိုင်တဲ့ပိုးပါလို့ဖြစ်ရတယ်။ ချက်ပြုတ်မထားတဲ့ အစိမ်းသက်သက် စားရင် ပိုဖြစ်တယ်။ အဆင်သင့်စားနိုင်တဲ့ အစားအစာကလည်းဖြစ်တယ်။ နိုရိုဗိုင်းရပ်စ်၊ အီး ကိုလိုင် ဗက်တီးရီးယားနဲ့ ဆယ်လ်မိုနဲ့လား ဗက်တီးရီးယားတွေကနေ ဖြစ်တာများတယ်။ ကလောစထွိုင်ဒီယမ် ဘော်တူလီနမ်ကနေဖြစ်ရင် ပိုဆိုးတယ်။ အဖြစ်တော့မများပါ။
အစာဆိပ်သင့်ရောဂါလက္ခဏာတွေကို မသင့်တဲ့အစာစားပြီး နာရီပိုင်းအတွင်းမှာခံစားရမယ်။ ရက်ပိုင်းကြာတတ်တယ်။ ပျို့အန်မယ်။ ဝမ်းအရေတွေသွားမယ်။ ဗိုက်နာမယ်။ ကိုယ်ပူမယ်။
Campylobacter ၂-၅ ရက်နေရင်ဖြစ်တယ်။ အသားတွေကနေဖြစ်တယ်။
Clostridium botulinum ၁၂ နာရီကနေ ၇၂ နာရီမှာဖြစ်တယ်။ စည်သွပ်ဗူး၊ ငါး၊ ရက်ကြာသိုလှောင်ထားတဲ့ အစာတွေကနေဖြစ်တယ်။
Clostridium perfringens ၈-၁၆ နာရီမှာဖြစ်တယ်။ အသားဟင်းတွေကနေဖြစ်တယ်။
E. coli ၁-၈ ရက်မှာဖြစ်တယ်။ အမဲသား၊ နို့၊ အသီးအရွ့်နဲ့ ရေကနေဖြစ်တယ်။
Giardia lamblia ၁-၂ ပတ်မှာဖြစ်တယ်။ ရေနဲ့ အစိမ်းစားတာတွေကနေဖြစ်တယ်။
Hepatitis A အသည်းရောင် (အေ) ၂၈ ရက်မှာဖြစ်တယ်။ ရေနဲ့ အဆင်သင့်စားနိုင်တဲ့အစာတွေကနေဖြစ်တယ်။ ပိုးရှိသူကိုင်တယ်ပြင်ဆင်တဲ့အစားကိုစားမိရင်ဖြစ်တယ်။
Listeria ၉-၄၈ နာရီမှာဖြစ်တယ်။ ဟောဒေါ့၊ အသား၊ နို့၊ ဒိတ်ခဲ၊ အစိမ်းစာတာတွေကနေဖြစ်တယ်။ ရေနဲ့ မြေဆီကတဆင့် ကူးစက်တယ်။
Noroviruses ၁၂-၄၈ နာရီမှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တာကတွေကနေဖြစ်တယ်။ ရေနဲ့ ပိုးပါနေသူ ကိုင်တွယ်ပြင်ဆင်တာစားလို့ကူးစက်တယ်။
Rotavirus ၁-၃ ရက်မှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တာကတွေကနေဖြစ်တယ်။ ရေနဲ့ ပိုးပါနေသူကိုင်တွယ် ပြင်ဆင်တာစားလို့ကူးစက်တယ်။
Salmonella ၁-၃ ရက်မှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တဲ့အသား၊ နို့၊ ဥတွေကနေဖြစ်တယ်။ မီးဖိုအသုံးအဆောင်တွေ၊ ပိုးပါနေသူကိုင်တွယ်ပြင်ဆင်တာစားလို့ကူးစက်တယ်။
Shigella ၂၄-၄၈ နာရီမှာဖြစ်တယ်။ အစိမ်းစားနဲ့ အဆင်သင့်စားနိုင်တာကတွေကနေဖြစ်တယ်။ ပိုးပါနေသူကိုင်တွယ်ပြင်ဆင်တာစားလို့ကူးစက်တယ်။
Staphylococcus aureus ၁-၆ နာရီမှာဖြစ်တယ်။ ဆလဒ်၊ ခရင်မ်တွေကနေဖြစ်တယ်။ ချောင်းဆိုးတာ နှာချေတာကနေလည်းကူးတယ်။
Vibrio vulnificus ၁-၇ ရက်မှာဖြစ်တယ်။ အစိမ်းစာ ပင်လယ်စာတွေကနေဖြစ်တယ်။
သတိထားစရာကတော့ ရေနဲ့ဓါတ်ဆားခမ်းခြောက်ခြင်းဖြစ်တယ်။ စိုးရိမ်ရတယ်။ သွေးကြောထဲကနေ ဖြည့်ပေးရမယ်။ ပဋိဇီဝဆေးပေးရတယ်။ Loperamide (Imodium) နဲ့ Bismuth subsalicylate ဝမ်းပိတ်ဆေးပေးရတယ်။ အနားယူရတယ်။
အစာဆိပ်သင့်တာမဖြစ်အောင် လက်ကိုမကြာခဏဆေးပါ။ အစားအစာကို ရွေးစားပါ။ မီးဖိုသန့်ရှင်းပါစေ။ အစားအစာ ထားသိုတာ စနစ်ကျပါ။ စားသောက်ဆိုင်ရွေးပါ။ အမဲသားဆိုရင် 160 F (71.1 C) အထိချက်ပြုတ်ပါ။ ဝက်သားနဲ့ ဆိတ်သားကို 145 F (62.8 C) အထိချက်ပြုတ်ပါ။ ကြက်သားနဲ့ ကြက်ဆင်ကို 165 F (73.9 C) အထိချက်ပြုတ်ပါ။
ဒေါက်တာတင့်ဆွေ

Labels:

မန္တလေးတွင် ဆိုင်ကယ်စီးရင်း နဖူးတည့်တည့် ကျည်မှန်ခဲ့ခြင်းဟာ Twist ဖြစ်ပြီး မှန်တာပါဆိုတဲ့ ရဲချုပ်ဦးဇော်ဝင်းရဲ့ သုံးသပ်ချက်


မန္တလေး မြို့ပြည်ကြီး တံခွန်မြို့နယ်မှာ မတ်လ၂၂ ရက်နေ့က ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတစ်ဦးရဲ့ နဖူးတည့်တည့်ကို သေနတ် ကျည်ဆန် ထိမှန်ခဲ့ခြင်းမှာ လုပ်ကြံပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ တန်ပြန်ထိမှန်ခဲ့ခြင်းသာဖြစ်နိုင်တလို့ ရဲချူပ်ဇော်ဝင်းက သုံးသပ်လိုက်ပါတယ်။ “အဲသည်အမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြည့်တဲ့ အနေအထားက အက်စီးဒန့်ပါ။ ကျည်ဆန်က တစ်နေရာရာကနေ့ Twist ဖြစ်ပြီး မတော်တဆ လာမှန်တာ ၊ ပစ်ခတ်လုပ်ကြံတာတော့ မဟုတ်ဘူး၊ အ့လိုတော့ မတွေ့ဘူး၊ အဲ့နားမှာ လာပစ်ခတ်သံမှလည်း မကြားရဘူး၊ တနေရာရာကနေ Twist ဖြစ်ပြီး လာထိတဲ့ သဘောလို့ ထင်တယ်။ အဲ့တော့ ဘယ်လိုဆိုတဲ့ Case ကတော့ မသိရသေးဘူး။” လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချူပ်ဇော်ဝင်းက ပြောပါတယ်။
ဆိုင်ကယ်မောင်းနေစဉ်မှာ လာရောက်ထိမှန်တဲ့ ကျည်ဆန်ဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု မဟုတ်ပဲ မတော်တဆ Twist ဖြစ်ပြီး ထိမှန်သေဆုံးခဲ့တာဆိုတာဟာအဝေးတစ်နေရာကနေပစ်ခတ်လိုက်တဲ့ကျည်ဆန်ကို ဓာတ်တိုင်(သို့မဟုတ်) သစ်ပင်ကဲ့သို့ မာကြောတဲ့ အရာကို ထိပြီးတော့မှ တစ်ဆင့် ပြန်လည် ထိမှန်ခြင်းလို့ အသုံးပြုခြင်းဖြစ်ပါတယ်။

“ကျည်ဆန်က ဘယ်က ကျည်ဆန်လည်း ဆိုတာကို ကျွမ်းကျင်သူတွေနဲ့ စစ်နေဆဲ ဖြစ်ပါတယ်။ “လို့ ရဲချူပ်ဇော်ဝင်းကပြောပါတယ်။
ကျည်ဆန်ထိမှန်သေဆုံးသူ ကိုရဲဝင်းဟာ ကျန်စစ်သားလမ်း အရှေကဘက်မှ ဆိုင်ကယ်မောင်းလာစဉ် ၇၁လမ်းနဲ့ ၇၂ လမ်းကြား၊ ကျန်စစ်သားလမ်းရှိ ဓမ္မာရုံလမ်းဘေး ဓာတ်တိုင်ဘေးမှာ လဲကျသေဆုံးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
author မိုးမိုး
Credit: Kumudra

Labels:

Wednesday, March 22, 2017

မြန်မာပြည်တွင် ၁၉၈၄ ခုနှစ်က ဆေးမှုတ်နိုင်တဲ့ စက်ရုပ်ပထမဆုံးတီထွင်ခဲ့သူ ကျောင်းအုပ်ဆရားကြီး ဦးကြည့်ရဲ့ အကြောင်းလေး



မြန်မာ့ပထမဦးဆုံးစက်ရုပ်
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် နည်းပညာ အဆင့်အတန်းအရ တစ်ခေတ်တစ်ခါက များစွာ ထွန်းပေါက်အောင်မြင်ခဲ့သည့် နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ ခေတ်၊ စနစ် အခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့်သာ အိမ်နီးချင်းနိုင်ငံများနောက် နိမ့်ကျကျန်နေခဲ့ရခြင်းသာ ဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဟု ဆိုနိုင်သည့် အင်းစိန် GTI ကျောင်းကြီးမှလည်း အတတ်ပညာရှင်၊ အသိပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ယင်းကျောင်းကြီး၏ သက်တမ်းသည်ပင် နှစ်ပေါင်း ၁၂၀ ကျော်လာခဲ့ပြီ ဖြစ်လေသည်။ သမိုင်းကြောင်း အစဉ်အလာကောင်းများဖြင့် ကျော်ကြားခဲ့သည့် အင်းစိန် GTI ကျောင်းကြီးမှ များစွာသော အတတ်ပညာရှင်များ၏ ဖန်တီးတီထွင်မှုများအနက် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် မြန်မာ့ပထမဆုံး စက်ရုပ်တီထွင်သူ စက်ပစ္စည်း ထိန်းသိမ်းရေး ပညာသင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကြည်နှင့် တွေ့ဆုံပြီး ဦးကြည် တီထွင်ခဲ့သည့် ဆေးမှုတ်သည့် စက်ရုပ်အပါအဝင် သူတီထွင်နိုင်ခဲ့သည့် စက်များအကြောင်းကို တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice : ဆရာ့အနေနဲ့ စက်ရုပ်တွေ၊ စက်တွေ အများကြီး တီထွင်ခဲ့တဲ့ အထဲက ပထမဆုံးအနေနဲ့ မြန်မာ့ပထမဆုံး ဆေးမှုတ်နိုင်တဲ့ စက်ရုပ်တီထွင်ခဲ့တဲ့ အချိန်က ဘယ်လိုစိတ်ကူး ရခဲ့သလဲ။ အချိန်ကာလအားဖြင့်ဆိုရင် ဘယ်နှခုနှစ်လောက် ဖြစ်မလဲ ခင်ဗျ။
U Kyi : ဆေးမှုတ်နိုင်တဲ့ စက်ရုပ်ကို လုပ်ခဲ့တာက ၁၉၈၄-၁၉၈၅ ခုနှစ် ဝန်းကျင်မှာပေါ့။ စက်ရုပ်လုပ်တာက စက်ရုပ်က ထိုင်နိုင်တယ်။ ထိုင်တာကနေ ထရပ်တယ်။ ဒီလိုလုပ်ပြီးတဲ့ အခါကျတော့ ဒီလိုထိုင်ထ ဒါနဲ့တင်မဖြစ်ဘူး။ တစ်ခုခုတော့ လုပ်ပြမှ ဖြစ်မယ်ဆိုတာမျိုး ခေါင်းထဲ ဝင်လာတယ်။ ဒါနဲ့ဘာလုပ်လဲဆိုတော့ စက်ရုပ်ကို ဆေးမှုတ်ခိုင်းမယ်ဆိုပြီး လုပ်တာ။ အဲ့ဒီမှာ သူက ဆေးမှုတ်တဲ့ နေရာမှာလည်း လူတွေဆေးမှုတ်သလို လက်ညှိုးနဲ့ချိတ်ပြီး မှုတ်တာ။ အဲ့ဒါမျိုးရအောင် ကျွန်တော်လုပ်တာ။ အဲ့ဒီမှာ ဆေးမှုတ်တဲ့စက်ရုပ် ဖြစ်လာတာပဲ။ အဲ့ဒီလို ဆေးမှုတ်ပြတဲ့အခါမှာ ဆေးမှုတ်တဲ့ လူတွေကဟာ ဒီကောင် ငါတို့ထက်တောင် ဆေးမှုတ်တာ ညီတယ်ကွလို့ ပြောယူရတယ်။ အဲ့ဒီလို လုပ်ထားတာ။
စက်ရုပ်လုပ်ဖို့ စိတ်ကူး ဘယ်လိုရသလဲ ဆိုတာတော့ ပြောမနေနဲ့။ ကျွန်တော်က အဲ့ဒီဝါသနာ အရမ်းကြီးတာ။ ဒါကြောင့်လဲ သမိုင်းမှာ ပထမဆုံး စက်ရုပ်တီထွင်သူ ဆိုပြီး ထည့်ထားတာ။
၁၉၆၀ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ပညာတော်သင် လွှတ်ခံရတယ်။ အဲ့ဒီမှာ တွေ့ခဲ့တဲ့ စက်မှုနည်းပညာတွေကို လေ့လာခဲ့ပြီး ဒီမှာ အကုန်ပြန်လုပ်တာ
စက်ရုပ်လုပ်တုန်းကဆိုရင် ကျွန်တော် ပြောပြဦးမယ်။ စက်ရုပ်စလုပ်တော့ ဒန်နဲ့ချည်းပဲ လုပ်ထားတာ။ သံနဲ့ဆိုရင် သံချေးတက်မှာစိုးလို့။ အဲ့ဒီမှာ လက်မောင်းနဲ့ ခြေထောက်နားမှာ အဝိုင်းပြားတွေ အုပ်ဖို့လိုတော့ တပည့်တွေကို ဒန်အိုး သွားဝယ်ခိုင်းပြီး နှုတ်ခမ်းဖြတ်လိုက်တဲ့အခါ အဝိုင်းပြား အုပ်လို့ရသွားတယ်။ ခေါင်းမှာဆိုလည်း ဒယ်အိုး သွားဝယ်ခိုင်းပြီး ဒယ်အိုး ဆောင်းပေးလိုက်တယ်။ အဲ့ဒီလိုတွေလုပ်ပြီး တီထွင်ခဲ့ရတာ။
Voice : ဒီနေရာမှာ ဆက်စပ်သွားလို့ပါ။ ၁၉၆၀ မှာ အမေရိကန်ပြည်ထောင်စုကို ပညာတော်သင် စေလွှတ်ခံရတယ်။ အဲ့ဒီမှာ လေ့လာခဲ့တဲ့ ပညာရပ်တွေကိုလည်း ပြောပြပေးပါဦး။
U Kyi : အမေရိကကို ပညာတော်သင် လွှတ်တာက မြေတိုင်းပညာ သွားသင်တာ။ ဒီမှာ ကျွန်တော်က GTI မှာ Survey ကို သင်ပေးနေပြီ။ ဒါကို ဟိုမှာ အဆင့်မြှင့်တင်ဖို့ သွားသင်ပါဆိုပြီး လွှတ်လိုက်တာ။ ဟိုမှာ သုံးနှစ် သင်ခန်းစာ၊ လေးနှစ် သင်ခန်းစာတွေ ရှိတယ်။ ကျွန်တော့်ကို ပထမနှစ်၊ ဒုတိယနှစ်တွေက စမတက်ခိုင်းဘဲ နောက်ဆုံးနှစ်ကို တန်းဝင်ခွင့်ပေးတယ်။ အဲ့ဒါလည်း A Grade ရခဲ့တာပဲ။ မြန်မာပြည်ကလည်း တွန်းအားပေးနေတာ။ ဟိုမှာ လျှောက်လည်နေမှာစိုးလို့ A Grade ရအောင် လုပ်ပါလို့ တိုက်တွန်းနေတာ။
အမေရိကမှာ စက်တွေ ကျွန်တော်တွေ့တယ်။ အများအားဖြင့်တော့ လက်ဖက်ရည်စက်တွေ တွေ့တယ်။ ဒီပြန်ရောက်တဲ့ အခါကျတော့ သူတို့က လက်ဖက်ရည်ဖျော်ပြီးသား ပေးတယ်။ ဒီမှာကျတော့ နို့ဆီသတ်သတ်၊ သကြားသတ်သတ်၊ လက်ဖက်ရည်သတ်သတ် ရအောင် ကျွန်တော်လုပ်ပြတယ်။ လုပ်ပြတဲ့အပြင် ပိုက်ဆံအမ်းပေးသေးတယ်။ လက်ဖက်ရည်သောက်ရင် တစ်မတ်အမ်းတယ်တို့၊ ကော်ဖီသောက်ရင် ပြား ၂၀ အမ်းတယ်တို့ ရအောင် ကျွန်တော် လုပ်ပြခဲ့တယ်။
အစိုးရကလည်း တော်တော်သဘောကျတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခန်းတွေ ဘာတွေပေးတယ်လေ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆိုဗီယက်ကိုလည်း လွှတ်တယ်။ အဲ့ဒီမှာပဲ ဒီလိုစက်တွေကို တွေ့ခဲ့ပြီး ဒီမှာပြန်လုပ်တာ
Voice : ဒီလိုမျိုး မြန်မာနိုင်ငံမှာ စက်ရုပ်တစ်ရုပ်ဖြစ်အောင် လုပ်ရတဲ့ နေရာမှာရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့သလဲ။
U Kyi : စက်ရုပ်က အရုပ်ချည်းပဲ သတ်သတ်ကတော့ လွယ်တာပေါ့ဗျာ။ အရုပ်ဖြစ်အောင် လုပ်လိုက်တာပေါ့။ ကျွန်တော့် စက်ရုပ်ကကျတော့ အလုပ်လုပ်တဲ့ စက်ရုပ်တွေ ဖြစ်နေတဲ့အတွက် စက်မှုပညာတွေ ထပ်ထည့်ရတယ်။ ဥပမာအားဖြင့် ထိုင်တာ၊ ထတာတွေပါ ပါလာပြီလေ။ ထိုင်ဖို့၊ ထဖို့တွေကို စက်မှုနည်းပညာတွေထည့် ရတယ်။ ခုံမှာထိုင်နေတယ်ဆို သူ့ကို ထိန်းချုပ်တာတွေက ခုံအောက်မှာလေ။ ချိန်းကြိုးနဲ့ လုပ်ရတယ်။ ဟိုတုန်းကတော့ တစ်နေကုန်ထိုင်ပြီး ဒါပဲထိုင်လုပ်နေတာကိုးဗျ။ သူ ဘယ်ပြေးမလဲ။ မရရင် နောက်ထပ် ဘာယူလာခဲ့ဆိုပြီး ထပ်လုပ်။ မရရင် နောက်ထပ် ဘာသွားဝယ်ဆိုပြီး ထပ်လုပ်တာပဲ။
အဲ့ဒီပိုက်ဆံတွေ ဘယ်ကရသလဲဆိုတော့ စက်မှုသက်မွေးဦးစီးဌာနက ပေးတယ်။ ကြိုက်သလောက်သုံး။ မနှမြောနဲ့ဆိုပြီး ပြောထားတာ။ ဒါရိုက်တာကိုယ်တိုင် လာတယ်။ ဒီစက်ရုပ်ကို ကြည့်ပြီးတဲ့အခါကျတော့ မင်းအကောင်ကြီးက နာမည်ကျော်မှာ။ မင်းပိုက်ဆံမချွေနဲ့။ ဖြစ်အောင်လုပ်လို့ ပြောလာတာ။ လုပ်ရတာပေါ့။ ဒါရိုက်တာကိုယ်တိုင် ဖိအားပေးလာတာကိုး။
ဒါပေမဲ့ အဆူခံရသေးတယ်။ မင်းကို ငါပြောထားတယ်။ ပိုက်ဆံမချွေပါနဲ့ဆိုတာ။ မင်းဆေးမှုတ်တာ ဗမာဆေးတွေ မဟုတ်လားတဲ့။ ဟုတ်ပါတယ် ဗမာဆေးတွေပါဆိုတော့ ဘာလို့ နိုင်ငံခြားဆေး မသုံးလဲဆိုတာ ဆူတယ်။ ဒါတောင် အဆူခံရသေးတယ်။ နိုင်ငံခြားဆေးနဲ့မှုတ်တဲ့အခါ သင်နာတွေများတဲ့အတွက် ဆေးမှုတ်တဲ့ မျက်နှာပြင်ဆီကို မရောက်ဘဲ လမ်းမှာတင်ဆေးက ခြောက်သွားတယ်။ မျက်နှာပြင်မှာ သွားမကပ်ဘူးလို့ ရှင်းပြရတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့မှာ ဆေးမှုတ်တာတောင် ဗမာဆေးနဲ့ မှုတ်ရတာ။
Voice : ဒီစက်ရုပ်ကြီး ထိုင်မယ်၊ ထမယ်၊ ဆေးမှုတ်မယ်ပေါ့ ဆရာရယ်။ ဒီလိုလှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ အတွက် ဘယ်လိုဖန်တီးထားသလဲ ခင်ဗျ။
U Kyi : စက်ရုပ်ကြီး လှုပ်ရှားနိုင်ဖို့ မော်တာတွေ တပ်ထားတယ်။ အခုထက်ထိ အဲ့ဒီစက်ရုပ်ကြီးမှာ မော်တာတွေ ရှိသေးတယ်။ လက်မြှောက်တာတွေ ဘာတွေ မော်တာတွေနဲ့ အလုပ်လုပ်တာကိုး။ မော်တာဆိုတာက မော်တော်ကားမှာသုံးတဲ့ ရေသုတ်တံက မော်တာလေးတွေ သုံးတာ။ ခြေထောက်အတွက် သုံးတဲ့ ထိုင်ထ မော်တာက ကြီးတယ်။ မြင်းကောင်ရေ တစ်ကောင်အားလောက် ရှိတယ်။ အဲ့ဒီစက်ရုပ်ကြီးက အခုထိ ကျွန်တော် ကျောင်းအုပ်လုပ်ခဲ့တဲ့ကျောင်းမှာ ရှိနေတုန်းပဲ။
အောင်ဆန်းမြို့ စက်ပစ္စည်းထိန်းသိမ်းရေး ပညာသင်ကျောင်း (Repairs and Maintainence) မှာ ကျောင်းအုပ်လုပ်ခဲ့တာကိုး။
Voice : ဒီစက်ရုပ်ကြီးရဲ့ အရွယ်အစားနဲ့ အလေးချိန်ကိုလည်း ပြောပြပေးပါဦး ဆရာ။ တည်ဆောက်ခဲ့တဲ့ အချိန်ကာလရော ဘယ်လောက်ကြာခဲ့သလဲ။
U Kyi : အရွယ်အစားက လူအရပ်အတိုင်းပဲ။ ကျွန်တော်လုပ်လိုက်ရင် လူအရပ်အတိုင်းပဲ။ ၆ ပေ လောက် ရှိတယ်။ အလေးချိန်ကတော့ ပေါင် ၁၅၀ ခန့် ရှိပါတယ်။ တည်ဆောက်ခဲ့တာက ကျိုက္ကဆံကွင်းမှာ လုပ်မယ့် ပြည်ထောင်စုနေ့ ပြပွဲမှာ ပြဖို့လုပ်ခဲ့တာ။ သုံးလ လေးလလောက် ကြာခဲ့ပါတယ်။
Voice : အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံမှာ အဲ့ဒီအချိန်ကတည်းက စက်ရုပ်တစ်ရုပ်ကို တကယ်အလုပ်လုပ်နိုင်တဲ့အထိ တီထွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီခေတ်ကာလမှာ ယန္တရားလုပ်သား အနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံ မပြုနိုင်ခဲ့ဘူးပေါ့။ ဒီလိုမဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းတွေက ဘာတွေကြောင့်ဖြစ်မလဲ ဆရာ။
U Kyi : ကျွန်တော်ပြောပြမယ်နော်။ ကျွန်တော် ဆက်လုပ်လာတာ စက်ရုပ်တွေက တကယ်အလုပ်လုပ်နိုင်တဲ့အထိ ဖြစ်လာပြီ။ အဲ့ဒီအချိန်မှာ ၈၈ အရေးအခင်းကြီး ဖြစ်လာတယ်။ ဒီတီထွင်မှုတွေကို အရင်က ပြပွဲတွေလုပ်ခဲ့တယ်လေ။ အဲ့ဒီပြပွဲတွေက ရပ်ကုန်တယ်။ နောက်ပိုင်း လမ်းလျှောက်နိုင်တဲ့ စက်ရုပ်တွေဘာတွေ ကျွန်တော် ဆက်လုပ်ထားတာ ကျွန်တော် မပြလိုက်ရတော့ဘူး။ ဘာလို့လဲဆိုတော့ ၈၈ အရေးအခင်းနဲ့လာပြီး တိုက်ဆိုင်ပြီးတော့ ပြပွဲတွေ အကုန်ရပ်သွားတယ်။ နောက်ထပ်ဆက်မလုပ်တော့ဘူး။ အဲ့ဒီမှာ အကုန်ရပ်သွားတယ်။ အဲ့ဒီမှာ ဆက်မလုပ်နိုင်တော့ဘူး။
Voice : မပြသခဲ့ရတဲ့ လမ်းလျှောက်နိုင်တဲ့ စက်ရုပ်ကြီးနဲ့ ပတ်သက်တာတွေလည်း နည်းနည်းလောက် ပြောပေးပါဦး ခင်ဗျ။
U Kyi : လမ်းလျှောက်တဲ့စက်ရုပ်က လုပ်တော့လုပ်တယ်။ စမ်းနေတဲ့အချိန်ပေါ့။ အဲ့ဒီတုန်းက စမ်းသပ်လုပ်နေတာ ညဘက်ကြီး။ အော်ပြီး ထွက်ပြေးလာကြတာ။ သွားကြည့်တော့ သူတို့ ဝါယာမှားသွားတယ် ထင်တယ်။ စက်ရုပ်ကြီးက လမ်းလျှောက်တော့ ထွက်ပြေးကြတာ။ လုပ်ခဲ့တဲ့ အသေးစိတ်တွေတော့ ပြောပြဖို့တော့ ခက်သွားပြီပေါ့။
Voice : အဲ့ဒီခေတ်က ကျိုက္ကဆံကွင်းတို့၊ Invoy ခန်းမတို့မှာ ပြပွဲတွေလုပ်ခဲ့တယ်လို့ ဆရာပေးတဲ့ မှတ်တမ်းတွေမှာလည်း ပါပါတယ် ခင်ဗျ။ ဒီပြပွဲတွေအကြောင်းကို ပြန်ပြောင်းမျှဝေပေးပါဦး။
U Kyi : Invoy ခန်းမဆိုတာ အခုတပ်မတော်ခန်းမပေါ့။ အဲ့ဒီမှာ ကားမောင်းတဲ့ဟာတွေ၊ မြေပဲစက်တွေ၊ စီးကရက်စက်တွေ ပြခဲ့တာပေါ့။ ဒီလိုဗျ ကားမောင်းတာကို ကျွန်တော် ပြောပြဦးမယ်။ တကယ့်ကို စတီယာတိုင်ကြီးနဲ့။ ကားလေးက ပလတ်စတစ်ကားလေး။ အဲ့ဒါမောင်းဖို့ တစ်မတ်ပေးရတယ်။ တိုက်မိရင်တော့ ရပ်သွားတာပေါ့။ ပိုက်ဆံဆုံးတာပဲ။ လွတ်ရင်တော့ လွတ်တဲ့သူကို ချိုချဉ်တစ်လုံး ပေးလိုက်သေးတယ်။ ကလေးတွေ မောင်းကြတာ။ အဲ့ဒါကို ယာဉ်ထိန်းရဲတွေ လာမောင်းတယ်။ မလွတ်ဘူးဗျ။
Voice : ကျွန်တော်တို့နိုင်ငံမှာက နည်းပညာတွေ အများကြီး ထွန်းကားခဲ့တယ်။ တိမ်မြုပ်သွားရတာတွေကလည်း အင်မတန်နှမြောဖို့ ကောင်းပါတယ်။ ဆရာ့အနေနဲ့ ဒီနည်းပညာတွေနဲ့ ဆရာ့ရဲ့ စက်ရုပ်ကြီးကို ပြပွဲတွေအပြင်ပေါ့လေ။ ဘယ်လောက်အထိ အသုံးချနိုင်ဖို့ လုပ်ခဲ့သေးသလဲ ခင်ဗျ။
U Kyi : ဒီလိုဗျ။ ဒီစက်ရုပ်ကြီးကို မော်လမြိုင်မှာ သွားပြရသေးတယ်။ တစ်ပတ်လောက် သွားပြရတယ်။ ကျွန်တော့်တပည့်တွေနဲ့ လွှတ်လိုက်တယ်။ မိုင်ဒါကွင်းဆိုတာ မော်လမြိုင်မှာ ရှိတယ်။ သွားပြရသေးတယ်။ အဲ့ဒါက ၁၉၈၆ - ၁၉၈၇ ခုနှစ်တွေမှာ ဖြစ်မယ်။
Voice : ဆရာ့အနေနဲ့ ဒီနည်းပညာတွေကို စတင်သင်ကြားခဲ့တာကရော အင်းစိန် GTI မှာပဲလား။
U Kyi : ကျွန်တော် အင်းစိန် GTI မှာ မြို့ပြအင်ဂျင်နီယာသင်တန်းကို တက်ခဲ့တာ။ အဲ့ဒီက အောင်ပြီးတော့ အဲ့ဒီကျောင်းမှာပဲ ဆရာပြန်လုပ်တယ်။ ပထမဆုံး နည်းပြဆရာပေါ့။ နောက်တော့ ကထိကအထိ တက်သွားတယ်။ နောက်တော့ အင်းစိန်၊ ကလော၊ ပြည် စတဲ့ GTI တွေမှာ လှည့်ပြီး ကထိကဆရာ လုပ်ခဲ့တယ်။ ပြီးတော့မှ အောင်ဆန်းမြို့က စက်ပစ္စည်းထိန်းသိမ်းရေး ပညာသင်ကျောင်း (Repairs and Maintainence) မှာ ကျောင်းအုပ်ဘဝနဲ့ ထိုင်တာ။ ၁၉၈၀ ခုနှစ်က စထိုင်ခဲ့တာ ပင်စင်ယူတဲ့ ၁၉၉၄ ခုနှစ်အထိပဲ။ အင်းစိန် GTI ကပဲ အမေရိကန်ပြည်ထောင်စုကို ပညာတော်သင် လွှတ်ခံရတာ။
Voice : ဒါဆိုရင် ဒီစက်ရုပ်ကြီးကို ထုတ်ခဲ့တာက စက်ပစ္စည်းထိန်းသိမ်းရေး ပညာသင်ကျောင်း (Repairs and Maintainence) အနေနဲ့ တီထွင်ထုတ်လုပ်ခဲ့တာလား။
U Kyi : ဒီလိုဗျ ကျွန်တော်ပြောပြမယ်။ ကျွန်တော်က GTI မှာ လုပ်ခဲ့တယ်လေ။ အဲ့ဒါလည်း စက်ရုံထဲမှာ နေတာများပါတယ်။ စာသင်တဲ့အခါ သွားသင်တယ်။ ပြီးရင် စက်ရုပ်လုပ်တာပဲ။ ကျွန်တော်ယူလိုက်တဲ့ အောင်ဆန်းမြို့က ကျောင်းက သင်တန်းတွေ ၆လ သင်တန်းတွေ ရှိတယ်။ စက်မှု၊ လျှပ်စစ် စတာတွေနဲ့အစုံ အဲ့ဒီမှာရှိတယ်။ အဲ့ဒီနေရာမျိုး ကျွန်တော်ရောက်သွားတော့ ကျွန်တော်လုပ်ချင်တာ အကုန်လုပ်လို့ ရတာပဲ။ လျှပ်စစ်နဲ့ဆိုင်တာ ရှိတယ်။ စက်ပြင်သမားလည်း ရှိတယ်။ အစုံရှိတယ်။ အဲ့ဒီလိုတွေရှိလို့ ဒီစက်ရုပ်ကြီး ဖြစ်သွားတာ။ ကျွန်တော်က လက်ညှိုးနဲ့ ခေါင်းပဲ ရှိတယ်။ လုပ်ဖို့လိုတာတွေကိုတော့ တပည့်တွေက ဝိုင်းကူညီပေးကြတယ်။ ဒီဇိုင်းတွေကတော့ ကျွန်တော့်ဒီဇိုင်းတွေပဲ။
Voice : ဒီတော့ ယန္တရားလုပ်သားတွေက ၁၉၈၄-၈၅ ခုနှစ်တွေမှာ မြန်မာနိုင်ငံမှာ တီထွင်နိုင်နေပြီ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ရှေ့ကိုတော်တော်လေးရောက်တဲ့ အခြေအနေမျိုးရှိခဲ့တယ်။ ဒါကို လက်တွေ့အသုံးချနိုင်တဲ့ အနေအထားတော့ မရှိခဲ့ဘူးပေါ့လေ။ အဲ့ဒီကာလတွေမှာ ဘယ်လိုအခက်အခဲတွေ ဖြစ်ခဲ့တာလဲ။
U Kyi : အဲ့ဒါက တခြားမဟုတ်ဘူး။ ၈၈ အရေးအခင်းကြီးပဲ။ အဲ့ဒီနောက်ပိုင်းမှာ အကုန်ရပ်သွားတယ်။ အဲ့ဒီမတိုင်ခင်က Invoy ပြခန်းမှာ နှစ်တိုင်းပြနေတဲ့ ပြပွဲတွေ၊ ကျိုက္ကဆံကွင်းကြီးထဲမှာ ပြနေတဲ့ပြပွဲတွေ။ အဲ့ဒီမှာ ကျွန်တော်တို့ ပြနေကျ။ အဲ့ဒီလိုကို ဖြစ်နေတာ။ ကျွန်တော်ကလည်း ပြပွဲတစ်ခါပြီးတာနဲ့ နောက်နှစ် ဘာပြမလဲ ဆိုတာကို ထပ်လုပ်တာ။ အဲ့ဒီမှာ ဘာဖြစ်သွားလဲဆိုတော့ ၈၈ အရေးအခင်းဖြစ်ပြီးတော့ ဘာမှဆက်လုပ်လို့ မရတော့ဘူး။ အကုန်လုံး ရပ်သွားတယ်။ ပြပွဲတွေလည်း မရှိဘူး။ ဘာမှမရှိတော့ဘူး
Voice : နောက်ပိုင်းမှာရော ဒီလိုတီထွင်နိုင်ခဲ့တာတွေကို အသုံးချပြီး ယန္တရားလုပ်သားတွေ အနေနဲ့ အစားထိုးနိုင်ဖို့အတွက် ဆောင်ရွက်ဖို့ကို ကမ်းလှမ်းတာမျိုးတွေရော ရှိခဲ့သလား ဆရာ။
U Kyi : မလာတော့ဘူးဗျ။ မရှိဘူးလားဆိုတော့ ဒီစက်ရုပ်ကြီးတွေကို ပြန်လုပ်ပါလားဆိုပြီး ကျောင်းက တပည့်တွေ၊ ကလေးတွေက ပြောတာမျိုးတော့ရှိတယ်။ ဆရာက မလုပ်နိုင်တော့ဘူး။ ကျန်တဲ့တခြားဟာတွေတော့ မရှိပါဘူး။ အသက်က ၈၀ ကျော်ပြီလေ။ မလုပ်နိုင်တော့ဘူး။
Voice : အဲ့ဒီကာလတွေတုန်းက အိမ်နီးချင်းနိုင်ငံတွေမှာ ဒီလိုယန္တရားလုပ်သားတွေကို တီထွင်နိုင်နေပြီလား။
U Kyi : ကျွန်တော်တော့ မထင်ဘူးဗျ။ အဲ့ဒီအချိန်က အမေရိကနဲ့ မြန်မာပြည်ပဲ သွားလိုက်ပြန်လိုက် လုပ်နေတာ။ ဒီပြင်နိုင်ငံတွေမှာ ဘာဖြစ်နေလဲ ဆိုတာတော့ သိပ်မသိဘူး။ အိန္ဒိယမှာလည်း ဒီလိုတီထွင်တာတွေ မလုပ်သေးပါဘူး။
Voice : အဲ့ဒီအချိန်မှာ ဆရာ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း ပညာသင်သွားခဲ့တယ်။ သူတို့ဆီက လေ့လာခဲ့တာတွေကို ဒီမှာပြန်အသုံးချနိုင်ခဲ့တယ်။ ကျွန်တော်တို့ အဲ့ဒီအချိန်မှာ ဘယ်လောက်အထိ လိုက်မီနိုင်ခဲ့သလဲ ခင်ဗျ။
U Kyi : ဒီလိုဗျ။ အဲ့ဒီအချိန်မှာ သူတို့က တော်တော်တိုးတက်နေပြီလေ။ ကျွန်တော်က စက်တစ်လုံးကို ကြည့်လိုက်ရင် အထဲက ဘာလုပ်ထားတယ်ဆိုတာ ခန့်မှန်းနိုင်တယ်။ ခုန ကျွန်တော် ပြောသလိုပေါ့။ ပိုက်ဆံထည့်လိုက်ရင် ကိုယ်လိုချင်တာတွေ ထွက်လာတဲ့ Slot Machine တွေက သူတို့ဆီမှာ ဖြစ်နေပြီ။ ဒီပြင်စက်တွေ တော်တော်များများလည်း သူတို့ဆီမှာ ဖြစ်နေပြီ။ အဲ့ဒီတော့ အဲ့ဒီအတိုင်းကို မြန်မာပြည်မှာ ပြန်လုပ်တာ။ ဒီကနေ အကုန်ပြန်လုပ်နိုင်တယ်။
Voice : ဆရာ့အနေနဲ့ တီထွင်ခဲ့တဲ့ စက်တွေက ဆေးမှုတ်တဲ့ စက်ရုပ်ကြီးအပြင် ဘယ်နှခုလောက် ရှိမလဲ ခင်ဗျ။
U Kyi : စက်ရုပ်ကပဲ နှစ်ရုပ်။ ဆေးမှုတ်တဲ့စက်ရုပ်ကြီး ရှိမယ်။ လမ်းလျှောက်နိုင်တဲ့ စက်ရုပ်ကြီး ရှိမယ်။ ပြီးတော့ လက်ဖက်ရည်ဖျော်စက်၊ မြေပဲစက်၊ စီးကရက်စက်၊ မော်တော်ကားမောင်းတဲ့စက်၊ ဘီစကစ် အကောင်း၊ အကျိုး ရွေးတဲ့ဟာ။ ကောက်တဲ့စက်ပေါ့။ သူက စက်ရုပ်လက်ပေါ့။ အာရုံခံစနစ်တွေ သုံးထားတယ်။ အဲ့ဒါတွေလည်း လုပ်ခဲ့တယ်။
Voice : မြေပဲစက်နဲ့ စီးကရက်စက်ကို အင်းစိန် GTI ကျောင်းထဲက စားသောက်ဆိုင်မှာ သုံးခဲ့တယ်လို့လည်း မှတ်သားရပါတယ် ဆရာ။ အဲ့ဒါလေး ပြန်ပြောပြပါဦး
U Kyi : GTI Canteen မှာ အဲ့ဒီစက်တွေ ထားတယ်ဗျ။ ဟိုမှာ အမေရိကမှာတော့ စီးကရက်စက်က ဘူးလိုက်လေ။ ဒီမှာက အလိပ်လိုက်ကျအောင် လုပ်ပေးထားတာ။ အဲ့ဒီတုန်းက ဒီမှာက ဒူးယားလား။ အဲ့ ခပေါင်း ခပေါင်း။ တစ်လိပ်ချင်းကျအောင်အပြင် တစ်လိပ်ကို ငါးပြားဆိုတော့ တစ်မတ်စေ့ထည့်လိုက်ရင် ပြား ၂၀ အမ်းအောင်၊ ဆယ်ပြားစေ့ထည့်လိုက်ရင် ငါးပြားပြန်အမ်းအောင်ပါ လုပ်ထားတာ။ အဲ့ဒီတုန်းက မှတ်မိသေးတယ်။ အဲ့ဒီတုန်းကလာပြီးကြည့်တဲ့ လူကြီးတွေလည်း သဘောကျကြတယ်။
Voice : အင်းစိန် GTI ကျောင်းကြီးရဲ့ အချက်အလက်တွေကို ရှာဖွေလို့ ရသလောက် ပြန်စုစည်းလိုက်တဲ့ အခါကျတော့ ဒုတိယကမ္ဘာစစ် အပြီးမှာ Columbo Plan အရ အင်္ဂလိပ်အစိုးရက စတာလင်ပေါင် ၆ သန်းခွဲ ထောက်ပံ့ခဲ့တယ်။ ၁၉၅၄ မှာ ဟင်နရီဖို့ဒ် ဖောင်ဒေးရှင်းကနေ အမေရိကန်ဒေါ်လာ ၃၈၀၀၀ ထောက်ပံ့ပေးခဲ့တယ်ပေါ့။ ဒါ အရှေ့တောင်အာရှမှာ ကျောင်းကြီးတစ်ကျောင်းလို့ ပြောရမှာပေါ့ဆရာရယ်။ ဒီကျောင်းကြီးတက်ခဲ့တဲ့ အချိန်က အမှတ်တရတွေ ပြောပြပေးပါဦး။
U Kyi : ဟုတ်တယ်။ ကျွန်တော် အမေရိက သွားတာက ဟင်နရီဖို့ဒ် ဖောင်ဒေးရှင်းနဲ့ သွားရတာ။ အင်းစိန် GTI မှာ ကျောင်းလည်း တက်ခဲ့တယ်။ ဆရာလည်း လုပ်ခဲ့တယ်။ အပြင်လောကမှာရှိတဲ့ စက်ရုံတွေ အားလုံး၊ ရှိသမျှ စက်ရုံတွေအားလုံး အင်းစိန် GTI မှာ ရှိတယ်။ ပိုတာတောင် ပိုသေးတယ်။ အပြင်မှာ မရှိတဲ့ စက်ရုံတွေတောင် ရှိသေးတယ်။ သစ်သားနဲ့ မိုလုပ်တဲ့ စက်ရုံတွေတောင် အပြင်မှာ မရှိဘူး။ အခုတော့ မရှိတော့ဘူးပေါ့ဗျာ။
Voice : ကျွန်တော်တို့နိုင်ငံက နည်းပညာပိုင်းမှာ မနိမ့်ပါးခဲ့ပါဘူး။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် လက်ရှိမှာတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျန်ခဲ့တဲ့ အနေအထာျးိုး ဖြစ်ခဲ့ရတာပေါ့။ အဲ့ဒီအပေါ်မှာ လက်ရှိ နည်းပညာနယ်ပယ်က အတတ်ပညာရှင် လူငယ်တွေအတွက် ဆရာ့အနေနဲ့ ဘာများအကြံပြု တိုက်တွန်းချင်ပါသလဲ ခင်ဗျ။
U Kyi : နည်းပညာကျောင်းတွေကို တက်ပါ။ ဆယ်တန်းအောင်ရင် TU တွေ တက်လို့ရမယ်။ ရှစ်တန်းအောင်ရင်လည်း THSလို ကျောင်းတွေတက်လို့ရမယ်။ နည်းပညာကျောင်းတွေ တက်ပါလို့ အကြံပြုချင်ပါတယ်။ အင်ဂျင်နီယာနဲ့ဆိုင်တဲ့ သင်တန်းတွေကို တက်ပါ။ ကိုယ့်ဉာဏ်စွမ်းရှိသလောက် ကိုယ်သင်ကြားခဲ့ရတာတွေရဲ့ အပေါ်မှာ ဘယ်လိုတွေ တီထွင်နိုင်မလဲဆိုတာ စဉ်းစားကြပါ။ ကိုယ်တတ်ခဲ့တဲ့ပညာကို အခြေခံပြီး ဘယ်လိုတီထွင်မှုတွေ လုပ်မလဲ စဉ်းစားကြပါ။ အဲ့ဒီလိုဆိုရင် တိုင်းပြည်က တိုးတက်မှာပဲဗျ။ ကျွန်တော် အဲ့ဒီအတိုင်း လုပ်ခဲ့တာပဲ။
အမြဲတမ်း ကိုယ်တတ်ထားတဲ့ ပညာတွေကို ဘယ်လိုအသုံးချနိုင်မယ် ဆိုတာ စဉ်းစားနေဖို့ လိုတယ်ဗျ။ အကယ်၍ အခက်အခဲရှိမယ်ဆိုရင် အတွေ့အကြုံရှိတဲ့ သူတွေနဲ့ တွေ့ပါ။ တွေ့ပြီး အကြံဉာဏ်တောင်းပါလို့ ပြောချင်ပါတယ်။ အခုကလေးတွေက ဒါတွေလုပ်ချင်တယ်ဗျ။
Voice : ဒီလိုနည်းပညာသမား လူငယ်တွေ အတွက်ရော အစိုးရဘက်က ဘယ်လောက်အထိ အထောက်အပံ့ပေးဖို့ လိုဦးမလဲ ခင်ဗျ။
U Kyi : သူတို့က ဘယ်လိုအခြေခံနဲ့ သွားတာလဲ။ သူတို့လုပ်နေတာကိုကြည့်ပြီးမှ ပြောလို့ရမှာ။ အဲ့ဒါက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လူငယ်တွေကို အားပေးရမယ်ဗျ။ ဝန်ကြီးဌာနတွေက ကူညီအားပေးမှ ဒီလူငယ်တွေ တက်သွားမှာ။ သူတို့လုပ်ချင်တာတွေ လုပ်ခွင့်ရ ရမယ်။ ကျွန်တော်ဖြစ်လာခဲ့တာ အဲ့ဒါကြောင့် ဖြစ်လာတာ။ ကျွန်တော်တို့ ဒါရိုက်တာကကို မင်းငွေမချွေနဲ့။ ကြိုက်သလိုတောင်း။ ဖြစ်အောင်သာလုပ်။ အဲ့ဒီလို အားပေးမှ ရတာ။
ကျွန်တော် အဲ့ဒီတုန်းကဆိုရင်လေ လက်ဖက်ရည်တောင် ကိုယ့်ပိုက်ဆံထဲကပဲ သောက်တယ်။ အဲ့ဒီအထဲက မသောက်ရဲဘူး။ အစိုးရ ချပေးတဲ့ ပိုက်ဆံကို လုံးဝမထိခဲ့ဘူး။
ဆရာကြီး ဦးကြည်၏ ကိုယ်ရေးအကျဉ်း
- ၁၉၃၄ ခုနှစ် ဇွန်လ ၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မွေးဖွားခဲ့။
- ၁၉၅၄ ခုနှစ်တွင် အင်းစိန် GTI တွင် မြို့ပြအင်ဂျင်နီယာသင်တန်းကို တက်ရောက်ခဲ့။
- ၁၉၅၇ ခုနှစ်တွင် အင်းစိန် GTI ၌ပင် နည်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့။
- တာဝန်ထမ်းဆောင်နေစဉ်တွင်လည်း စက်ရုပ်နည်းပညာများကို စမ်းသပ်တီထွင်နေခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရ။
- ၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် မိမိတီထွင်ခဲ့သည့် စက်ရုပ်များ၊ စက်ပစ္စည်းများကို ပြပွဲများတွင် ပြသခဲ့သည်။
- ၁၉၇၀ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ကလော GTI တွင် လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ပြည် GTI တွင် လည်းကောင်း ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၈၀ ခုနှစ်မှ ၁၉၉၄ အသက် ၆၀ ပြည့် ပင်စင်ယူသည်အထိ အောင်ဆန်းမြို့ စက်ပစ္စည်းထိန်းသိမ်းရေး ပညာသင်ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ယခုအခါ ဇနီး၊ သား သမီး နှစ်ဦးနှင့်အတူ နေအိမ်တွင် ကျန်းမာစွာ နေထိုင်လျက် ရှိသည်။
Credit. #မူရင်း

Labels:

၂၃.၃.၂၀၁၇ ထုတ် ကြေးမုံ၊ မြန်မာ့ အလင်း၊ Popular ဂျာနယ် နှင့် ပြည်မြန်မာ ဂျာနယ် တခါတည်း ဖတ်ရန်




Labels:

ခမောက်ကြီးမြို့နယ်ခွဲတွင် ရှားပါး ကြံ့သူတော်(အထီး) ၁ ကောင် ဖမ်းဆီးမိ


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ အေးမြသာယာကျေးရွာမှ ရွာသားတစ်ဦးသည် မတ် ၁၃ ရက်တွင် တောင်ယာခုတ်ရန် သွားရောက်စဉ် ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောတွင်းမှ အလျား ၃၂ လက်မ၊ အနံ ၁၈ လက်မ၊ လုံးပတ် ၂၃ လက်မခန့်ရှိ ရှားပါးတိရိစ္ဆာန် ကြံ့သူတော်(အထီး) ၁ ကောင်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် နယ်မြေခံတပ်သို့ မတ် ၁၅ ရက်တွင် လာရောက်အပ်နှံခဲ့သည်။
အဆိုပါဖမ်းဆီးရမိသော ကြံ့သူတော်အား ပြည်သူလူထုကို ပြသနိုင်ရေးအတွက် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ

Labels:

Tuesday, March 21, 2017

အမှတ်(၄၂)အစုန်နှင့်​ အမှတ်​(၄၁)အဆန်​ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်


၎င်းရထားနှစ်စင်း ​​တိုက်​ခိုက်​မှူ​ကြောင့် ခရီးသည်​ နှင့် ၀န်​ထမ်းများ ထိခိုက်​မှု တစ်​စုံတစ်​ရာ လုံးဝ(လုံးဝ)ဖြစ်​ပွားမှု မရှိပါ။ စက်​​ခေါင်း​နှစ်ခုစလုံး၏ ​ရှေ့ပိုင်း တွဲချိတ်​ဆက်​ ကိရိယာသာ အနည်းငယ်​ ပျက်​စီးမှု ဖြစ်​​ခဲ့ပါသည်​။

ဖြစ်​စဉ်​ သိရသည်​မှာ အမှတ်​(၄၁)အဆန်​ စက်​​ခေါင်း​မောင်းသည်​ ကန်​ဘလူဘူတာတွင်​ ရပ်​တန့်ခြင်း မရှိပါဘဲ အမှတ်​(၂)မိန်းလမ်းမှ ​တောက်​​လျှောက်​ဖြတ်​သန်း ​မောင်းနှင်​သွားပြီး ကျွန်းလှဘူတာမှ ပုံမှန်​ထွက်​ခွာလာ​​သော (အဆက်အသွယ်ရ၍ ​​အချိန်မှီ ရပ်​တန့်​ထား​စဉ်​) အမှတ်​(၄၂)အစုန်​ လူစီးရထားအား ဝင်​​ရောက်​တိုက်​ခိုက်​မိခြင်း ဖြစ်​​ပါသည်​။


စစ်​ကိုင်းတိုင်း​ဒေသကြီး၊ အမှတ်​(၂)တိုင်း ရွာ​ထောင်​၊ ကျန်းလှ-ကန့်​ဘလူအကြား အမှတ် (၄၂)အစုန်​ လူစီးရထားနှင့်​ အမှတ်​(၄၁)အဆန်​ လူစီးရထား နှစ်​စီးသည်​ မိုင်​တိုင်​အမှတ် ၄၉၃/၃ကွေ့​ အ​ရောက်​ မတ်လ ၂၂ ရက်နေ့ ယနေ့ နံနက် (၀၄း၀၀) နာရီခန့်​တွင်​ မျက်​နှာချင်းဆိုင်​ တိုက်​ခိုက်​မှု ဖြစ်​ပွား​ကြောင်း သိရှိရပါသည်​။
 တိုက်ခိုက်​​မှု​ကြောင့်​ အမှတ်​(၄၁)အဆန်​ရထား၏ ရှေ့ဆုံးလူစီးတွဲမှ ဘီးနှစ်​ဘီး (စဉ်​-၂,၇)နှင့်​ အမှတ်​(၄၂)အစုန်​ရထား၏ ဒုတိယ​မြောက်​ လူစီးတွဲမှ ဘီးနှစ်​ဘီး (စဉ်​-၃,၆)တို့ လမ်း​ချော်​ကျခဲ့ပါသည်​။

ကျွန်းလှ-ကန့်​ဘလူ လမ်းပိုင်းအား အမြန်​ဖွင့်​လှစ်​နိုင်​​ရေး တာဝန်​ရှိသူများမှ ဆက်​လက်​လုပ်​ကိုင်​​နေပါ​ကြောင်း သတင်းရရှိပါသည်​။

ထွန်းဝင်းဟန်​(၂၂.၃.၂၀၁၇)
သစ်ထူးလွင်

Labels:

သင်္ကြန်အတွင်း ကားလက်မှတ်ခကို ဈေးပိုရောင်းပါက ထိရောက်စွားအရေးယူမည်

အဝေးပြေး ကားလက်မှတ်ခကို ကျသင့်သည်ထက် ဈေးပိုရောင်းချနေသည့်အတွက် သတိပေးစာ ထုတ်ပြန်မည်ဖြစ်ပြီး ထပ်မံ ရောင်းချပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ အဝေးပြေး ကားလက်မှတ်ခများ ၅၀ ရာခိုင်နှုန်း တိုးကောက်ရန် ခွင့်ပြုချက် မချသေးခင် လက်ရှိအချိန်တွင် သတိပေးစာ ထုတ်မည်ဖြစ်သည်။ “ဆုံးဖြတ်ချက်က မပြတ်သေးဘူး။ အခုလို တိုးရောင်းနေတဲ့အတွက် ဒီရက်ပိုင်းထဲ သတိပေးစာ ထုတ်မယ်။ ထပ်ရောင်းရင် ၂၀၁၅ မော်တော်ယာဉ်ဥပဒေအတိုင်း အရေးယူမယ်”ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုသည်။ ဧပြီလ ၉ ရက်မှ ၁၂ ရက်အထိ ခရီးသည် မပါဘဲ ပြေးဆွဲသည့် အရှုံးပေါ်မှုကို ကာမိရန် မတ်လ ဒုတိယအပတ်က ကားလက်မှတ်နှုန်း တိုးမြှင့်ကောက်ခံခွင့်ပြုရန် ယာဉ်လိုင်းလုပ်ငန်းရှင်အချို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်ပြီး အဝေးပြေး ခရီးသည်တင် ယာဉ်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းရမည့်အချက်များ ရှိနေသဖြင့် မတ်လ ၂၄ ရက်မှသာ ဆုံးဖြတ်ချက် ပေးနိုင်မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောကြားသည်။ သင်္ကြန်ကာလတွင် အဝေးပြေး ကားလက်မှတ်များ တိုးရောင်းနေခြင်းမှာ နှစ်စဉ်ဖြစ်ပြီး မည်သို့ပင် ထိရောက်အောင် အရေးယူမည်ဖြစ်စေ တိုးရောင်းခြင်းမှာ ပျောက်ကွယ်သွားခြင်း မရှိကြောင်း၊ ယခုနှစ်တွင်လည်း လက်မှတ်ခ ဈေးကြီးပေး ဝယ်ကာ စီးနင်းရကြောင်း မတ်လ ဒုတိယ အပတ်က နေပြည်တော်သို့ပြန်သည့် ခရီးသည် တစ်ဦးက ပြောကြားသည်။ “တိုင်ရင်လည်း မူလဈေးအတိုင်းသာ ပြန်ရတာ အဝေးပြေးဝင်းမှာတင် အချိန် အတော်ပေးရတယ်။ ကားထွက်ချိန် နောက်ကျတာနဲ့ အဆင့်ဆင့်တွေ လုပ်နေတာ မပြီးတာနဲ့ မပေးချင်လည်း တိုးကောက်တာကို လက်ခံပြီး စီးနေရတဲ့ ခရီးသည်တွေ အများကြီးပဲ”ဟု ၎င်းကဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ခရီးသည်တင် မော်တော်ယာဉ်လိုင်း ၁၀၇ လိုင်း ရှိပြီး ယာဉ်စီးရေ ၁၃၄၀ စီးရှိကြောင်း YRTA (အဝေးပြေး)ထံမှ သိရသည်။
The Voice

Labels:

22.3.2017 ထုတ် မြန်မာ့အလင်း ကြေးမုံ မှုခင်းသတင်းဂျာနယ် သုံးစောင် တခါတည်းဖတ်ရန် ဒေါင်းရန်

Labels:

Monday, March 20, 2017

၂၂.၃.၂၀၁၇ ထုတ် MOBILE GUITE / Weekly sports/Health Digest/ပေါ်ပြူလာ/နံနက်ခင်း ဂျာနယ် ဖတ်ရန် ဒေါင်းရန်

Labels:

21.3.2017 ထုတ်မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာ ဖတ်ရန်


Labels:

Sunday, March 19, 2017

20.3.2017 ထုတ် မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာ ဖတ်ရန်


Labels:

နားလည်ရန်ခက်ခဲတဲ့ ငါးရက် နှင့် ဆယ်ရက်

ခတ်သစ်မြန်မာစာ ပေါ်ထွန်းရာလည်း ဖြစ်သည်။ မူဝါဒ ချောင်းကြည့်ပေါက်လည်း ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးသည် ပိတ်ရက်ကို ငါးရက်လျှော့သည်ဟု ကြေညာသည်။ ထို့နောက်တွင် ၁၀ ရက် ဖြစ်ပြန်သည်။ ငါးနှင့် တစ်ဆယ်အကြား ပြည်သူများမှာ  မျက်စိလည်ကြကုန်၏။
သင်္ကြန်ပိတ်ရက် ၁၀ ရက် ဖြစ်ခဲ့သည်မှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၇ ခုနှစ် စစ်အစိုးရလက်ထက် ကတည်းက ဖြစ်သည်။ ယခုအစိုးရလက်ထက် ရောက်သောအခါ သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို  ငါးရက်အဖြစ် ပြောင်းလဲခဲ့သည်။ ယင်းသို့ ပြောင်းလဲကြောင်း မတ်လ ၉ ရက်နေ့တွင်  နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်သည်။
မြန်မာနှစ်သစ်ကူးပိတ်ရက် ရောက်ရန် တစ်လကျော်ကျော်လေးတွင်မှ ကြေညာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံး၏ သင်္ကြန်ပိတ်ရက် ကြေညာချက်နှင့် ပတ်သက်၍ မြန်မာစာအရေးအသား ရှုပ်ထွေးလှခြင်းကြောင့် လူပြောသူပြောများသည်။ အရေးအသားတင်မက မူဝါဒပိုင်းဆိုင်ရာတွင် လည်းကောင်း၊ ပြည်သူများကို အသိပညာပေးရာတွင် လည်းကောင်း ဝေဖန်မှုများက မနည်းမနော။
သမ္မတရုံး မြန်မာစာ
နိုင်ငံတော်သမ္မတရုံး ကြေညာချက်သည် မြန်မာစာကို မြန်မာတွေ နားလည်ရန် ခက်ခဲသည်အထိ ဆိုးရွားလှသည်။
ဤသို့ဆိုးရွားကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ အင်တာနက် လူမှုကွန်ရက် Facebook တွင် ဝင်ရောက်ရေးသားကြသူများ၏ မှတ်ချက် (Comment) များက သက်သေခံလျက်ရှိသည်။ သမ္မတရုံး၏ မြန်မာစာ အရေးအသား ရှုပ်ထွေးပုံကို လှောင်ပြောင်ထားသည့် အောက်ပါမှတ်ချက်တစ်ခုကို ကြည့်ပါ။
“ငါးရက်ဆိုတာ ၁၀ ရက်ကို ဆိုလိုတာပါ။ ၁၀ ရက်လို့ ပြောပေမယ့် ငါးရက်ပါ။ သို့သော် ဒီ ငါးရက်က ၁၀ ရက် ဖြစ်ပါမယ်။ ငါးရက်နဲ့ ၁၀ ရက်တူတာ ဒီနှစ်တစ်နှစ်ပဲ ဖြစ်ပြီး နောက်နှစ်မှာ ၁၀ ရက်က  ငါးရက် ဖြစ်မှာပါ” ဟူ၍။
သမ္မတရုံး၏ မတ်လ ၉ ရက်နေ့ ကြေညာချက်မှာ ရှုပ်ထွေးပြီး နားမလည်ကြောင်း ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ  ဦးအေးသောင်းက ယခုကဲ့သို့ အကြံပြုသည်။
“ကျွန်တော် သေချာဖတ်ပါတယ်။ ပညာတတ်တဲ့ ကျွန်တော်တို့တောင် လည်လည်သွားပါတယ်။ မြန်မာစာတောင် ပြန်သင်ရမလို ဖြစ်သွားတယ်။ နောင်ထုတ်မယ့်၊ လူအများ သိရမယ့် ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ရေးပေးဖို့ အကြံပြုပါတယ်”
ထို့နောက် မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက် နောက်တစ်ခုကို ထုတ်ရပြန်သည်။ ယင်းထုတ်ပြန်ချက်သည် အတော်အတန် ရှင်းလင်းပါသည်။
အချုပ်ဆိုရလျှင် သင်္ကြန်ပိတ်ရက်မှာ ငါးရက်ဖြစ်သည်။ သီတင်းကျွတ်တွင် ယခင်က တစ်ရက်သာ ပိတ်ရာမှ ယခုအခါ နှစ်ရက်တိုး၍ သုံးရက်ပိတ်မည်။ တန်ဆောင်တိုင်တွင် ယခင် တစ်ရက်ပိတ်ရာမှ ယခုတစ်ရက်တိုး၍ နှစ်ရက်ပိတ်မည်။ နိုင်ငံတကာ နှစ်ကူးနေ့ကို နှစ်ရက်ပိတ်မည်။ ထို့ကြောင့် ပိတ်ရက်မှာ စုစုပေါင်း ၁၀ ရက် ဖြစ်သည်။
ပြည်သူ့ဝန်ထမ်းများအတွက် ပိတ်ရက်
ပြည်သူ့ဝန်ထမ်းများအတွက် သင်္ကြန်ပိတ်ရက်ကို ၁၀ ရက် ခံစားရစေရန် အုပ်ချုပ်မှု နည်းလမ်းနှင့် ဌာနဆိုင်ရာ အစီအစဉ်အရ ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။ မတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း ယင်းသို့ ဖော်ပြထားသည်။  ပြည်သူများက မရှင်းလင်းကြ။
ဆိုလိုသည်မှာ အလုပ်မရှိသော သို့မဟုတ် အလုပ်ပိတ်၍ရသော ဝန်ကြီးဌာနများကို ၎င်းတို့ဌာနဆိုင်ရာ အစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်ကို ၁၀ ရက် ပိတ်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယင်းသည် ဝန်ကြီးဌာန တစ်ခုချင်းအလိုက် မတူညီကြ။ ပိတ်၍မရသော ဝန်ကြီးဌာန များကိုမူ ပိတ်မည် မဟုတ်ချေ။
“သင်္ကြန်ပိတ်ရက် ငါးရက်လို့ပဲ သိရသေးတယ်။ လက်ရှိအချိန်ထိ ဘယ်နှရက်ပိတ်တယ် ဆိုတာကို ရုံးစာမထွက်သေးဘူး” ဟု  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူ့ဝန်ထမ်းတစ်ဦးက ပြောသည်။
ပညာရေး ဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာန တစ်ခုကမူ သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို ယခင်နှစ်များအတိုင်း ခံစားခွင့်ပြုရန်အတွက် ရုံးတွင်းအမိန့်စာများ ထွက်ရှိလာသည်။ ယင်းအမိန့်စာများသည်လည်း Facebook စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ 

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ပိတ်ရက်မှာ ၁၀ ရက် ဖြစ်သည်။ သင်္ကြန်ပိတ်ရက် ဂယက်ထနေချိန်တွင် အချို့က ရင်မခုန်ကြ။ ပိတ်ရက်ရသည့်တိုင် အလုပ်တာဝန်အရ အချိန်မရွေး ရုံးတက်ရသည့် အတွက်ကြောင့်ပင်။ ငါးရက် ၁၀ ရက် သတ်မှတ်ချက်များသည် အချို့သော ပြည်သူ့ဝန်ထမ်းများ အတွက်မူ ထူးခြားမှု မရှိဟု ဝန်ထမ်းအချို့က ဆိုကြသည်။
“ထွေအုပ်ကတော့ ဘယ်နှရက်ပဲပိတ်ပိတ် ရင်မခုန်တော့ပါဘူး။ ပိတ်ရက်လည်း အလုပ်ရှိရင် ထသွားနေရတာပဲ။ ပိတ်ရက်များလည်း ရင်မခုန်တော့ဘူး” ဟု ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဒေါ်ထက်နန္ဒီမြင့်က ပြောသည်။
ပုဂ္ဂလိက ဝန်ထမ်းများအတွက် ပိတ်ရက်
ပြည်သူ့ဝန်ထမ်းများ အတွက်မူ သင်္ကြန်ပိတ်ရက် ၁၀ ရက် ခံစားရရေး အစိုးရက ဆောင်ရွက်ပေးမည်ဟု တရားဝင် ကြေညာသည်။ မူဝါဒကို အချိန်ကပ်ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို တာဝန်ယူသည့် သဘောပင် ဖြစ်သည်။
သို့သော်လည်း ပုဂ္ဂလိကဝန်ထမ်းများ အတွက်မူ မည်သို့ စီစဉ်မည်နည်း။
ပုဂ္ဂလိက ဝန်ထမ်းများတွင်လည်း သင်္ကြန်ပိတ်ရက်၌ ရွာပြန်သူ ရှိသည်။ ဥပုသ်သီလ ဆောက်တည်သူ ရှိသည်။ ရက်ရှည်ရုံးပိတ်ချိန်တွင် အိမ်ပြင်သူများလည်း ရှိသည်။
မတ်လ ၁၃ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် အလုပ်ရှင်များနှင့် ဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပုဂ္ဂလိက အလုပ်သမားများကို သကြန်ရုံးပိတ်ရက် ၁၀ ရက် ပိတ်ပေးရန် အလုပ်ရှင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းသို့ ညှိနှိုင်းရာတွင် အလုပ်ရှင်များကလည်း ခြွင်းချက်များဖြင့် သဘောတူခဲ့ကြသည်။
ခြွင်းချက်များမှာ လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ ပိတ်ရက်များကို ခွင့်ရက်အဖြစ် သတ်မှတ်ပေးခြင်း၊ အခြားသော ရုံးပိတ်ရက်တွင် အစားထိုး ဆင်းပေးခြင်း၊ အချိန်ပိုထပ်ဆောင်း၍ အလုပ်ဆင်းပေးခြင်း စသည့် နည်းလမ်းများဖြင့် သင်္ကြန်ပိတ်ရက် ၁၀ ရက်ပိတ်ရန် အလုပ်ရှင်များက သဘောတူခဲ့ကြသည်။
အလုပ်သမားအဖွဲ့များကမူ သင်္ကြန်ပိတ်ရက်များကို တစ်ဆက်တည်း ၁၀ ရက် ပိတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
တောင်းဆိုသည့် အဖွဲ့များတွင် မြန်မာနိုင်ငံ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့ ပါဝင်သည်။
“အလုပ်သမားတွေက ဒီသင်္ကြန်ကျမှ ရွာပြန်ရတာ။ နီးသူတွေလည်း ရှိတယ်။ ဝေးသူတွေလည်း ရှိတယ်။ မိဘရပ်ရွာပြန်ဖို့ ခွင့်ရက်ရှည်က ဒီရက်တွေပဲရှိတယ်။ သင်္ကြန်တွင်းမှ ပြန်လို့မရဘဲ။ ကားမှမရှိတာ” ဟု နေစွမ်းအား လေထိုးမွေ့ယာ စက်ရုံမှ အသက် ၂၃ နှစ်အရွယ် အလုပ်သမားတစ်ဦးက ဆိုသည်။
ကော်လာပြာ လုပ်သားများနည်းတူ ကော်လာဖြူများသည်လည်း သင်္ကြန်ပိတ်ရက်ကို တစ်ဆက်တည်း ၁၀ ရက်သာ လိုလားကြသည်။
“ကျန်တဲ့အချိန်က တစ်ချိန်လုံး စနေမရှိ၊ တနင်္ဂနွေမရှိ သွားနေရတာလေ။ ဒီအချိန်တော့လည်း နားရမှာပေါ့” ဟု  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ Project Assistant Officer ကိုသော်ဖြိုးရွှေက ဆိုသည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ ဆက်သွယ်ရေးအရာရှိ ဦးသက်ဆွေအေးကမူ အစိုးရသည် နယ်ပြန်မည့် အလုပ်သမားများ အတွက်လည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောဆိုသည်။
ပိတ်ရက်ရှည်လျှော့ရခြင်း အကြောင်း
သင်္ကြန်ပိတ်ရက်ရှည်များခြင်းကြောင့် ဘဏ်ပိတ်ရက်များသည်။ ဝန်ကြီးဌာနများလည်း အလုပ်မလုပ်။ ထို့ကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်သည့် လုပ်ငန်းများမှာ အခက်အခဲတွေ့ရသည်။ အထူးသဖြင့် ကုန်သွယ်ရေးပိုင်းတွင် ဖြစ်သည်။ အစိုးရကလည်း ယင်းသို့သော  အကြောင်းရင်းများကြောင့် သင်္ကြန်ပိတ်ရက်ရှည်ကို လျှော့ချရခြင်း ဖြစ်ကြောင်း  ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပိတ်ရက်များခြင်းကြောင့် ရေထွက်ကုန်ကဲ့သို့ ကုန်စည်များမှာ ပြည်ပပို့ရာတွင် ဖြစ်စေ၊ တင်သွင်းရာတွင်ဖြစ်စေ အခက်တွေ့ရလေ့ ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။
သင်္ကြန်ပိတ်ရက်များအတွင်း ပြည်ပမှ ကုန်သေတ္တာတင်သင်္ဘောများ ဆိပ်ကမ်းသို့ ဆိုက်ရောက်ချိန် ဖြစ်ပါက ပစ္စည်းမထုတ်ယူနိုင်သောကြောင့် ငွေကြေးပိုကုန်ကျသည်ဟု ၎င်းက ဆိုသည်။
မြန်မာသည် နောင်အနှစ် ၂၀ တွင် စင်ကာပူကို ကျော်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီးစဉ်တွင် ပြောကြားခဲ့သောကြောင့် စင်ကာပူ၏ အများပြည်သူ ရုံးပိတ်ရက်များကို လေ့လာကြည့်မိသည်။
စင်ကာပူသည် ယခု ၂၀၁၇ ခုနှစ်တွင် စနေ၊ တနင်္ဂနွေ မဟုတ်သည့် အများပြည်သူ ရုံးပိတ်ရက်ပေါင်း ၁၁ ရက် ရှိသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အများပြည်သူ ရုံးပိတ်ရက်ပေါင်း ၁၃ ရက် ရှိသည်။
မြန်မာနိုင်ငံသည် လက်ရှိ ၂၀၁၇  ခုနှစ်တွင် အများပြည်သူ ရုံးပိတ်ရက်ပေါင်း ၂၆ ရက် ရှိသည်။
စင်ကာပူကိုကျော်မည့် မြန်မာသည် ရုံးပိတ်ရက်တွင် စင်ကာပူထက် နှစ်ဆကျော် ပိုသည်။ မြန်မာသည် ယခုကဲ့သို့ ရုံးပိတ်ရက်များပြီး အလုပ်ချိန်နည်းပါက စင်ကာပူကို ကျော်နိုင်ပါမည်လား။ ထို့ပြင်  စင်ကာပူတွင် သယ်ယူပို့ဆောင်ရေး ကောင်းသောကြောင့် လုပ်ငန်းခွင်သို့ မိနစ်သုံးဆယ်ခန့်အတွင်း ရောက်ရှိနိုင်သည်။ မြန်မာတွင်မူ ရန်ကုန်ကဲ့သို့ မြို့ကြီးများ၌ ခရီးဝေးသူများမှာ နာရီနှင့်ချီကြာ၍ လုပ်ငန်းခွင်သို့ သွားနေရသည်။ အချိန်ဆုံးရှုံးမှုသည် ယေဘုယျအားဖြင့် လုပ်အားဆုံးရှုံးမှုပင် ဖြစ်သည်။
ထိုပြင် ဝန်ကြီးဌာန လုပ်ငန်းခွင်များရှိ ဝန်ထမ်းအချို့သည် အလုပ်ချိန်အတွင်း  လုပ်ငန်းခွင်နှင့် မဆိုင်သည့် လက်ဖက်ရည်ဆိုင် ထွက်ထိုင်ခြင်း၊ ပြင်ပသို့ ဈေးဝယ်ထွက်ခြင်း၊ အလုပ်ချိန် နောက်ကျခြင်း၊ အလုပ်ချိန် စောဆင်းခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိရာ စွမ်းဆောင်ရည်ပြည့်  အလုပ်မလုပ်နိုင်ကြ။
သို့သော်လည်း ပုဂ္ဂလိကကဏ္ဍတွင်မူ လုပ်ငန်းခွင်အတွင်း အချိန်နှင့် ပတ်သက်၍ အထိန်းအကွပ်များ ရှိပါသည်။
“ကျွန်မတို့က အလုပ်ချိန်နောက်ကျလို့ မရဘူးလေ။ နောက်ကျရင် လစာဖြတ်မှာပေါ့” ဟု လှိုင်သာယာစက်မှုဇုန် (၄) ရှိ စားသောက်ကုန် ထုတ်လုပ်ငန်းတစ်ခုမှ အလုပ်သမား မချိုမြင့်က ဆိုသည်။
အလုပ်လုပ်ချိန်တိကျပြီး လုပ်ငန်းခွင်အတွင်း ကုန်ထုတ်စွမ်းအားကောင်းသည့် ဂျပန်တို့သည် ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘဝမှ ကမ္ဘာထိပ်တန်းသို့ အလုပ်လုပ်ခြင်းဖြင့် တက်လှမ်းခဲ့ခြင်းပင် မဟုတ်ပါလော။
မူဝါဒ ချောင်းကြည့်ပေါက်
ပိတ်ရက်သည် သာမန်အားဖြင့် ပိတ်ရက်သာ ဖြစ်သည်။ အများပြည်သူ အနားယူရာ နေ့စွဲများဖြစ်သည်။ သို့သော်လည်း NLD အစိုးရလက်ထက် ထုတ်ပြန်သော နားရက်များသည် ဤအဓိပ္ပာယ်ထက် ပိုသည်။
ပိတ်ရက်များ ကြေညာခြင်းမှတစ်ဆင့် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်စွန်းတစ်စကို တွေ့မြင်နိုင်သည်။
မတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အလုပ်ရှင်များ တွေ့ဆုံရာတွင် အလုပ်ရှင်များက ၎င်းတို့၏ သဘောထားကို ဖော်ထုတ်ခဲ့သည်။
“တစ်ယောက်အပေါ် တစ်ယောက်  ထင်ယောင်ထင်မှား ဖြစ်ကြရရင် မကောင်းပါဘူး။ ဒီအချိန်ဟာ ဆူလွယ်နပ်လွယ် ဖြစ်နေတဲ့ အချိန်မို့ပါ” ဟု လုပ်ငန်းရှင်လည်း ဖြစ်၊ ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌလည်း ဖြစ်သော ဦးအေးသောင်းက အစိုးရ၏ သင်္ကြန်ပိတ်ရက် ပြင်ဆင်သတ်မှတ်ခြင်းအပေါ်  မှတ်ချက်ပြုသည်။
ဦးအေးသောင်း၏ ရွှေလင်ပန်း စက်မှုဇုန်အတွင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းကပင် အလုပ်သမား ဆန္ဒပြပွဲများ  ဖြစ်ပွားခဲ့သည်။ အထည်ချုပ်စက်ရုံများ အပါအဝင် အလုပ်ရုံ သုံးရုံထက်မနည်း  ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက်ရှိပြီး အချို့မှာ ယခုတိုင် မပြေလည်သေးပေ။ ထို့အတူ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ စားသောက်ကုန်ထုတ် စက်ရုံတွင်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သေးသည်။
အရှိန်ရစ ပြုနေသော အလုပ်ရှင်၊ အလုပ်သမား ပြဿနာကို အစိုးရ၏ သင်္ကြန်ပိတ်ရက် ကိစ္စကြောင့် ပိုမိုမကြီးထွားရန် ဦးအေးသောင်းက ဆန္ဒရှိနေသည်။
ထို့ပြင် အစိုးရသည် ၂၀၁၇ ခုနှစ် ရုံးပိတ်ရက်များကို ၂၀၁၇ မတ်လရောက်မှ ကြေညာသည်မှာလည်း မဖြစ်သင့်ဟု ဝေဖန်သူများက ဆိုသည်။ ကာလတစ်ခုအကြာ ပြင်ဆင်ပြီးမှသာ ကြိုတင်ကြေညာသင့်သည်ဟု ၎င်းတို့က ဆိုကြသည်။ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အတွက် ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး ပြည်သူ့အသံ နားထောင်၍  ပြုလုပ်သင့်သည်ဟု ၎င်းတို့က ဆိုကြသည်။
ပြည်ထောင်စုအစိုးရ၏ သင်္ကြန်ပိတ်ရက်ကို ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရုတ်ချည်းကြေညာမှုကြောင့် ရိုက်နှိပ်ပြီး ၂၀၁၇ ခုနှစ် ပြက္ခဒိန်များသည်ပင် အမှားများ ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
ပြည်ထောင်စုအစိုးရသည် မူဝါဒဆိုင်ရာ ပြဿနာများတွင် ယခုကဲ့သို့ အလျင်စလို လုပ်လေ့ရှိသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဆိုသည်။ ပြည်ထောင်စုအစိုးရ သာမက တိုင်းဒေသကြီးအစိုးရ အဆင့်တွင်လည်း မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ရေကြီးသုတ်ပြာနိုင်လှသည်ကို YBS နှင့် သင်္ကြန်မဏ္ဍပ်ကဲ့သို့ ကိစ္စများတွင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။
အစိုးရ၏ ပိတ်ရက်ရှည် မူဝါဒ အပြောင်းအလဲအတွက် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ ဆက်သွယ်ရေး အရာရှိ ဦးသက်ဆွေအေးက သင်္ကြန်ပိတ်ရက်တစ်ဖြစ်လဲ မူဝါဒ ချောင်းကြည့်ပေါက်မှ တစ်ဆင့် ယခုကဲ့သို့ မေးခွန်းထုတ်လိုက်လေသည်။
“အဲလို (ပိတ်ရက်ရှည်) ပိတ်လို့ နိုင်ငံနစ်နာရင် ဘာနစ်နာလဲ။ Survey (စစ်တမ်း) လုပ်ထားတာရှိလဲ။ ဘာမှအတိအကျ မရှိဘူး”
ရဲနိုင်ဦး    
The Voice

Labels: